Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မန်ဘာများအားလုံးကိုဖိတ်ခေါ်ခြင်း(ကဗျာချစ်သူတိုင်းအတွက်..ကဗျာပြိုင်ပွဲ)

$
0
0

ကဗျာချစ်သူများအတွက်ပြိုင်ပွဲ

သူငယ်ချင်းတို့ရေ

မင်္ဂလာပါရှင်


သူငယ်ချင်းများအတွက်  Admin Group မှကဗျာချစ်သူများအတွက်ပြိုင်ပွဲလေး

စီစဉ်ထားပါတယ်ရှင်

နှစ်သက်ရာကဗျာများနဲ့ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်

ဘ၀ကဗျာရေးတာအားသန်သူကဘ၀ကဗျာ

အချစ်ကဗျာအားသန်သူကအချစ်ကဗျာ

ရသစုံလင်စွာနဲ့သူငယ်ချင်းတို့ရင်ထဲကသံစဉ်အစစ်လေးတွေနဲ့ပါဝင်ရေးသားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်

ချစ်သူမြိုတော်လေးမှာစာပေကလောင်အစွမ်းထက်လှတဲ့ ဘလော့ဂါတွေပေါများလှပါတယ်

ဘယ်သူကဘယ်လိုပုံစံလေးရေးဖွဲ့ပြီးဘယ်သူကဘယ်လိုပုံစံလေးနဲ့တင်ဆက်ကြမလည်းဆိုတာ

ရင်ခုန်ကြည်နူးစွာစောင့်စားမျှော်လင့်နေပါမယ်ရှင်

ပြိုင်ပွဲလေးရဲ့ရည်ရွယ်ချက်ကတော့ မန်ဘာအပေါင်းဝင်ရောက်ပါဝင်ရေးသားပြီး ပျော်ရွှင်စေဖို့ဖြစ်ပါတယ်



ပြိုင်ပွဲအစီအစဉ်ကတော့
ပြိုင်ပွဲဝင်မယ့်သူငယ်ချင်းတွေက မိမိတို့ရေးသားထားတဲ့

ကဗျာတင်မယ်နေရာ ကဗျာကဏ္ဍ(၂)ကဗျာတင်ရန်နေရာ

ကဗျာခေါင်းစဉ်ဘေးမှာ(ကဗျာပြိုင်ပွဲအတွက်)ရေးသားပေးစေလိုပါတယ်။

ဒါမှကဗျာပြိုင်ပွဲအတွက်ဆိုတာသိသာစေမှာပါ။
ကဗျာများကိုတင်ပေးရမယ့်ရက်က( 06.03.2012) ကနေ (16.03.2012 )ထိဖြစ်ပါတယ်
ပြိုင်ပွဲဝင်ကဗျာများကို မန်ဘာများနှင့် အက်မင်တို့၏ မဲပေးစနစ်နဲ့ ရွေးချယ်ပါမယ်
ပြိုင်ပွဲဝင်တွေတင်ပို့တဲ့အရေးအသားတွေဟာ ကိုယ်တိုင်ရေးထားတဲ့အရေးအသားတွေ ဖြစ်ရပါမယ်
ညစ်ညမ်းတဲ့အရေးအသားပါတဲ့ စာမျိုးကို အက်မင်အဖွဲ့မှ လုံးဝ(လုံးဝ) ထည့်သွင်းစဉ်းစားပေးမှာ မဟုတ်ပါဘူး
ဒီပြိုင်ပွဲမှာ အက်မင်များ ပါဝင်ခွင့်မရှိပါရှင်။


ပြိုင်ပွဲဝင်တွေရဲ့ ကဗျာများကို စီစစ်ပြီး အက်မင်များက ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်
ပထမဆု ။ ဒုတိယဆု ။ တတိယဆု ဆိုပြီး သုံးဆုပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်

အားလုံးပျော်ရွှင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုရင်း


.
အက်မင်အဖွဲ့ရဲ့ကိုယ်စား

အားလုံးကိုခင်မင်လေးစားလျှက်

ရှင်းသန့်မေ

ရသစုံလင်တဲ့ကဗျာများရေးသားထုဆစ်နိုင်ပါစေရှင်။

နောက်ထပ်...နောက်ထပ်ပြိုင်ပွဲလေးများလည်းမန်ဘာများပျော်ရွှင်စေရန်စီစဉ်ထားပါတယ်ရှင်။

ချစ်သူမြို့တော်လေးမှာ...သူငယ်ချင်းအားလုံးပျော်ရွှင်ကြပါစေရှင်။


Viewing all articles
Browse latest Browse all 9878

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>