Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မေတတ္တာဖြစ်မျှဝေခြင်း...

$
0
0


 ထိုင်ဝမ် ဆေးရုံတစ်ရုံမှာ ဒီပုံကိုရိုက်ခဲ့သူက Facebook ပေါ် ဓာတ်ပုံတင်လိုက်တော့ လူတိုင်းက အမေကို ဒီလောက် ဂရုစိုက် ချစ်တဲ့လူဟာ ဘယ်သူလဲဆိုတာကို သိချင်လာခဲ့ကြတယ်။ ဒီလိုနဲ့ သတင်းဌာနတစ်ခုက ဆေးရုံမှာတပ်ဆင်ထားတဲ့ ဗီဒီယိုကင်မရာ ကတဆင့် ဒီလူကိုစုံစမ်းခဲ့တယ်။ ဒီလူက အသက်(၆၂) အရွယ် အငြိမ်းစားယူထားတဲ့ စုံစမ်းစစ်ဆေးရေးဌာနာက ဝန်ထမ်းတစ်ဦးပါ။ သူဟာ တစ်ဦးတည်းသောသား ဖြစ်တာကြောင့် အမေအိုကိုပြုစုဖို့ လွန်ခဲ့တဲ့ ၅နှစ်မှာ အလုပ် ကနှုတ်ထွက်ခဲ့သူဖြစ်တယ်။ သတင်းဌာနာကလူတွေ သူ့ကို အင်တာဗျူးဖို့သွားတော့ အတွေ့မခံခဲ့ပါဘူး။ လဲကျပြီး ခြေတစ်ဖက်ကျိုးနေတဲ့ လေဖြတ်နေတဲ့ သူ့အမေအိုကို လက်တွန်းလှည်းပေါ် တင်ရင် ပိုနာကျင်မှာစိုးလို့ ကျောပိုးပြီး သူဆေးရုံပို့ခဲ့တယ်လို့ပဲ ပြန်ဖြေပါတယ်။ သူဟာ အမေအိုကို ချစ်တတ်၊ ဂရုစိုက်တတ်ရုံမက တာဝန်ထမ်းဆောင်စဉ်မှာလည်း ရာထူးအာဏာကို မမက်မောခဲ့ပါဘူး။ တနယ်တကျေးပြောင်းပြီး ရာထူးတိုးပေးတာကို ငြင်းပယ်ခဲ့သူပါ။ အကြောင်းက အမေအိုကို သူကိုယ်တိုင်စောင့်ရှောက်ချင်ပြီး မိန်းမအပေါ် ဝန်မပိုစေချင်လို့ပါတဲ့။ သူဟာ လက်အောက်ငယ်သားအပေါ် ညှာတာ စာနာတတ်ပြီး လာဘ်ပေးလာဘ်ယူတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ သူသွားရောက်စုံစမ်းတဲ့ အိမ်ကကျွေးတဲ့ ထမင်းကိုတောင် ပိုက်ဆံပေးပြီး စားသူဖြစ်ပါတယ်။ သူဟာ လုပ်ဖော်ကိုင်ဖက်ကြားမှာ သတင်းမွှေးသူဖြစ်ပါတယ်

ငယ်ငယ်တုန်းက ကိုယ့်ကို အမေက ရင်ခွင်ထဲ ထွေးပွေ့ယုယခဲ့တယ်။ အမေအိုမင်းလို့ ဖျားနာပြီဆို အမေကို ကိုယ်ပြန်ပွေ့ဖက်ဖို့ မမေ့ပါနဲ့နော်....



facebook မှာတွေ့ရလို့..သူငယ်ချင်းတွေအတွက်...

မျှဝေပေးတာပါ.........မိခင်ဖခင်များအပေါ်..တာဝန်ကျေတဲ့...

သားကောင်းသမီးကောင်းများဖြစ်နိုင်ကြပါစေ..နော်....

အားလုံးကိုလေးစားလျှက်က...

ချစ်လေးမောင်(အချစ်နတ်ဆိုး)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>