Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမိပညာရေးတက္ကသိုလ်သို့.....................

$
0
0

                         မြင်ကြည့်လိုက်စမ်းပါ အဆွေ စိမ်းလန်းတဲ့ မြက်ခင်းစိမ်းစိုစိုအောက်မှာ အဖြူရောင် နှစ်ထပ်ကျောင်းဆောင်ကြီးက သူ့ရဲ့ကျော်ဖြတ်ခဲ့တဲ့ သက်တမ်းကို ညွှန်းပြလို့ အိနြေ္ဒကြီးစွာနဲ့ နိုင်ငံအတွက် သားကောင်းသမီးမွန်တွေကို မွေးဖွားသန့်စင်ပေးခဲ့တာ ကာလကြာရှည်လို့ပေါ့..........................

                        သူ့ရဲ့ပုံသွင်က သေချာကြည့်ရင်တော့ မျက်နှာထားတင်းတင်းနဲ့ ဟန်မာန်ကြီးတယ် ထင်ရပေမယ့် တကယ်တမ်းတော့ ဖြူစင်တဲ့မေတ္တာတွေနဲ့ အေးမြတဲ့ သူ့အရိပ်ကနေ အဖိုးထိုက်တန်တဲ့ လူသားတွေအဖြစ် ပုံသွင်းပေးနေပြန်ပါတယ်....................................

                        သူ့ဆီရောက်လာတဲ့ လူအပေါင်းကိုလည်း ကျောသားရင်သား မခွဲခြားဘဲ မျက်နှာကြီးငယ် ဂရုမပြုဘဲ တန်းတူညီစွာ တူညီဝတ်စုံလေးတွေနဲ့ ၀င်ရောက်နေထိုင်စေပြန်တယ်။ ဖြူစိမ်းဝတ်စုံလေးတွေနဲ့ ယောက်ကျားလေး မိန်းကလေးတွေကို မြန်မာဆန်ဆန် ယဉ်ယဉ်ကျေးကျေး ပုံစံလေးနဲ့ လူအများကို ရှုမြင်စေတယ်။ သူဟာ ဘယ်လောက်ကောင်းတဲ့ အိုးထိန်းဆရာဆိုတာကိုလည်း မြင်သာစေပါတယ်..................................

                         သူကကြွားတတ်သေးတယ်ရှင့်။ ငါဟာ မင်းတို့ကို လူအများ ထင်သာမြင်သာရှိတဲ့ မြို့ရန်ကုန်ရဲ့အလယ် အထင်ကရ ပြည်လမ်းမပေါ်မှာလည်း ထားပေးသေးတယ် ။နွေးထွေးပြီး မိသားစုဆန်တဲ့ ဆရာ၊ဆရာမတွေနဲ့လည်း မင်းတို့ကို ထိန်းကွပ်ပုံသွင်းပဲ့ပြင်ပေးတယ်။ နေပါကွာ မင်းတို့ငါ့ရင်ခွင်ကို စုံကန်လို့ ခွဲသွားရင်လည်း မင်းတို့ လောက အလယ် မျက်နှာ မငယ်အောင် လူအများက ဂရုထားရတဲ့ အမျိုးကောင်းသာ အမျိုးကောင်းသမီးတွ အဖြစ် ငါမွေးဖွားပေးနိုင်ရဲ့။ ဒီလိုမက မင်းတို့ သိဖို့က ငါ့ကိုခွဲခွာထွက်ခဲ့ရင်ကွာ ဘ၀လမ်းမှာ စားသောက်နိုင်ဖို့ ဘယ်သောခါမျှ မကုန်ခမ်းတဲ့ ထမင်းအိုးလေးလဲ လက်ဆောင်ပေးတတ်တာ မင်းတို့အသိ။ ဒီအိုးလေးကို တန်ဖိုးထားတာ မထားတာက မင်းတို့စိတ်မှာ မူတည်တာက မင်းတို့ အသိပါတဲ့။ သေချာတာက ငါ့ကိုထားလို့ထားခဲ့ရင်လည်း ငါဟာမင်းတို့ဘ၀နိမ့်ကျအောင်များ မလုပ်ခဲ့တာ သတိပြုပါ။

                         "ငါပေးလိုက်တဲ့ လက်ဆောင်အိုးနဲ့ လောကအလယ် ဘ၀ကြမ်းထဲ ၀င်ရောက်ခဲ့ရင် မုန်တိုင်းတွေလဲ ဘယ်လောက်ပဲတိုက်ခတ်ပါစေ နောင်လာမယ့် မျိုးဆက်သစ်နိုင်ငံ့ကလေးတွေကို ငါ့လိုတန်ဖိုးထားလို့ အဖက်ဖက်က လိမ္မာပြည့်စုံတဲ့ ကလေးတွေ အဖြစ် သတ္တိအပြည့်နဲ့ ဆက်လက်ကြိုးစားဆောင်ရွက်ပါ။ ငါ့ထံကိုလည်း မင်းတို့လိုလေလိမ္မာတဲ့ ကလေးတွေ အဖြစ် ဆက်လက်အားဖြည့်နိုင်အောင်လွတ်ပေးပါနောတဲ့ "သူ့မှာတမ်းက ၀မ်းနည်းစရာ..................................................

 

မမေ့နိုင်ခဲ့ပါ

မိတက္ကသိုလ်

စိတ်တွင်းရင်မှာ

မမေ့နိုင်ဘဲ

ရင်တွင်းနှလုံးမှာ

ဘ၀ကောင်းတွေ

ဖန်တီးပေးရာ

မင်းရဲ့စိတ်ဓါတ်

မွန်မြတ်မှုက

ငါ့ရဲ့စိတ်ကို

လှုပ်ခတ်စေခဲ့

စိတ်ချထားပါ

မင်းရဲ့လက်ဆာင်

တန်ဖိုးထားလို့

ငါလေမင်းရဲ့ကျေးဇူး စဉ်အောက်မေ့ရင်း

မင်းမပျင်းစေဖို့

နောက်ထပ် ငါလို

ကလေးလေးတွေ
ပို့ဆောင်နိုင်အောင်

ငါကြိုးစားမည်

တစ်ခုတော့လေ

မေ့မထားနဲ့

ငါ့ရဲ့သွေးကြောထဲမှာ

မင်းကို အမြဲလွမ်းနေမှာ..................................


Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>