Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘာကြောင့်စိတ်လေး သိမ်ငယ်ရတယ်…………………………………

$
0
0

လူငယ်တွေကြားမှာ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ခေတ်ရေစီးကြောင်းအလိုက် မိန်းကလေးတွေ အတွက်သာမက ယောကျာ်းလေးတွေအတွက်ပါ ဒီဇိုင်းပုံတွေ အသစ်ဆန်းလို့ အမျိုးမျိုး မရိုးနိုင်အောင် ထွက်ပေါ်လို့လာနေပါတယ်။ လှပဆန်းသစ်တဲ့ ဒိဇိုင်းတွေနဲ့ တီထွင်ဖန်တီးချုပ်လုပ်ထားတဲ့ တစ်ချို့သောဒီဇိုင်းတွေဟာ မြန်မာမိန်းကလေးတွေနဲ့ လိုက်ဖက်မှု မရှိဘူးလို့ သင်ဇာ ထင်ပါတယ်။ နောက်နေရာဒေသကိုလိုက်လို့ အ၀တ်အစားကို ၀တ်ဆင်တတ်ရမယ်ဆိုတာလဲ နားလည်ပါတယ်။ တခြားတော့ မပြောလိုပါဘူးရှင်။တစ်ချိန်မှာတော့ သင်ဇာဟာ မြန်မာဆန်ဆန်မရှိတဲ့သင်ဇာ့ကို သင်ဇာ ရှက်မိပါတယ်။ အဲဒီအချိန်ကတော့ မြန်မာပြည်ကို အလည်လာတဲ့ နိုင်ငံခြားသားတွရဲ့ ရှေ့မှာပါပဲ။ အထူးသဖြင့် သူတို့တွေဟာ မြန်မာ့ရေမြေက ထွက်ရှိတဲ့ ပြည်တွင်းဖြစ်မြန်မာ့ချည်ထည်တွေနဲ့ မြန်မာဆန်ဆန် ၀တ်စားလာတဲ့အခါ သင်ဇာ့ကို သင်ဇာ သိမ်ငယ်မိပါရဲ့။ ဒါပေမယ့်လေ အဲဒီလိုတွေ့တဲ့အခါများ သင်ဇာက မြန်မာဆန်ဆန် ပါးပြင်ပေါ်မှာပါးကွက်ကြားလေးနဲ့မြန်မာမလေးပုံစံများ ရှိနေလိုက်ရင် ရူးတယ်လို့ ပြောချင်လဲပြောတော့ မြန်မာမလေးသင်ဇာကိုယ့်ကိုယ်ကို ပိုလို့ ဂုဏ်ယူမိပါရဲု့။ နောက်တစ်ချက်ကတော့ ဘာဖြစ်လဲ ကိုယ်ကြိုက်လို့ ကိုယ်ဝတ်တာပဲ လို့ တွေးရင်လဲ ဒါက လွတ်လပ်စွာတွေးခေါ်တာကိုး။ ဘာမှမဖြစ်ပါဘူး လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲဟာ။ တစ်ခုတော့ ဆင်ခြင်ပေးပါလားရှင်။ မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားရာ ဘုရားစေတီတွေသွားတဲ့အခါ မြန်မာဆန်ဆန် လုံချည်လေးနဲ့ သွားစေချင်ပါတယ်။ အထူးသဖြင့် ရွှေတိဂုံဘုရားလို နိုင်ငံခြားသားတွေ အ၀င်အထွက်များတဲ့နေရာမှာ တစ်ခါတစ်ရံ ဘုရားပေါ်မှာ တားမြစ်ထားတဲ့ကြားက မြန်မာမဆန်တဲ့ဝတ်ဆင်မှုတွေနဲ့ ဘုရားပေါ်ကို တက်ရောက်တာတဲ့အခါမျိုးပေါ့။အမှန်အတိုင်းပြောရရင် ဘုရားစေတီနဲ့ ၀တ်စားပုံနဲ့က မအပ်စပ်တော့တာတော့ အမှန်ပါနော်။ ဒါကလဲ သင်ဇာ့အထင်ပါ။သူငယ်ချင်းတို့ရေ မြန်မာမလေးတွေဟာ မရိုးနိုင်တဲ့ မြန်မာ့မူပိုင် မြန်မာ့သနပ်ခါးနဲ့ မြန်မာဆန်ဆန်လေး ၀တ်ဆင်လိုက်ရင်တော့ သေချာပါတယ် ကမ္ဘာ့အမြင်မှာ မြန်မာမလေးတွေရဲ့ ရိုးသားပြီး ဖြူစင်လှတဲ့အပြုံးချိုချိုလေးတွေနဲ့ အဖြူထည်အလှသက်သက်ကို ဘယ်တော့မှ မေ့နိုင်ကြမှာမဟုတ်ပါဘူးနော်။ သင်ဇာ့သူငယ်ချင်းလေးတွေ မြန်မာသနပ်ခါးကို ချစ်တတ်ပြိး ပြည်တွင်းဖြစ် မြန်မာဝတ်စုံတွေကို မြတ်နိုးလို့ မြန်မာဆန်တဲ့အလှကို ဂုဏ်ယူတတ်ကြပါစေရှင်။

မြန်မာမလေး

မြန်မာသွေးမို့

မြန်မာ့ပုံသွင်

ဆံနွယ်ရှည်ရှည်

ပါးတွင်ပါးကွက်

သနပ်ခါးတင်

ရနံ့ယဉ်လို့

အဆင်းသိမ်မွေ့

မြန်မာ့ဝတ်စုံနှင့်

ယဉ်လှချည့်လေး

ရှုမ၀ပြီ

များအမြင်မို့

ဂုဏ်ယူလိုက်ပါ

မေလေးမြန်မာ

မြန်မာမလေး ဖြစ်ရတာ………………


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>