1) သင်ဝမ်းနည်းကြေကွဲအားငယ်အထီးကျန်နေချိန်မှာ ဂီတနဲ့အတူ ဘ၀ကိုဖြတ်သန်းတတ်ဖို့ သင်ယူပါ။
2) သင့်ရဲ့တစ်နေ့သာ အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ဟာ စိတ်ကို အတတ်နိုင်ဆုံး ရှင်းအောင် ထားပေးဖို့လိုအပ်ပါတယ်။
3) ကြောက်ရွံ့မှုကြောင့် လူကို နုံအ စေသလို နုံအ မှုကြောင့်လဲ လူကို ကြောက်ရွံ့မှုဖြစ်စေတယ်။
4) ငှက်လို အတောင်ပံဆုံလို့ ပျံသန်းချင်မှပျံသန်းနိုင်လိမ့်မယ်။ အတောင်ပံဆုံတိုင်း ပျံသန်းနိုင်တာမဟုတ် လေ့ကျင့်မှုက အမြဲလိုအပ်ပါတယ်။
5) ဒီဘ၀မှာ ပကာသနဂုဏ်မပိုင်ဆိုင်ချင်နေပါစေ။ စေတနာ၊ မေတ္တာရှင် ဂုဏ်ကိုတော့ မလွဲမသွေ ပိုင်ဆိုင်နိုင်အောင်ကြိုးစားပါ။
6) မှန်ကို ကျတော်တို့ နေ့တိုင်းလိုလို ကြည့်ပြီး ရုပ်အလှရဲ့ မှားယွင်းတဲ့လိမ်းချယ်သမှုကိုသာ ကျတော်တို့ ပြင်ဆင်ခဲ့ကြပေမယ့် ကျတော်တို့ရဲ့ အတွင်းစိတ်ထဲမှာ လှပအောင် ပြင်ဆင်မွန်းမန်ဖို့ မေ့နေတတ်ကျတယ်။
7) လူနှစ်ယောက်ဟာ စာ တစ်အုပ်ထဲဖတ်တာချင်းတူညီနေပေမယ့် ပညာယူတာချင်းက ခြားနားနေတတ်ပါတယ်။
8) စာအုပ်အစုံဖတ်တဲ့သူတိုင်းက စာအုပ်ထဲကအကြောင်းအရာတိုင်းကို မမှတ်မိ မလိုက်နာနိုင်တောင်မှ အရေးကြုံလာရင် မှန်ကန်တဲ့ဆုံးဖြတ်ချက် ချကိုချနိုင်ကျတယ်။
9) ပညာပေးနည်းတစ်မျိုးရှိတယ် - လူတစ်ဖက်သားကို ကောင်းကျိုးနည်းလမ်းတွေ မျှဝေပေးလို့ နှစ်အနည်းငယ်မှာ အဲဒီလူက အောင်မြင်တိုးတက်သွားတယ်။ ဒါပေမယ့် ပညာမျှပေးတဲ့သူက ခုချိန်ထိ အဲဒီလှေကား တစ်ထစ်ကို မကျော်တက်နိုင်သေးဘူး။
10) အကျင့်ဆိုးတစ်မျိုးရှိတယ် - လူတစ်ယောက်ရဲ့ အမှားကိုပဲ ကွက်ချောင်းပြီး အပြစ်တင်ချင်ဇောပဲသိတယ်။ အကျင့်ဆိုးတစ်မျိုးရှိတယ် - သူတစ်ပါးရဲ့ အမှားကိုသာ ဝေဖန်ပြောဆိုတတ်ပြီး ကိုယ်ကို၌က ကိုယ့်အမှားကို မပြင်ဆင်တတ်ဘူး။
11) သူတစ်ပါးကို အပြစ်တင်ပြောဖို့ဟာ သူ့မှာ ခိုင်လုံတဲ့အပစ်ရှိမရှိ အရင်ဆုံး ရှာဖွေကြည့်ဖို့လိုပါတယ်။ တခါတလေမှာ အဲလိုအမှားမျိုး ကိုယ်လဲမလွဲမသွေ မှားတတ်ပါတယ်။
12) ကိုယ်လုပ်တာကိုပဲ အလုပ် မမြင်ပါနဲ့ သူလုပ်တဲ့အချိန်မှာလဲ အလုပ်အဖြစ် မြင်တတ်ဖို့လိုတယ်။
13) သူများမတရား လုပ်နေတာကိုပဲ အပစ်မပြောပါနဲ့ ။ ကိုယ်ကိုတိုင်ကရော တရားမျှတအောင်လုပ်နေပြီလား ။
14) ကိုယ်မှားခဲ့တဲ့ အမှားကြောင့် ကိုယ်တန်ဖိုးအထားရဆုံး အရာတခုကို ဆုံးရှုံးခဲ့ရတယ်။ ဘာကြောင့် ဆုံးရှုံးခဲ့ရတယ်ဆိုတာကို အဖြေရအောင်အရင်ရှာပါ။ ကိုယ့်ဆီက အမှားမရှိရင် ကိုယ်မြတ်နိုးရတဲ့ အရာကို လက်လွတ်ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။
15) ကိုယ်မှားခဲ့ဖူးတဲ့အမှားကို သင်ခန်းစာယူပြီး ရှေ့ဆက်လျှောက်မယ့်လမ်းမှာ အဲဒီလိုအမှားမျိုး နှစ်ခါအမှားမခံပါစေနဲ့။
16) သူပြောတဲ့စကားကို ဆုံးအောင် နားထောင်ပြီးမှ ချေပသင့်တာချေပပါ။ မချေပသင့်ရင်လဲ နှုတ်ဆိတ်နေလိုက်ပါ။ စိတ်ထဲမှာ အောင်းမထားပါနဲ့။ ကြာရင် မီးခဲသေးသေးလေးက မီးတောင်လို ပေါက်ကွဲလာတတ်လို့ပါ။
17) ဖြတ်သန်းလေရာ ဘ၀ခရီးတလျှောက်မှာ သူတပါးရဲ့ လှုပ်ရှားမှုတိုင်းကို အကောင်းစိတ်ဖြင့် မြင်တတ်အောင် ကြိုးစားပါ။
18) သူလို ကိုယ်လို စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ ကိုယ့်ခံစားချက်ကို ခဏဖျောက်ပြီး သူ့ကို အားပေးနှစ်သိမ့်ပေးလိုက်ပါ။ ကိုယ်စိတ်ပျက်အားငယ်နေတာကိုတော့ သူ မသိပါစေနဲ့။ သူ့ကို အားပေးစကားပြောရင်းကနေ ကိုယ့်ကိုကိုယ်လဲ အားပေးနှစ်သိမ့်ရာရောက်ပါတယ်။
19) သင့် စိတ်တွင်းထဲက ရေဟာ ဘယ်လောက်ပဲ နောက်နေပါစေ။ သူတပါးကို ရေကြည်အေးနဲ့ပဲ အမြဲတိုက်ကျွေးပေးနိုင်အောင်ကြိုးစားပါ။ ( ကိုယ်ဟာ စိတ်ဘယ်လောက်ပဲ ညစ်နေသူဖြစ်ပါစေ သူတစ်ပါးကိုတော့ ပျော်ရွှင်မှုနဲ့ အဖော်ပြုပေးနိုင်အောင်ကြိုးစားပါ)
20) သင် ပြုံးနေတဲ့အချိန်တိုင်းမှာ သင့်အပြုံးဟာ အသက်ဝင်နေ ပါစေ။ ဟန်ဆောင်တဲ့အပြုံးနဲ့ပြုံးမယ်ဆိုရင် မပြုံးဘဲ တည်တည်လေးနေပေးတာကမှ ပိုကောင်းပါလိမ့်မယ်။ ဟန်ဆောင်ပြုံးခြင်းက လူကို အရုပ်ဆိုး စေလို့ပါ။
21) ကိုယ်အမြဲအားပေးနှစ်သိမ့်ပေးတဲ့သူက သူဘယ်သွားသွား သူဘယ်ရောက်ရောက် အရင်ဦးဆုံး ကိုယ့်ကို သူက သတိရ လွမ်းနေတတ်တယ်။(စေတနာပေါင်းကူးမှုကြောင့် ရောင်ပြန်ဟပ်တဲ့ အလင်းတန်းနဲ့တူပါတယ်)
မိုးမဟေ(ဆောင်းနှင်းဖြိုး)