Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်သူတိုင်း နားလည်ပါစေ ။ ရဲရင့်ခေါင် ။

$
0
0

သူနဲ့ ငါနဲ့ ချစ်သူဖြစ်တာ တစ်ပတ် ။သူနဲ့ငါနဲ့ ချစ်သူဖြစ်တာ တစ်လ ။ မြန်လိုက်တာ မြန်လိုက်တာ ခုချစ် ခုကြိုက် ခုကွဲ

တွေဆိုတာပါလာ...။ တစ်ခုခုတော့ လွဲနေပြီလေ... ဘာတွေများပါလိမ့်...။ ကျွန်တော်မှာ သူငယ်ချင်းမိန်ကလေး တစ်ယောက်ရှိတယ်..သူနာမည်ကတော့ မေမြတ်နိုးပါ မေမြတ်နိုးရဲ့ သူငယ်ချင်း ပုံ့ပုံ့ဆိုတဲ့ကောင်မလေး အကြောင်းကို သူကျွန်တော်ကို  ပြန်ပြောပြဖူးတယ်.. . ထားလိုက်တဲ့ ချစ်သူတွေ က  သူတောင်ပြန်မမှတ်မိဘူး.. တစ်ခါ သူမေးဖူးတယ်တဲ့ နင်အဲ့လောက်တောင် ရည်စားတွေထားတာ စိတ်မရူပ်ဘူးလာလို့ပေါ့...။ ငါ ပျင်းလို့ထားတာတဲ့  ငါလဲ အကောင်းဘက်က ဖြည့်တွေးပါတယ်ဟယ် သူတို့ကိုက ငါနဲ့ ကီမကိုက်တာ..။ တစ်ယောက်ကြတော့လဲ ငါ့ကို ဆရာကြီးလာလာလုပ်လို့ ပျက်သွားတယ်..။ နောက်တစ်ယောက်ကြတော့လဲ အေးလိုက်တာမှ ရေခဲတုံးတောင် အရူံးပေးရတယ်..။ တစ်ယောက်ကြတော့ လဲ ကြောက်တက်လိုက်တာ သူ့အားကိုးရင် ငါးပါးမှောက်မယ်...။ တစ်ယောက်ကြတော့လဲ လူမူရေးနားမလည်ပြန်ဘူး ငါ့ဆို ဆူမယ် ဟောက်မယ် ကြိမ်းမယ် ဒါပဲတက်တယ်.. အဲ့ဒါတွေကြောင့် နင့်သူငယ်ချင်း ငါက ရည်စားများသွားရတယ်ဆိုပါတော့ ..တဲ့..။

ကျွန်တော် တွေးမိတယ်...

 မိန်ကလေးတိုင်းရယ်လို့မဟုတ်ပေမယ့် မိန်ကလေးအချင်းချင်းပိုသိကြမှာပေါ့ တစ်ယောက်ပြီးတစ်ယောက် ..။ ဒီဘဲကြီးက ရိုးနေပီ နောက်တစ်ယောက်ရှာမယ်...ဒီလူနဲ့ကြတော့ငါနဲ့ကီးမကိုက်ဘူးခေါက်လိုက်တော့မယ်

နောက်တစ်ယောက်ရှာမယ်ဒီလို မိန်ကလေးမျိုးတွေ ၁၀၀ မှာ ၁၀ ယောက်လောက်ကတော့ရှိနေပါလိမ့်မယ်..။ သူတို့တွေ သူတို့တွေ ကျားမကြောက်လို့ အမှီးဆွဲတာထားပါ ၀ဠ်ကြွေးနဲ့ ခံစားမူကိုတော့ ကြောက်တက်ပါစေ နားလည်ပါစေ..။ မချစ်ဘဲနဲ့ ချစ်တယ်မပြောနဲ့နော်... ခံရလိမ့်မယ်.။ အချစ်ဆိုတာ အလကားမရဘူးဗျ ရုပ်ရှိတိုင်းလဲမထားနဲ့ စိတ်ရှိတိုင်းလဲမချစ်နဲ့

ကိုယ်ကချစ်ပြီဆိုရင်လဲ ခံစားချက်ကိုမျှဝေခံစား ဆုံခန်းတိုင်ထိ ချစ်မြတ်နိုးပါ..။ မကောင်းတဲ့အကွက်ရှာ ဖြတ်နေကြရင်တော့... ဘယ်လိုလုပ် တည်မြဲပါဦးမလဲ ကောင်းကွက်လေးတွေဖြည့်တွေးပေါ့.။

ယောကျာင်္လေးတွေလဲရှိပါတယ်... အရာရာပြီးပြည့်စုံတယ်ဆိုတဲ့မိန်ကလေးဟာ ရှားပါးလွန်းပါတယ်..။ ဒါကို ဇီဇာကြောင်ပြီး... ချို့ယွင်းချက် အပြစ်တွေကို သာ လိုက်ရှာနေရင်တော့.. ရည်စားလဲမထားကြပါနဲ့တော့လို့..။ ချစ်သူတိုင်းမှာ ဖြစ်ပျက်နေတာတွေဟာ ဒါတွေနဲ့ပဲ ပြသနာဖြစ်နေတာပါ.. စကားပြောမတက်တာတွေ..။အံမကိုက်တာတွေ..။ အလွဲလွဲအချော်ချော်တွေပေါ့... အဲ့လိုအခြေနေမှာ နားလည်မူပေါ့

နားလည်မူမရှိရင်တော့ အချစ်ဟာ အလကားပါပဲ...။

စာရေးဆရာမ ဆုမြတ်မွန်မွန် စာအုပ်ထဲမှာလိုပေါ့...

အချစ်ဆိုတာ နားလည်မူရှိသရွေ့တော့ တန်းဖိုးကြီးပြီး ပျော်ရွင်စရာကောင်းလှပါတယ်..

နားလည်မူမရှိရင်တော့ အဲ့ဒီအချစ်ဆိုတာဟာလဲ ဘာမှသုံးစားလို့ကိုမရတော့ပါဘူး တဲ့..။ ကဲ အချစ်ဆိုတာကိုနားလည်မူတွေနဲ့ တည်ဆောက်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။ ရဲရင့်ခေါင် ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>