မြန်မာ စကားပုံလေးပါ......
ဒူးနေရာဒူး တော်နေရာတော်
နေရာတိုင်းမှာ သူနေရာနဲ့သူ ၊ သူအတိုင်းအတာနဲ့သူ ၊ လူမှန်နေရာမှန်
၊ပညာမှန်စိတ်ထားမှန် ဖြစ်ဖို့အရေးကြီးတယ်....။
မျက်စိမမြင်သောလူတစ်ယောက်အတွက်တော့ ကြည့်မှန်တစ်ချက်ဟာ
ဘာမှ အသုံးမ၀င်ပါဘူး...။ အဲ့ဒီမှန်ကြောင့် သူကို ထိခိုက်စေနိုင်တယ် ၊ သူကို
နာကျင်စေနိုင်တယ် ၊ သူရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပျတ်စီးစေနိုင်တယ်..။
စိတ်ပုပ် နှုတ်ပုပ် အလုပ်ပုပ် သော အသိဉာဏ်ပညာ မရှိတဲ့
ယုတ်မာကောက်ကျစ်တဲ့ သူတစ်ယောက်အတွက်လဲ အဆင့်အတန်းတွေ ၊
အတတ်ပညာတွေ ၊ စည်းစိမ်ဥစ္စာ ငွေကြေးချမ်းသာမှုတွေဟာ
တကယ်တော့ဘာအကျိုးမှမရှိပါဘူး၊
အဲ့ဒီ အတတ်ပညာတွေ ၊စည်းစိမ်ဥစ္စာတွေ ၊
ငွေကြေးချမ်းသာမှုတွေကြောင့် သူရော သူ့ပတ်ဝန်းကျင်ပါ ထိခိုက်စေနိုင်တယ်.....။
↧
စကားလက်ဆောင်-၁၀
↧