Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

"ငွေနဲ့ ၀ယ်လို့မရတဲ့အရာ"....

$
0
0

တစ်ခါတုန်းက အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျွန်တော်ဆေးခန်းကို ရောက်လာပါတယ်။

 

သူမဟာ တန်ဖိုးကြီးသော အဝတ်အစားများနဲ့ အဖိုးတန်ရတနာများကို ဝတ်ဆင်လာပါတယ်။

 

နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေကို မြင်နေကျဖြစ်ပေမယ့် သူမရဲ့ဝတ်ဆင်မှုက သူများထက် အများကြီး

ပိုနေတယ်လို့ထင်မိပါတယ်။

 

သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။
 
သူမကို သေသေချာချာ စမ်းသပ်ကြည့်တော့လည်း ထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။
 
သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှ လင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီး
 
ကြောင်း သိရပါတယ်။ သူမရဲ့ တောင်းဆိုမှုတွေက များလွန်းလာတာကြောင့် လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်း
 
ခြင်းဖြစ်ကြောင်းလည်း ပြောပြပါတယ်။ အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များ
 
စွာ ပိုင်ဆိုင်နေပေမယ့် စိတ်ထဲမှာ အထီးကျန်၊ အဖော်မဲ့နေကြောင်း၊ စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ်လို့
 
ထင်မြင်မိကြောင်းပြောပါတယ်။
 
 

လောလောဆယ် စိတ်သက်သာမှုရအောင် ဆေးကုသမှုပေးလိုက်ပြီး နောက်တစ်နေ့ကို ချိန်းလိုက်ပါတယ်။
 
သူမဟာ ပြောတဲ့အတိုင်း လာပါတယ်။ အဲဒီတော့မှ သူမကို အမျိုးသမီးတစ်ဦးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
 
သူမရဲ့နာမည်ကတော့ မစပယ်ဖြစ်ပါတယ်။ မစပယ်ရဲ့ပြောပြတဲ့ဇာတ်လမ်းကို သေသေချာချာနားထောင်ဖို့နဲ့ အဲဒီ
 
စကားဟာ မရွှေကြိုင်အတွက် အဖြေတစ်ခုခုရနိုင်ကြောင်း ကျွန်တော်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
 
 
 
မစပယ်က…“ ကျမရဲ့ခင်ပွန်းက အဆုပ်အအေးမိပြီး ဆုံးပါးသွားပါတယ်။ နောက်ထပ်သုံးလကြာတော့ ရုတ်တရက်
 
အန္တရာယ်ကျရောက်ပြီး သားလည်းဆုံးပါးခဲ့ပြန်ပါတယ်။ ကျမမှာ ဘယ်သူမှမကျန်၊ဘာမှ မရှိတော့ပါဘူး။
 
 
 
ကျမငေးငေးငိုင်ငိုင်ခြေဦးတည့်ရာ လျှောက်သွားခဲ့ပါတယ်..။ အိပ်လည်းမရခဲ့ပါဘူး။ စားသာ စားတယ် စားတယ်လို့
 
လည်း မမှတ်မိပါဘူး။ ဘယ်သူကိုတွေ့တွေ့ ပြုံးတောင် မပြုံးပြနိုင်ခဲ့ပါဘူး။
 
 
အဲဒီအခြေအနေက နေကောင်းလာမယ်လို့တောင် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ တစ်ညမှာတော့ အလုပ်က
 
အိမ်အပြန်မှာ ကြောင်လေးတစ်ကောင် ကျမနောက်က လိုက်လာတာကို တွေ့ပါတယ်။ အဲဒီကြောင်လေးအတွက်
 
ကျမ စိတ်မကောင်းပါဘူး။ အပြင်မှ အေးတယ်မို့လား။ ဒါကြောင့် ကြောင်လေးကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပါတယ်။
 
နွားနို့လည်း နည်းနည်းတိုက်လိုက်ပါတယ်။ ကြောင်လေးက သူ့ကိုယ်လုံးနဲ့ကျမခြေထောက်ကို လာပွတ်ပါတယ်။
 
အဲဒီတော့ ကျမပြုံးမိပါတယ်။ အဲဒီအပြုံးဟာ လပေါင်းတော်တော်ကြာကြာအတွင် ပထမဆုံးအကြိမ်ပြုံးခဲ့မိတာပါ။
 
အဲဒီအချိန်ကစပြီး ကျမရဲ့အတွေးပြောင်းခဲ့ပါတယ်။ ဒီလိုကြောင်လေးတစ်ကောင်ကို ကူညီတာက ငါ့ကို ပြုံးစေ
 
နိုင်တယ်ဆိုရင် အခြားလူတွေအတွက်ကောင်းတာလုပ်ပေးရင် ငါလည်းပျော်ရွှင်လာမှာပဲလို့တွေးမိလာပါတယ်။
 
 
 
 
ဒါကြောင့် နောက်နေ့မှာ ကျမစားစရာတချို့ပြုလုပ်ပြီး အိပ်ရာထဲမှာလဲပြီး နေမကောင်းနေတဲ့ အိမ်နီးချင်းတွေကို
 
သွားကျွေးခဲ့ပါတယ်။ နေ့စဉ် လူတစ်ဦးဦးအတွက် ကောင်းတာတစ်ခုတော့ လုပ်ပါတယ်။ ကောင်းတာလုပ်ပေးတော့
 
လုပ်ပေးခံရသူလည်းပျော်ပါတယ်။ သူတို့ပျော်တာကြည့်ပြီး ကျမဝမ်းသာရပါတယ်။ ငါ ဘယ်လောက်ရမလဲလို့
 
စဉ်းစားနေရင် လူတွေဟာ မပျော်ရွှင်နိုင်ပါဘူး။ အခြားသူတွေကို ဘယ်လောက်ကူညီနိုင်မလဲဆိုတာ စဉ်းစားရင်
 
တော့ ပျော်ရွှင်နိုင်ပါတယ်။ အခုတော့ ကျမကောင်းကောင်းအိပ်နိုင် စားနိုင်ပါတယ်။ ဘယ်သူမှ ကျမလောက်
 
အိပ်ကောင်း၊စားကောင်းမယ်တောင် မထင်ပါဘူး။ ကျမ ပျော်ရွှင်ချမ်းမြေ့မှုကို ဒီလိုနည်းနဲ့တွေ့ခဲ့ပါတယ်”
 
လို့ ရှင်းပြပါတယ်။
 
 
 
 
မစပယ်ရဲ့စကားကို ကြားရတော့ မရွှေကြိုင်ဟာ ချုံးပွဲချ ငိုပါတော့တယ်။ သူမမှာ ငွေနဲ့ပေးဝယ်နိုင်တာအားလုံး
 
ရှိပါတယ်။ ဒါပေမယ့် ငွေနဲ့ပေးဝယ်လို့မရတဲ့အရာ ဆုံးရှုံးခဲ့ပါတယ်။ အဲဒီနောက် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်
 
လိုက်ပါတယ်။ “ ဒီနေ့ကစပြီး အသုံးမကျတဲ့ ရုပ်လှလှဘဝကနေပြီး လူသားဆန်တဲ့ စိတ်လှလှဘဝကိုရအောင်
 
ကြိုးစားပါတော့မယ်” လို့ပြောပြီး ပြန်သွားပါတော့တယ်။
 
 
 
 
စာအုပ်တစ်အုပ်မှ ၀တ္ထုတိုတစ်ပုဒ်
 
 

                                                                                                 ရေးသူ။။။။။။။။။။
+**!♣★♫♥ပြည့်စုံ(နတ်ဆိုးလေး)♣★♫♥

Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>