Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

...".အမေ့မေတ္တာ.."

$
0
0

အင်္ဂလိပ်စာမတတ်...ပညာရေးဆုံးခန်းတိုင်အောင် မတက်ခဲ့ရတဲ့ အမေ....။
သူ့သား...ကျွန်တော့်ကို ...ပညာတတ်ကြီးဖြစ်စေချင်လွန်းလို့တဲ့။မိသားစုစားလောက်ရုံ...အိမ်ထောင်စုလေးမှာ...

တက္ကသိုလ်မှာ ပညာရှာဖို့ဆိုတာ...ကျွန်တော့တို့အရပ်ထဲက လူတိုင်းစိတ်မကူးရဲ။အားနွဲ့တဲ့ မိန်းမသားဆိုတဲ့ အမေ...

သူ့သားအတွက်...ခွန်အားတွေနဲ့လေ...။တက္ကသိုလ်ကျောင်းသားကြီးကျုပ်က...ဒီဆောင်းထဲ...မနက်ခင်းစောစော...

စောင်နဲ့ ကွေးနေချိန်မှာ... ကျုပ်အမေက...မနက်...ဈေးရောင်းဖို့ ပြင်ဆင်နေရတယ်။ဒါတွေ...အမေမမှုပါဘူးတဲ့....

ကျုပ်သားက တက္ကသိုလ်မှာလေဆိုတဲ့ စကားပြောရရင်... အမေ ..လောကဓံကို ကြံကြံခံနိုင်ပြီတဲ့လေ။

စာမေးပွဲတွေပြီး ကျောင်းတွေ ပိတ်တော့...အရမ်းဝမ်းသာနေမိတယ်။အမေ့ကို တွေ့ရတော့မယ်လေ။

အိမ်ရောက်တယ်ဆိုရင်ပဲ...အမေက...၀မ်းသာအားရနဲ့

''ဟယ်..ငါ့သားတက္ကသိုလ်ကျောင်းသားကြီးပြန်လာပြီ... ၀မ်းသာလိုက်တာ သားရယ်..''

''စာမေးပွဲဖြေနိုင်ရဲ့လား''

''ဟုတ်...ဖြေနိုင်ပါတယ်..အမေ...''

''အမေ...လေ သားစာမေးပွဲဖြေနေတဲ့ အချိန် အမေအရမ်းငိုရတာပဲ သိလား''

''အမေ...လေ ငါ့သားလေးစာမေးပွဲဖြေနိုင်ဖို့...ဘုရားရှိခိုးတိုင်း...အမေက သြကာသပဲရတယ်သားရယ်... အမေ...ကျန်တဲ့ ဘုရားစာတွေ

ဖတ်တတ်ချင်လိုက်တာ...သားရယ်...''

''ငါ့သားလေး...ကုသိုလ်တွေ ပိုရပြီး...အစစ အရာရာ အောင်မြင်အောင်လို့ပါ''

''အမေ...လေ...ငိုပြီး...ဘေးအိမ် က ဒေါ်တုတ်ကြီးကို...အိမ်မှာ ဘုရားစာရွတ်ခိုင်းပြီး... သားအတွက် ဆုတောင်းခိုင်းရတယ် သားရယ်''

''သားလေး...ဖြေမှဖြေနိုင်ရဲ့လား ... ဟင်...အမေက စိတ်ပူနေတာ သားရဲ့ ''

'' အော်...အမေရယ်...ဖြေနိုင်ပါတယ်....''

''သား...အမေ့ကို ဘုရားရှိခိုးစာတွေ သင်ပေးမယ်လေ အမေရဲ့ ...''

''သင်ပေး...စမ်းပါကွယ်... တကယ်နော်...သား''

''တကယ်ပေါ့ အမေ...ရယ်...''

ဝမ်းနည်းလိုက်တာအမေရယ်... သားစာမေးပွဲအတွက် ... တဲ့။

အဲဒီကျောင်းပိတ်ရက်လေးမှာ...

ကျွန်တော်တို့ သားမိနှစ်ယောက်ရဲ့ ဘုရားရှိခိုးစာကျက်သံတွေဟာ... ညံလို့နေပါတော့တယ်။>

                                                                          +**!♣★♫♥(ပြည့်စုံ(နတ်ဆိုးလေး)) ♣★♫♥


Viewing all articles
Browse latest Browse all 9878

Trending Articles