Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

★ ကဗျာရှင် သစ်ခွဖြူ ရဲ့ မောင်လေးဖတ်ဖို့အလွမးများ ကဗျာ Show ♪♫

$
0
0

ကဗျာရှင် သစ်ခွဖြူ ရဲ့ မောင်လေးဖတ်ဖို့အလွမ်းများ ကဗျာ Show ♪♫

 

♪♫♣♥♣ မမေ့ရက်တဲ့ကဗျာ ♣♥♣♪♫


မောင်...
ထားခဲ့ရက်တဲ့အခါ
နေခဲ့ရမှာပါ
ရင်ထဲကအလွမ်းကို
မောင် မသိဘူး...

မောင်...
မုန်းခဲ့ရက်တဲ့အခါ
လွမ်းခဲ့ရမှာပါ
ခံစားရတဲ့အချစ်ကို
မောင် မစာနာဘူး...

မောင်...
မေ့ခဲ့ရက်တဲ့အခါ
သတိရခွင့်မရှိ့သူပါ
အရင်တုန်းကဇာတ်လမ်းက
မ အတွက်တော့
မမေ့ရက်တဲ့ ကဗျာ...

♪♫♣♥♣ ရင်မှဝေးရာသို့ ♣♥♣♪♫


နှလုံးသားနှစ်ခု
စီးချင်းထိုးတဲ့အချိန်က
အနိုင်ယူလိုသူအတွက်
အရှုံးကိုသာငါကျေနပ်ခဲံပါတယ်

နင်ငါ့ကိုပြုံးပြပြီး
အသုံးချခဲ့တဲံအချိန်က
နင်စေညွှန်ရာတွေအတွက်
ငါတာဝန်ကျေတတ်ခဲ့ပါတယ်

အသုံးအနှုန်းတွေပြောင်းပြီး
မမုန်းဖို့ကတိပြုခဲ့ချိန်က
မောင် ပြောတဲ့စကားတိုင်းအတွက်
မ သေချာနားလည်ပေးတတ်ခဲ့ပါတယ်

မောင်ရယ်
အရာရာကိုနားလည်ပေးတဲံအတွက်
မင်းပေးတဲ့ဆုလာဘ်က
ရင်မှဝေးရာသို့
ပြတ်သားစွာထွက်ခွါသွားခြင်းတဲ့လား
မှတ်ထားပါ့မယ်
နောင်မှားတာတွေရှိ့ခဲ့ရင်ပြင်နိုင်ဖို့အတွက်ပေါ့

♪♫♣♥♣တောင်ပံတစ်စုံ အပြာရောင်ကြိုးတစ်စနှင့်♣♥♣♪♫


မောင်လေးရေ...
ငါသာအတောင်ပံတစ်စုံကိုပိုင်ဆိုင်တဲ့
ငှက်တစ်ကောင်ဆိုရင်
ငါဦးတည်ပျံသန်းချင်တဲ့သိုက်မြုံဟာ
နင့်ရဲ့နှလုံးသားရပ်ဝန်းပါ
ငါဟာငှက်တစ်ကော်ငဖြစ်ခွင်ရခဲံပါတယ်
ဒါပေမယ့်...
ငါ့ရဲ့အတောင်ပံတစ်စုံဟာ
ကောင်းကင်အနားသတ်မှာခိုနားဖို့အိမ်မက်နေခဲ့တယ်
အဲံဒီအိမ်မက်ထဲမှာပေါ့
ငါ့ရဲ့အတောင်ပံတွေကို
အပြာရော်ကြိုးတစ်စနဲ့ချည်နှောင်လို့
ဘယ်ကိုမှပျံသန်းလို့မရအောင်
ဒဏ်ခတ်လိုက်ကြတယ်
အဲ့ဒါနင့်ရဲ့နှလုံးသားမှာခိုနားဖို့ကြိုးစားတဲ့အတွက်
ထိုက်တန်တဲ့အပြစ်ဒဏ်တဲ့
ငါဟာမပျံသန်းနိုင်ခဲ့ပါဘူးမောင်ရယ်...။

♪♫♣♥♣ ချစ်သူကပေးတဲ့တစ်စုံတစ်ရာ ♣♥♣♪♫


မက်မောစရာမရှိ့ပေမယ့်
ငါသိပ်ကိုတပ်မက်မိပါတယ်
အပြုံးလေးတစ်ခုလောက်ပါပဲ
ငါ့အတွက်တောင်းဆိုတာ
ချစ်သူကပေးတဲ့တစ်စုံတစ်ရာ

နင့်အတွက်အမှတ်တမဲ့ပေမယ့်
ငါသိပ်ကိုမြတ်နိုးမိတယ်
အကြည့်လေးတစ်ချက်လောက်ပါပဲ
ငါ့အတွက်ရည်ရွယ်ရာ
ချစ်သူကပေးတဲ့တစ်စုံတစ်ရာ

ကြေကွဲစရာဆိုပေမယ့်
ငါသိပ်ကိုအလေးထားပါတယ်
မုန်းတယ် ဆိုတာစကားလေးတစ်ခွန်းစာလောက်ပါပဲ
ငါ့နှလုံးသားကိုချိန်ရွယ်ပစ်ခွင်းရာ
ချစ်သူကပေးတဲ့တစ်စုံတစ်ရာ...။

♪♫♣♥♣ ရူးသွပ်ခြင်း ♣♥♣♪♫


မောင်လေးရေ...
အချစ်ဆိုတာကိုရစ်မူးလို့
ငါဘယ်လောက်ရူးသွပ်ခဲ့လဲဆိုရင်
နင့်ရဲ့ချစ်တယ်ဆိုတာနဲ့တင်ကျေနပ်
ချစ်သူရဲ့ရင်ဘတ်မှာတောင်ပါးမအပ်ဖူးခဲ့ပါဘူး
လေလှိုင်းထဲကအသံတစ်ခါတစ်ရံကြားရုံနဲ့
နှလုံးသားကိုပုံအပ်လို့
ချစ်သူရဲ့လက်ဖ၀ါးနူးညံလို့နေမလား
စိတ်ကူးထဲမှာသာရူးခဲ့ဖူးတယ်
Online မှာတွေ့ စဉ်
မမေ့ချင်တဲ့အကြောင်းတွေပြောရင်း
ချစ်သူရဲ့ပုခုံးတစ်ဖက်
ဘယ်သူကခိုးဝှက်ထားလဲမသိဘူးလေ
ရှားပါစွာတွေ့ ခွင့်ရချိန်မှာလဲ
လေပြေကနေတစ်ဆင်ခိုးယူနမ်းရှိုက်ခွင့်ရတဲ့
ချစ်သူရဲ့ကိုယ်သင်းနံချိုချိုကိုတွယ်တာရင်း
ချစ်သူရဲ့ပါးပြင်ကိုအပြစ်မမြင်သလို
ခပ်ဖွဖွလေးပွတ်သပ်ကြည့်ဖို့လောက်သာ
စိတ်ကူးယာဉ်တတ်ခဲ့လို့
အခုတော့...
ငါ့ရဲ့ချစ်သူနင်က
နင်ရဲ့ချစ်သူ(ငါမဟုတ်တဲ့)ရဲ့ပါးပြင်မှာ
လရိပ်ကိုကဗျာဖွဲ့ လို့
ခိုးနားနေလေရဲ့
ငါအမြတ်တနိုးချစ်ခဲံတာကြောင့်
ဒါကိုမသိနိုင်လောက်အောင်ကိုရူးသွပ်မိပါတယ်
မောင်လေးရယ်...
အလည်လွန်နေတယ်ဆိုရင်တောင်
မင်းမမှားပါဘူး
စိတ်ကူးနြံသာချစ်တတ်တဲ့ငါ့မှာသာအပြစ်ရှိ့တယ်
နင့်ရဲ့ချစ်တယ်ဆိုတဲ့စကားကိုငါယုံစားခဲံတာပဲလေ...။

♪♫♣♥♣ ဖြေသိမ့်ရာ ♣♥♣♪♫


မောင်...
ရှင်သန်ရာအသက်ရှင်ခြင်းအတွက်
ဝေဒနာလေညင်းတွေနြံအတူ
ဘယ်ရင်ခွင်မှာရှိ့နေမှန်းမသိတဲ့ သူကို
မှန်းဆပြီးလွမ်းနေရတယ်
တမ်းတခြင်းတွေမကုန်ဆုံးနိုင်ပါဘူး
ဝေးလွန်းတဲ့ခရီးမှာ
ငါ့ကိုလက်တွဲဖြူတ်ပြီးမှ
နင်လိုရာခရီးရောက်မယ်ဆိုရင်
ငါ့နှလုံးသားကိုလမ်းခင်းပေးလိုက်မယ်
နင်ရဲ့ခရီးဖော်ကငါမဟုတ်ပေမယ့်
ငါမရှုပ်ပါဘူးမောင်ရယ်
နင် နင်းဖြတ်သွားတဲု့အခါ
ငါ့နှလုံးသားပေါ်မှာ
ထင်ကျန်ခဲ့တဲ့ခြေရာသည်သာငါ့အတွက်
ဖြေသိမ့်ရာပါ
ဒါကိုနင်နားလည်ရဲ့လား...။

♪♫♣♥♣ မလွမ်းလောက်ပါဘူး ♣♥♣♪♫


ပြုံးတတ်တဲ့ မျက်လုံးတစ်စုံကြောင့်

ငါဘယ်လောက်ကြေကွဲနေပါစေ

ဘယ်သူမှသိမှာမဟုတ်ဘူး...

မမုန်းတတ်တဲ့နှလုံးသားတစ်ခုကြောင့်

ငါဘယ်လောက် ခံစားနေရပါစေ

ဘယ်သူမှသနားမှာမဟုတ်ဘူး...

မသုံးမကျတဲ့အချစ် အတွက်ကြောင့်

ငါဘယ်လောက် နာကျင်နေပါစေ

ဘယ်သူမှသနားမှာမဟုတ်ဘူး...

ရပါတယ်

နင်နေသာသလိုနေလိုက်ပါ

ငါနင့်ကိုမေ့မရဘူးဆိုရင်တောင် တရားနဲ့ဖြေမယ်

သဘောတရားဆိုတာတွေ

နင်နားလည်လာတဲ့အခါ ငါကိုပြန်မလွမ်းနဲ့ပေါ့

နင်အဆင်ပြေနေတဲ့ အခါ

ငါကလွမ်းလောက်စရာမှမဟုတ်တာ

အခြေအနေမပေးလို့များ

နင်နဲ့မျက်နှာချင်းဆိုင်ဆုံမိကြရင်

ငါဘက်ကခေါင်းငုံသွားဖို့အကြောင်းမရှိ့တာမို့

နင်ငါ့ကိုမမြင်ချင်တဲ့အခါ

ငါ့ရှေ့ကခေါင်းငုံပြီး နင်လျှောက်သွားလိုက်ပါ

ဒါဟာ နင်အတွက်သင်ခန်းစာဆိုတာ နင်သိလာစေရမယ်.....။

♪♫♣♥♣ ချစ်ကြိုးကျိန်စာ ♣♥♣♪♫


တစ်ခဏတာ ပေါ့ပြက်ပြက်ပြောခဲ့တဲ့

နင့်ရဲ့စကားတစ်ခွန်းကြောင့်

ငါ့ဘ၀မှာကျိန်စာသင့်သလို့

မှောင်အတိကျခဲ့ရတယ်

အမုန်းကြီးမုန်းခဲ့ပြီးမှ

ချစ်ကြိုးကျိန်စာသင့်ခဲ့လို့

မိုးကြိုးသင့်ရဲတိုက်ကြီးထဲမှာ

သေရာပါဒဏ်ရာတွေနဲ့

ရင်နာစွာနေသားကျနေမှ

တစ်ဖန်ပြန်လာ နိုးထစေပြီး

ခါးသီးတဲံသောကကို

နင်ယူဆောင်လာခဲ့တယ်

ဝေဒနာအပူမီးကို နင်တစ်ဖန်နိုးထစေခဲ့တာပေါ့.....။

ပုစဉ်းရင်ကွဲတစ်ကောင်ရဲ့တမ်းခြင်း

ခြောက်ချားဖွယ်ရာ စူးရှရှသံစဉ်နဲ

့ ခံစားရသမျှ အန်ချနေတဲ့

ပုစဉ်းရင်ကွဲတစ်ကောင်ရဲ့ ညပါ

အေးစက်ပြီးမှောင်မိုက်တယ်

မြက်ပင်ကိုင်းဖျားမှာယီးလေးခိုပြီး

လေယူရာယိမ်းလို့

ရင်ထဲကလာတဲ့အသံ

နားဝင်မချိုဘူးဆိုရင်တောင်

ဒါဟာ...

နှလုံးသားကိုအစိမ်းခွဲခံရတဲ့

ပုစဉ်းရင်ကွဲတစ်ကောင်ရဲ့ တမ်းခြင်းပါပဲ

ဖြစ်သလိုနားလည်ပေးရမှာပေါ့

နှလုးသားမရှိ့တဲ့ သတ္တ၀ါတစ်ကောင်အတွက်

သံစဉ်တွေကိုကာရံညှိဖို့

ရင်ခုန်သံတွေမှမရှိ့တာ

ဒါပေမယ့် သူပြောပြချင်နေတဲ့ အကြောင်းက

ခံစားတတ်မယ်ဆိုရင်

ကွဲအက်တဲ့အသံ နဲ့တင်ပြည့်စုံတယ်

ငါ့နှလုံးသားကိုပြန်ပေးပါတဲ့.....။

♪♫♣♥♣ A JOURNEY TO THE DEATH ♣♥♣♪♫


မောင်လေးရေ

နင်နဲ့နီးဖို့ခြေတစ်လှမ်းတိုးလိုက်တိုင်း

ဆူးထက်ထက်တွေက ခြေဖ၀ါးကိုထိုးခွဲတယ်...

နင့်ကိုမြင်ရဖို့

ခေါင်းမော့ကြည့်လိုက်တိုင်း

သဲပူမုန်တိုင်းက မျက်ရည်ကျအောင်ရိုက်ခတ်တယ်...

နင့်ကိုစကားတစ်ခွန်းပြောဖို့

ပါးစပ်ဟလိုက်တိုင်း

ကွဲအက်နေတဲ့နှုတ်ခမ်းသားတွေက စကားသံတွေကိုယူဆောင်မလာဘူး...

နင့်ကိုချစ်ခွင့်ရဖို့

မျှော်လင့်မိတိုင်း

ငါဟာဘယ်လောက်ခက်ခဲပါစေ

သွေးစက်လက်ခြေဖ၀ါးတွေကို အတင်ရှေ့ဆက်ခရီးနှင်လို့

နာကျင်ရမှန်းမသိအောင်ပါပဲ...

နင့်ဆီကိုလဲရောက်ရော

ငါ့ရဲ့မျှော်လင့်ချက်ကိုပြန်ကြည့်မိတဲ့အခါ

ခရီးလမ်းရဲ့ရိုက်ခတ်မှူ့ကြောင့်

အသိစိတ်ဓါတ်တောင်မရှိ့ချင်တော့ဘူးတဲ့...

နင့်ဆီလာရတဲံခရီးဟာ

ငါ့အတွက်တော့

"A JOURNEY TO THE DEATH"

သေမင်းငင်ခရီးကြမ်းပါပဲ

အဆုံးမရှိ့တဲ့ကျိန်စာလိုပေါ့.....။

♪♫♣♥♣ ငါ့အတွက်မဟုတ်ခဲ့သော ♣♥♣♪♫


ပန်းတစ်ပွင့်

ငါပျိုးခဲ့တယ်

ငါခူးဆွတ်ဖို့မဟုတ်ခဲ့ဘူး

လမ်းတစ်ခု

ငါဖောက်ခဲ့တယ်

ငါလျှောက်ဖို့တော့မဟုတ်ခဲ့ဘူး

ကဗျာတစ်ပုဒ်

ငါစပ်ခဲ့တယ်

ငါခံစားဖို့တော့မဟုတ်ခဲ့ဘူး

မျှော်လင့်ချက်တစ်ခု

ငါအစပြုခဲ့တယ်

ငါအဆုံးသတ်ဖို့တော့မဟုတ်ခဲ့ဘူး

ကောင်လေးတစ်ယောက်

ငါချစ်ခဲ့တယ်

ငါ့လက်တွဲဖော်တော့ မဟုတ်ခဲ့ဘူး...။

♪♫♣♥♣ ကောင်းကင်အဓိပါယ်ဖွင့်ဆိုချက် ♣♥♣♪♫


တစ်ခါတစ်ရံမှာပေါ့...

ခဲသားရောင်တိမ်လိပ်တို့အစုဖွဲ့ဖြစ်တည်ရာ

လျှပ်ပန်းတို့ယှက်သန်းရာ

မိုးစက်တို့ရဲ့ရင်ခွင်ဟာနင်ပါ

တစ်ခါတစ်ရံမှာပေါ့...

တိမ်ဖြူတို့ကင်းစင်သလို

ပူပြင်းတဲ့အရှိန်အ၀ါနဲ့

တောက်ပလက်ဖြာ

နေခြည်တို့ဖြန်းပက်ရာအရပ်ဟာနင်ပါ

တစ်ခါတစ်ရံမှာပေါ့...

တိမ်ဂွမ်းဖြူအဆုပ်အဆုပ်က

ဟိုတစ်အုပ်ဒီတစ်အုပ်နဲ့

အပြာရောင်နောက်ခံမှာ

အရောင်စိုပန်းချီကားလို

သဘာဝရဲ့အလှအပတို့စုစည်းရာ

မော်ဒန်ပန်းချီတစ်ချပ်ဟာနင်ပါ

တစ်ခါတစ်ရံမှာပေါ့...

အနက်ဖွင့်ဆိုဖိုရာခက်ခဲအောင်

မာယာတွေထောင်သောင်းနဲ့

ရင်မောစေတဲ့ကောင်းကင်တစ်ခုဟာနင်ပါ...။

♪♫♣♥♣ အဲ့ဒီကောင်လေးက ကဝေ ♣♥♣♪♫


အချိန်တစ်ခုထဲက...ည

ညထဲကကောင်းကင်

ကောင်းကင်ရင်ခွင်ခဲကကြယ်တစ်ပွင့်

ကြယ်အရိပ်ကိုခိုးယူတဲ့ ကဝေ

ကဝေပြုစားခံလိုက်ရတဲ့ကောင်မလေး

အဲ့ဒီကောင်မလေးကချစ်တဲံကောင်လေး

အဲ့ဒီကောင်လေးက ကဝေ

မှားယွင်းမှု့တွေထဲကအမှန်တရား

အမှန်တရားကြောင့်ဖြစ်လာတဲ့ဒဏ်ရာ

ဒဏ်ရာရခဲ့တာကနှလုံးသား

နှလုံးသားကိုနာကျင်စေတဲံ ကဝေ

ကဝေကိုမကြောက်တတ်တဲ့ကောင်မလေး

အဲံဒီကောင်မလေးကလွမ်းတတ်တဲ့ကောင်လေး

အဲံဒီကောင်လေးက ကဝေ

မှောင်မိုက်ခြင်းနဲံလဲလှယ်ခဲ့တဲ့အလင်း

အလင်းတစ်စကိုတပ်မက်တဲံအိမ်မက်

အိမ်မက်ကိုခြောက်ခြားစေတဲ့အ၇ိပ်

အရိပ်ကိုမေ့မရတဲ့ကောင်မလေး

နောက်ဆုံးတော့ အဲ့ဒီကောင်မလေးရဲ့ကောင်းကင်မှာ

သူမရဲ့ကြယ်ပြာလေးကသာ

နှလုံးသားမဲ့စွာမွန်းကြပ်လှောင်ပိတ်လို့

ကဝေ တစ်ကောင်ကိုတမ်းတနေမိတုန်းတဲံ...။

♪♫♣♥♣ ချစ်သူရွေးတဲ့လမ်း ♣♥♣♪♫


လက်တစ်ကမ်းမှာ

လက်ကမ်းစရာဘာမှမရှိ့ဘူး

ငါချောက်နှုတ်ခမ်းမှာရပ်နေခဲ့တာပါ

ငါလျှောက်ခဲ့တာချစ်သူရွေးတဲ့လမ်း

နောက်တစ်လှမ်းမှာ

လျှောက်လှမ်းစရာမြေမရှိ့ဘူး

ငါချောက်နှုတ်ခမ်းမှာရပ်နေခဲ့တာပါ

ငါလျှောက်ခဲ့တာချစ်သူရွေးတဲံလမ်း

လမ်းတစ်ဝက်မှာ

လှမ်းတက်စရာလာမှမရှိ့ဘူး

ငါချောက်နှုတ်ခမ်းမှာရပ်နေခဲ့တာပါ

ငါလျှောက်ခဲံတာချစ်သူရွေးတဲံလမ်း

ရှေ့တို့းလို့မရလဲနောက်မဆုတ်ဘူး

အရဲစွန့်ခုန်ချမယ်

ချစ်သူရယ်နင်သွားစေချင်မှတော့

ဘယ်လိုလမ်းမျိုးဖြစ်ပါစေ

ငါရောက်အောင်သွားမယ်

ဘာတွေပဲဖြစ်လာပါစေ

ငါမကြောက်ပါဘူး

ငါလျှောက်နေတာချစ်သူရွေးတဲ့လမ်း...။

♪♫♣♥♣ ချစ်သူဖတ်ဖို့အိမ်မက်များ ♣♥♣♪♫


မောင်လေးရေ...
ခက်ခဲကြမ်းတမ်းတဲ့
လောကဓံလမ်းမှာ
နင်တစ်ခြားတစ်ယောက်နဲ့လျှောက်လှမ်းဖို့
သတ္တါတွေအပြည့်နဲံ
ငါ့လက်ကိုဖြုတ်ချခဲ့တာလား.....

မောင်လေးရေ...
အဲံဒီညကပေါ့
နက်ရှိုင်းတဲ့အမှောင်ထုထဲမှာ
ငါ့ရဲ့ကြည်နုးခြင်းကြယ်ပွင့်လေးက
နင်ဖြုတ်ချလိုက်တဲံလက်တစ်စုံနဲ့အတူ
ကြွေလွင့်ခဲ့ရတယ်.....

မောင်လေးရေ...
ငါတည်ဆောက်ခဲံတဲ့ကမ္ဘာ
ကြယ်ကြွေညငါ့ရဲ့အိမ်မက်ထဲမှာပေါ့
နင်နဲ့အတူရှိ့ခဲ့ဖူးတဲ့အချိန်တွေ
တစ်ခါပြန်ရရှိ့ခဲံတယ်
ဒါဟာငါ့နှလုံးသားကိုအသေသတ်ဖို့
နင်ခင်းပေးခဲ့တဲ့လမ်းပဲလေ

မောင်လေးရေ...
ငါ့အိမ်မက်ရဲ့အခန်းဆက်တစ်နေရာမှာပေါ့
ယုံကြည်မှူ့တွေနဲ့စိုက်ပိုးခဲံတဲ့
ငါ့ရဲ့မျှော်လင့်ချက်သစ်ပင်မှာ
အလွမ်းတွေသီးပွင့်နေခဲ့တယ်
ဒါဟာငါ့အတွက်နင်ပေးခဲ့တဲံဆုလာဘ်တစ်ခုပဲလေ

မောင်လေးရေ...
နင်မရှိ့တော့တဲ့အခါငါ့ရဲ့ကမ္ဘာမှာပေါ့
မှောင်မိုက်ဖြင်းတွေနဲ့ရှင်သန်ပြီး
အိမ်မက်တစ်ခုကတစ်ခုကူးပြောင်းဖို့
နှလုံးသားကိုတံတားခင်း
အသက်မဲံတဲ့နေ့ရက်တွေကိုရင်းပြီး
ညတွေမှာသာပျော်နေတတ်ခဲံတယ်
ငါမျှော်လင့်မိတာကနင်နဲ့ဆုံနိုင်မယ့်
ကြည်နူးဖွယ်အိမ်မက်တစ်ခုကိုပေါ့.....။

♪♫♣♥♣ ချစ်သူလက်ဖ၀ါးမှာပါးအပ်ခွင်မရှိ့တဲ့ကောင်မလေး ♣♥♣♪♫


မောင်လေးရေ...
အလွမ်းတွေခါးသက်နေတဲ့
အစိမ်းရောင်နေ့စွဲတစ်ချို့မှာပေါ့
နင်ဖောက်ခဲ့တဲ့နာကြင်ခြင်းလမ်းမပေါ်မှာ
ငါဆက်လျှောက်နေခဲ့တယ်
ပူပြင်းလွန်းပေမယ့်
ခြေဖ၀ါးချည်းသက်သက်ငါခြေစုံရပ်နေခဲ့တယ်
ဝမ်းနည်းမှူ့တွေကိုဖြေဖျောက်ဖို့
ဒီလိုပူလောင်တာလောက်ကတော
့ငါ့အတွက်မထူးတော့ဘူးလေ
အရင်တုန်းကတော့နူးညံကြင်နာ
နင်လက်တွေကမ်းခဲ့ဖူးတာပဲ
နင့်လက်ဖ၀ါးမှာပါးအပ်လို့
ဘ၀ရဲ့မောပန်းခြင်းကဗျာ
ငါသာယာစွာရွတ်ဆိုဖူးတယ်လေ
အဲံလိုအချိန်တွေမှာတော့
လောကဓံဟာငါအလွယ်တကူဖြတ်ကျော်နိုင်တဲ့
အရာတစ်ခုပဲဖြစ်ခဲ့တယ်
နင်ပေးတဲ့စွမ်းအားတွေနဲံပေါ့
အခုတော့မောင်လေးရယ်
နင်ကမ်းပေးခဲ့တဲံလက်ကို
ငါဘက်ကအားကိုတကြီးဖက်တွယ်မိကာမှ
နင်ပြန်ပြီးဖြုတ်ချ
ငါ့ဘ၀ကိုနင်အမှောင်ချခဲ့တယ်
ကောင်လေးရယ်
ငါဟာချစ်သူ့ လက်ဖ၀ါးမှာ
ပါးအပ်ခွင့်မရှိ့တဲ့ကောင်မလေးတစ်ယောက်လို
တစ္ခ်ိန္ကနူးညံ့တျံလက္တစ္စံုကို
တမ်းတရင်အမှောင်ထဲမှာ
နေသားကျနေခဲံပြီလေ.....။

♪♫♣♥♣ လမင်းမျှော်စင် ♣♥♣♪♫


ညဆိုတာအမြဲတမ်းအမှောင်တွေနဲ့
မနေသလို
လဆိုတာလဲအမြဲတမ်းအလင်းမပေးနိုင်ဘူး
တစ်ခဏတာပဲဖြစ်ဖြစ်
နင်ငါ့ဘ၀မှာရှိ့ခဲ့တယ်ဆိုရင်
နင်ဟာငါ့ရဲ့လမင်းပေါ့
တစ်လမှာတစ်ခါသာပြည့်တဲ့လမင်းကိုမျှော်ကြည့်ဖို့
ငါမျှော်စင်တစ်ခုတည်ဆောက်ထားတယ်
ငါ့ရဲ့နှလုံးသားထဲမှာလေ
နင်မရှိ့တဲ့ငါ့ရဲ့ညတွေမှာ
နောက်တစ်ကြိမ်ပြန်ရောက်လာဖို့
မျှော်လင့်ချက်နဲ့ ငါတည်ဆောက်တဲ့
လမင်းမျှော်စင်ပေါ်ကနေ
ငါ့အတွက်မဟုတ်တော့တဲ့လရောင်ကို
လွမ်းဆွတ်နေခဲ့တယ်
ဒါကိုနင်သိရဲ့လား လမင်းလေးရယ်...။

♪♫♣♥♣ ပြက်ရယ်မပြုကြေး ♣♥♣♪♫


မောင်လေးရေ...
ငါနင့်ကိုအရမ်းချစ်တယ်
ဒါကိုနင်လဲသိတယ်
ငါ့အချစ်ကိုနင်တန်ဖိုးမထားရင်တောင်
ပြက်ရယ်မပြုကြေး.....။
မောင်လေးရေ...
နင့်ငါ့ကိုရက်စက်တယ်
ငါ့ကိုမုန်းခဲ့တယ်
ငါ့အလွမ်းကိုနင်ဂရုမစိုက်ရင်တောင်
ပြက်ရယ်မပြူကြေး.....။
မောင်လေးရေ...
ငါမဟုတ်တဲ့နောက်တစ်ယောက်ကို
နင်ချစ်တယ် ဒါကိုငါလဲသိတယ်
ဒါတောင်နင့်ကိုငါချစ်တုန်းပဲဆိုတာ
နင်လက်မခံရင်တောင်
ပြက်ရယ်မပြုကြေး.....။

♪♫♣♥♣ လွမ်းလို့သေသွားတဲ့သစ်ပင် ♣♥♣♪♫


နင့်အပေါ်ထားတဲံ
ငါ့ရဲ့မျှော်လင့်ချက်တွေနဲ့
ချစ်ခြင်းတွေအတိပြီးတဲံ
သစ်ပင်တစ်ပင်ကို ငါစိုက်ပျိုးခဲ့တယ်

အဲံဒီအပင်ကသီးပွင့်လာမယ့်
အချစ်သစ်သီးတွေကို
အတူတူစားသုံးဖို့ငါယုံကြည်မိတဲ့
နင့်ရဲ့ကတိတွေနဲ့ငါရေလောင်းပေါင်းသင်ပေးခဲ့တယ်

ဒါပေမယ့် ငါမျှောင်လင့်တဲ့အနာဂတ်တစ်ခုက
ငါဆုတ်ကိုင်ထားတဲ့နင်ရဲ့လက်တစ်စုံကြားမှာ
ကြေမွလို့ နင်ငါ့ကိုလက်တွဲဖြုတ်ခဲ့တယ်

ဒီလိုနဲ့မျှော်လင့်ချက်မဲ့စွာခြောက်သွေ့ လာတဲ့
အချစ်သစ်ပင်လေးအတွက်
ငါ့ရဲ့နှလုံးသွေးကိုလောင်းပြီး
ရှင်သန်စေဖို့ကြိုးပမ်းခဲ့ပေမယ့်
မရှင်သန်နိုင်ခဲ့ဘူး
လွမ်းလို့သေသွားတဲ့သစ်ပင်ပေါ့.....။

♪♫♣♥♣ အပြာရောင်မှတ်ညဏ်အပိုင်းအစများ ♣♥♣♪♫


ငြိမ်းချမ်းသောချစ်ခြင်းတွေနဲ့
အပြစ်ကင်းစွာချစ်ခဲ့ပါတယ်
့်ရယူပိုင်ဆိုင်လိုခြင်းကင်းစွာနဲ့ပေါ့

်ခမ်းနားခြင်းတွေမပါပေမယ့်
ရိုးသားစွာဖြည့်ဆည်းပေးခဲ့ပါတယ်
ငါတတ်နိုင်စွမ်းသမျှသောအရာရာကိုပေါ့
အပေါ်ယံဟန်ဆောင်ခြင်းကင်းစွာနဲ့
နွေးထွေးစွာဖေးမခဲ့ပါတယ်
နင်ခက်ခဲတဲံအချိန်တိုင်းမှာပေါ့

ငါ့ကိုမချစ်ချင်လို့ အပြစ်မြင်တဲံနင့်ကိုလဲ
အပြုံမပျက် အရှုံးနဲ့သာပေးဆပ်ခဲ့ပါတယ်
နားလည်မှူ့တွေကြီးမားစွာနဲ့ပေါ့

နောက်ဆုံး နင်က
လမ်းခွဲကြရအောင်ဆိုတော့လဲ
ဝမ်းနည်းခြင်းတွေကို ကွယ်ဖျောက်
နင်မမြင်လောက်တဲ့နေရာမှာနေပေးခဲ့ပါတယ်
နင့်အပေါ်မြတ်နိုးခြင်းကြီးမားစွာနဲံပေါ့

ဘယ်လောက်ပဲနာကြင်ရပါစေ
နင်နဲ့ပါတ်သတ်သမျှသော အရာရာကို
အမြဲတမ်းသတိရနေတတ်ခဲ့ပါတယ်
အပြာရောင်မှတ်ညဏ်အပိုင်းအစများအနေနဲ့ပေါ့.....။

ကြိုးစားပါအုံးမည်

★ သစ်ခွဖြူ ♪♫

06.03.2012


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...