Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

╰☆╮တွင်းနက် ╰☆╮

$
0
0

Stars

 

Stars

"ဟဲ့.................မဖြူ ....နင်ဟိုသတင်းကြားပြီးလား......."

" ဟင်...ဘာသတင်းတုန်း.....မူမူရဲ့ နင်ဟာလေ အရင်းမရှိအဖျားမရှိနဲ့  "
"ဟို.....အပေါ်ချောင်းစပ်ကိုသိတယ်မှတ်လာ...ဟိုလေ...တို့ တွေ
အမှိုက်ပစ်တဲ့နေရာနားလေ..အဲ့ဒီမှာ အမိုက်ပုံနားမှာ ဒီမနက် ကလေး
မွေးကင်းစ အလောင်းကိုတွေ့ လို့ တဲ့......"

အဟွတ်...ဟွတ်.....စားလက်စမုန့် တီ  လည်ချောင်ထဲကို ရောက်ပြီး
ရုတ်တရက် နင်သွားလို့ ဒေါ်မွှေးတစ်ယောက် သီးသွားရခြင်းဖြစ်သည်...။
ဒီနေ့  မိုးမလင်းမှီကထဲက အိမ်ကထွက်လာရသည်ကို ထမင်းကြမ်းပင်
မစားခဲ့ပဲ ညကထဲက လုပ်ထားတဲ့ အကြော်စုံထုတ်တွေကို ဒီမနက်မှ
လိုက်ပို့ ပြီး ဆာလောင်ခြင်းကို သည်းခံနိုင်စွမ်း မရှိသဖြင့် ဈေးကြီးထဲကို
ဝင်ကာ မုန့် တီတစ်ပွဲမှာပြီး အားရပါးရစားနေခိုက် အနားကပ်၍ အမှတ်တမဲ့
ကြားလိုက်ရသော အသံကြောင့် ရုတ်တရက် ခေါင်းနပန်းကြီးကာ စားလက်စကို
အရှိန်ပင် ပျက်သွားလေတော့သည် ။

ဒေါ်မွှေးတစ်ယောက် စိတ်ထဲမှာတော့ ........
" မိန်းမတွေ ....အစားစားတာ တိတ်တိတ်မစားကြဘူး "
စိတ်ကိုထိန်းရင် ဟန်မပျက်စားနေလိုက်သည် ။

" ဟယ်...........ဟုတ်လား...ကလေးလေးက ဘာလေးတဲ့လဲ......."
" မိန်းကလေးတဲ့ကွယ် "
" ဟယ်......ဖြစ်မှဖြစ်ရလေး အေးလေ ဘယ်အချိန်က လာပစ်ထားလဲမှ
မသိတာ လူတွေသိတော့ ကလေးက တစ်ကိုယ်လုံး ပြာနှမ်းပြီး တောင့်တင်းနေပြီ "
" ကျွတ်...ကျွတ်.... ရက်စက်လိုက်တာ လူတွေမှဟုတ်ရဲ့ လား "

ဟိုနာတစ်စု ဒီနားတစ်စု ဈေးတစ်ဈေးလုံးတွင် အုတ်အုတ်ကြွက်ကြွက်
ကြားနေရသော အသံများကြောင့် တစ်စထက် တစ်စ မလုံမလဲနဲ့ 
ဖြစ်လာရသော ဒေါ်မွှေးတစ်ယောက် အသက်ပင် ရဲရဲမရှုရဲ ဘေးဘီကိုလည်း
မကြည့်ရဲနဲ့  ခေါင်းငုံ့ စားနေရင်း နားကိုသာစွင့်နေမိတော့သည် ။

" ဟုတ်တယ် ကျမလဲ သတင်းကြားလို့ ဆိုင်ကို ခဏအပ်ခဲ့ပြီး အပြေးသွား
ကြည့်မိသေးတယ် ....အို...မကြည့်ရက်စရာဘဲ  ကျမလေ ကလေးကိုကြည့်ပြီး
သနားလွန်းလို့  မျက်ရည်ပါကျမိတယ် ကလေးက မျက်နှာဝိုင်းဝိုင်းလေးနဲ့ 
ချစ်စရာကောင်းလိုက်တာ ဒီလောက်အေးတဲ့ ဆောင်းတွင်းမှာ အနှီးစုတ်
တစ်ထည်နဲ့  လာပစ်ထားတာ "

လာပြန်ပြီနောက်တစ်ယောက် ...ဒေါ်မွှေးစိတ်ထဲကနေ ပြောနေမိသည် ။

" ဟုတ်တယ်ကွဲ့  ငါလဲသွားကြည့်လိုက်သေးတယ် အေ့.....ငါ့မြေးလေးသာ
ဆိုရင်တော့ ငါလဲ အဲ့ဒီနေရာမှာဘဲ သေသွားမလားမသိပါဘူး အာ့ပါးပါး
အဖြစ်ဆိုးလိုက်တဲ့ ကလေးပဲကွယ် "
" ဘာအပြစ်မှမရှိတဲ့ ဒီမွေးကင်းစ ကလေး လေးကို ဘာဖြစ်လို့  ဒီလို
လုပ်ရက်ကြတာလဲ အော်....လူတွေဟာ လူစိတ်များ ပျောက်ကုန်ကြပြီးလားမသိဘူး "
" အင်းးးးးခုခေတ်လူငယ်များသည်  တော်တော် အကျင့်ပျက်တဲ့ အထဲမှာ
အများကြီးကိုတွေ့ နေရတယ်လေ..."
" ဟုတ်တယ်..တိုင်းတစ်ပါးနိုင်ငံကိုသွားရောက်ပြီး ကောင်းတဲ့အတုကို မမှီဝဲကြ
မကောင်းသောအတုပကိုမှ ခေတ်မှီတယ် စတိုင်ပြည့်တယ်ဆိုတဲ့ အသုံးအနှုန်း
တွေကြား ရေပန်းစားပြီး အပြိုင်ဆိုင်သဘောနဲ့ အတုယူနေကြတယ်  အရှက်
အကြောက် တရားတွေလဲမရှိကြတော့ဘူး  --ိင် ကိစ္စတွေနဲ့  ပက်သက်ရင်လဲ
သိပ်ပြီးတော့ လေးလေးနက်နက် မစဉ်းစားနိုင်ကြတော့ဘူး လွယ်ကူတဲ့ စိတ်ကို
အလိုလိုက်ကြတယ် ဖြစ်လာတဲ့ပြဿနာကို ကြုံသလို ဖြေရှင်းဖို့  ၀န်မလေးကြ
တော့တာ တော်တော်ကိုဆိုးနေကြပြီး... "
" ဒီခေတ်မှာ စာပေမတတ် ဗဟုသုတ အကြားအမြင်ကမရှိ အသိအလိမ္မာက
နည်း ညစ်ညမ်းတဲ့ဗွီဒီယို ဇာတ်လမ်းတွေ ကြည့်တာ အဓိကတရားခံဘဲ ...."
" အေးဟုတ်တယ်...တိုင်းတစ်ပါးမှာ အလုပ်လုပ်ကြတဲ့ လူငယ်အများစုဟာ
ဟိုကပြန်လာရင် အဖက်ဆယ်မရအောင် ပျက်စီးလာတာများတယ်.."
" အေးလေ....ဟိုမှာအထိန်းအကွပ်မရှိ နေချင်သလိုနေ လုပ်ချင်သလို
လုပ်လာခဲ့တဲ့ အကျင့်ဆိုးတွေက အမိမြန်မာပြည်ကို ပြန်ပါလာတယ်လေ
ကိုယ့်မြို့ ကိုယ့်ရွာဌာနေမှာ နီးစပ်ရာ လူငယ်တွေက အတုခိုး  HIV ကနေ
AIDS အထိ ပြန့် ပွားနောက်ဆုံးတော့  ငါတို့  အမျိုးအနွယ်တွေပါ
တိမ်ကောသွားကုန်မှာ စိုးရိမ်နေမိတယ်....."

တစ်ယောက်တစ်ပေါက်နဲ့  ဟိုနားမှာ စုစု  ဒီနားမှာ စုစုနဲ့ ပြောဆိုနေတဲ့
အသံများကို မိမိကို လက်ညှိုးငေါက်ငေါက် ထိုးပြီးပြောနေကြသလို ခံစားလာရပြီးမို့ 
ဒေါ်မွှေး တစ်ယောက် ဆက်ပြီး ဟန်မဆောင်နိုင်တော့ပါ ။
ပိုက်ဆံနှစ်ရာတန် တစ်ရွက်ကို ချထားပေးပြီး နေရာက ခပ်သုတ်သုတ် ထွက်လာခဲ့မိသည် ၊
အစက ထူပူနေသောစိတ်ကို ဘာဆက်လုပ်ရ မည်ကိုမသိဘဲ ယောင်နန နှင့် ပြီးမှ စားစရာ
မ၀ယ်ရသေးတာကို သတိရပြီး ဈေးအနောက်ဘက်ကို ထွက်လာရင် မျှစ်စိမ်းနုနုလေးတွေ
ပုံရောင်းတာတွေလို့  တာလပေါ့ချက်စားရန် မျှစ်စိမ်း (၂)ပုံကို ရွေးယူပြီး  ၅၀၀ိ/တန်
တစ်ရွက် ထုတ်ပေးလိုက်သည် ။

" ဟင်...အဒေါ် အကြွေမပါလာဘူးလား  ပြန်အမ်းဖို့ အကြွေမရှိဘူး "
" မပါလားဘူးကွယ် ဒီတစ်ရွက်ဘဲ ပိုက်ဆံကျန်တော့တာ "
" ဒါဆို အဒေါ် ခဏစောင့်နော် ဟိုဘက်နားမှာ ကျမအကြွေသွားလဲလိုက်အုံးမယ် "
" အင်း....အကြွေမရှိတာလဲတစ်ဒုက္ခ သွားသွား "
ဒေါ်မွှေးတစ်ယောက် မျှစ်သယ်လေးအကြွေသွားလဲတာကို စောင့်ရအုံးတော့မည်
ဒေါ်မွှေး စိတ်ပျက် လက်ပျက်ဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်ရင်းက မီးသေနေတဲ့
ဆေးလိပ် ထုတ်ယူပြီး မီးညှိကာ တစ်ဖွာ နှစ်ဖွာ အားပါးတစ်ရ ရှုရှိုက်လိုက်သည် ၊
နေကတစ်ဖြေးဖြေး မြှင့်လာပြီး ဈေးကွဲစပြုနေပြီ ၊ဒီနေ့ တော့ အိမ်ကို ခပ်သွက်သွက်
ပြန်မှဖြစ်မည် သမီးလေးက နေကောင်းတာမဟုတ်တော့ အပြန်မှာ  ဆေးပါ
ဝယ်သွားအုံးမှဘဲ .....ဆိုပြီးတွေနေတုန်း ..။

" ကျမလေ စိတ်မကောင်းဖြစ်လွန်လို့  ဒီတစ်နေ့ လုံး နေလို့ ကို မပျော်တော့ဘူး...
မျက်စိထဲမှာ ဒီကလေး လေးကိုပဲ မြင်ယောင်မိနေတယ် .."

ဘုရားရေ.......ဒီအသံတွေက လွတ်ကို မလွတ်နိုင်တော့ပါလား ရင်ထဲမှာ အာမေ
ဋိတ်သံပြုရင်းနဲ့ အသံလာရာဘက်ကို လှည့်ကြည့်မိသည် ၊စောစောက ဒေါ်မွှေး
စားခဲ့တဲ့ မုန့် တီသည်တွေ နားမှာစုပြီး ပြောနေကြာတာကိုး လေသင့်နေ၍လားမသိ
စကားပြောသံများ နားထဲအတိုင်းသား ကြားနေရသည် ။
 
" မွေးမွေးချင်းကို နှာခေါင်းပိတ်သတ်ပြီး လာပစ်တာလား ...ညကတည်းက
လာပစ်ထားလို့  သွေးခဲပြီး သေသွားရတာလား မသိဘူးနော် ရင်နာစရာ
ကောင်းလိုက်တာ နော်..."
" အင်း....လုပ်ရက်လိုက်ကြတာ လောကကြီးမှာ ဒီလိုအဖြစ်အပျက်တွေ
ဘယ်လောက်များရှိနေပြီလဲမသိပါဘူး.."
" ဟူး...လင်ကောင်မပေါ်ဘဲ မွေးလာလို့ များလား..မိဘသဘောမတူလို့ ဘဲ
ဒီလိုလုပ်လိုက်တာလား စဉ်းစားစရာဘဲ "
" တစ်ချို့ ကြတော့လဲ အကောင်းအထည်ပေါ်လာတာကို သူများကဲ့ရဲ့ မှာ
ကြောက်လို့  တစ်ချို့ ကြတော့ တာဝန်ယူ ရမှာကြောက်လို့ လုပ်တာဖြစ်မှာပဲလို့ 
ထင်တယ် "
" ဘယ်လိုဖြစ်ဖြစ်လေ လူဆိုရင်တော့ လူလူချင်းစာနာဖို့ တော့ကောင်းတာပေါ့
ခုလိုဆိုတော့ တိရိစ္ဆာန်နဲ့  ဘာများ ကွာခြားသေးလို့ လဲ "

ပြန်ပြောလိုက်တဲ့ အသံကတော့ ဂရုဏာဒေါသကြောင့် ထင်သည်
အသံကမာပြီး တုန်ခါနေ၏ ။

" ကဲရပြီး အဒေါ်ရေ......ဒီမှာအကြွေ ၃၀၀ိ/ ... "

မသိမသာ နားစိုက် နားထောင်နေသော ဒေါ်မွှေးတစ်ယောက် ဈေးသယ်
ကောင်မလေး၏ အသံကို ကြားလိုက်မှ လှုပ်လှုပ်ရှားရှားဖြစ်လာကာ
ငွေအကြွေကို ယူလိုက်ပြီး ထိုင်ရာမှထရန်ပြင်သည် ။

" အဖွား- မျှစ်စိမ်းနုနုလေးတွေဝယ်သွားပါအုံး တစ်ပုံ ၁၀၀ိ/ ပဲ "
"နှစ်ပုံ  ၁၅၀ိ/ ထားပါလား ရရင် နှစ်ပုံယူမယ်ကွယ် "
" ဒါပဲကျန်တယ်ဆိုတော့ ယူသွားအဖွား "

ဈေးဝယ်သူအဒေါ်ကြီးသည် ဆောင့်ကြောင့်ထိုင်ချ လိုက်ရင်းက နံဘေးမှလူကို
အမှတ်တမဲ့ လှည့်ကြည့်လိုက်သည် ။

" ဟင်...နင်က အေးမြရဲ့ သမီး မွှေးမွှေးမဟုတ်လား "
" ဟုတ်တယ် အဒေါ်က ဘယ်သူလဲ "
" ငါက (.....) ရွာက နင့်အမေရဲ့ သူငယ်ချင်း ဒေါ်ဝါလေ....ပြန်တွေ့ ရတာ
ဝမ်းသာလိုက်တာကွယ် နင်အမေကော နေကောင်းလား "
" အမေသေသွားတာ (၁)နှစ်ကျော်ပါပြီ "
" ဟင်...ဟုတ်လား ငါတောင်မသိရပါလားကွယ်...နင် ဘယ်သူနဲ့ နေလဲ...
ခုကော ဘာတွေ လုပ်နေတာလဲ "
" ကျမယောင်္ကျားဆုံးပြီးတော့ သမီးနဲ့ အတူနေတယ်လေ ခုတော့ ကျမ
အကြော်စုံတွေလုပ်ပြီး ဆိုင်တွေမှာ လိုက်ပို့ ရင်း ဈေး ၀င်ဝယ်တာပါ
အဒေါ်ကော မျှစ်စိမ်း တာလပေါ့ချက် မလို့ လား "
" အေး...ဟုတ်တယ် ...ဟိုဆိုင်မှာ မုန့် တီဝင်ဝယ်ရင်းလေ အဲ့ဒီမှာ
ဟိုကလေး လေး အကြောင်း ပြောနေကြတာကြားလို့  ၀င်ပြီး နားထောင်
နေတာ နင်တောင်အဲ့ဒီအကြောင်းကို ကြားပြီးပြီ မဟုတ်လား "
" ဟုတ်ကဲ့.....ကြား...ကြားပြီပါပြီ "

ပြန်ဖြေသံမှာ တုန်တုန်ချိချိနဲ့ အားမရစရာပါ ။

" အင်း.......တော်တော်စိတ်ထိခိုက်စရာကောင်းတယ်ကွယ် ပြဿနာဆိုတာ
ဖြစ်မလာခင်က သတိပြုပြီး တားဆီးရမှာ မလွဲမရှောင်သာ ဖြစ်လာပြီဆိုရင်လဲ
ဘာတတ်နိုင်မှာလဲ ...ရခဲလှတဲ့ လူ့ အသက်တစ်ချောင်းကို ဒီလိုတော့ရက်ရက်
စက်စက် မလုပ်သင့်ဘူး ဒီလိုလုပ်တာဟာ လူသတ်တာဘဲ  သူများကို ဓါးနဲ့ 
သွားခုတ်တာမှ လူသတ်တာ မဟုတ်ဘူး...ကိုယ်ဝန်ဖျက်ချတာ မွေးလာတဲ့
ကလေးကို မလိုချင်လို့  ကျီးဆွဲဆွဲ ခွေးစားစားဆိုပြီး စွန့် ပစ်တာလဲ လူသတ်တာပဲ
မဟုတ်လား မမွေးရယ်.....အော်....ကျွတ်...ကျွတ် ရွံမုန်းစရာကောင်းလိုက်တဲ့
လူစိတ်မရှိတဲ့ လူတွေပါလာနော်.."

စိတ်ထဲရှိသလောက်ပြောချလိုက်သော ဒေါ်ဝါရဲ့ စကားများကြောင့် ဒေါ်မွေး၏
အရှိုက်တည့်တည့်ကို မှန်သည်မို့  သူ့ မျက်နှာ ထိန်းမရအောင်ပျက်လေသည် ၊
ဒေါ်ဝါကတော့ ဒါကိုမသိ ပြောနေရင်းမှ တစ်စုံတစ်ခုကို သတိရ မိသလိုဖြင့်
ဒေါ်မွေး၏ မျက်နှာကို ကြည့်လိုက်ပြန်သည် ။

" ဒါနဲ့  မမွှေး စကားကြုံလို့ ပြောရအုံးမယ် နင့်အမေနဲ့  ငါက ကျောင်းနေဘက်
သူငယ်ချင်းတွေဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် အစအဆုံး
သိကြတယ်လေ သူရည်းစား ထွန်းမောင်နဲ့  သဘောမတူလို့ ဆိုပြီး နင့်အဖိုးက
ခွဲလိုက်တော့ နင့်အမေမှာ ကိုယ်ဝန်ကြီးနဲ့  နင့်အဖွားလည်း စိတ်နာနာနဲ့ 
သူအမျိုးတွေဆီ သွားလိုက်တာ လုံးဝကို ပြန်မလာတော့ဘူး အဲ့ဒါ နင့် အမေရဲ့ 
ကိုယ်ဝန်ကို အတင်းဖျက်ချခိုင်းဖို့  လုပ်ကြတာ နင့်အမေက လက်မခံလို့ 
ငါ့ဆီကို ပြေးလာတာ နင့်ကိုမွေးပြီး နဲနဲကြီးမှ  သူ့ အမေဆီကို ပြန်တာ
နင်လူဖြစ်လာတာ နင့်အမေမှာ အဲ့ဒီ ကိုယ့်ရင်သွေး ဆိုတဲ့ အသိစိတ်ဓါတ်
ရှိလို့ ဘဲ မမွေးရေ...."
ဒေါ်ဝါတစ်ယောက် အားပါးတရကြီးပြောဆိုပြီးမှ မောသွားဟန်ဖြင့် နဖူးကချွေးကို
လက်နဲ့ သပ်ချလိုက်သည် ... ပြီးမှအထုပ်များကို ယူရင်း....။

" ငါလည်း သွားလိုက်အုံးမယ် မမွေးရေ.....နင်တို့ သား အမိလဲ အားရင် လာလည်ကြအုံး..."

မမွေးထံမှ ဘာစကားမှပြန်သံမရတော့ပါ........တရွေ့ ရွေ့ ထွက်ခွါသွားသော ဒေါ်ဝါ၏
သဏ္ဍာန်က သူ့ မျက်ဝန်းထဲမှာ ဝေေ၀ ၀ါးဝါး ရင်ထဲမှာလည်း တလှပ်လှပ် ......နဲ့ ....

"  ငါ...မှားသွားပြီ.....ငါ..အရမ်းကိုမှားသွားမိပြီ...." မိုက်နောင်တကြောင့် ကျလာတဲ့
မျက်ရည်တွေက တာကျိုးပေါက်သွား သည့် အလား .....ဒါကြောင့် ကြာနီကန်ဆရာတော်
ဘုရားကြီး မပျံလွန်တော် မူခင်က ဟောကြားခဲ့တဲ့ တရားခွေထဲမှာ " လူငယ်တွေမှားတော့
လူကြီးက ပြင်ပေးတယ် " " လူကြီးမှားတော့ ပြင်ကိုမရပါဘူးကွယ် " လို့  ဆိုခဲ့တာ
သွေးထွက်အောင်မှန်နေပါလား .....။


Stars


 * အရုပ်ကြိုးပြတ် ဖြစ်သွားသော သမီးကို အမြန်ဖမ်း ပွေ့ ပိုက်ရသော မိခင်၏ရင်မှာ..*

နောက်ကြောင်းကို ပြန်မတွေးချင်လောက်အောင်ပင် မတွေးဘဲလဲ နေလို့ 
မရ ...ဖတဆိုးလေးမို့  မပြောရက် မဆိုရက် ၊ အလိုလိုက်ထားမိတဲ့ သမီး ၊
စားဝတ်နေရေး မပြေလည်သည့်အထဲက ကြိုးစားပြီး ကျောင်းထား ၊ စာကို
တတ်အောင်မသင် ၊ ကျောင်းတက်ရတာကို ပျင်းတယ် အကြောင်းပြပြီး
ပညာ တစ်ပိုင်းတစ်စနဲ့ ရပ်လိုက် ၊ မိဘက မခိုင်းရက် မစေရက်နဲ့ 
ထားတာလည်း ကောင်းကောင်းမနေ ၊ အားနေ အပေါင်းအသင်းနဲ့ 
လျှောက်လည် မိန်းကလေးတန်မဲ့ အချိန်ခါကို နားမလည် ၊ အရွယ်ကလေး
ရောက်လာပြန်တော့ သက်တူရွယ်တွေ ဘယ်လိုဝတ်လဲ ဘယ်လိုစားလဲ
ဝတ်ချင် စားချင်ပြန်တယ် ၊ သူများနိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်လဲ
သူလဲသွားလုပ်ချင်တယ် ၊ စိတ်မချလို့  မလွတ်ပြန်တော့ အစာအငတ်ခံပြီး
စိတ်ကောက်ပြတယ် ၊ တော်တော်ကို ခက်တဲ့သားသမီး အဟာရပြတ်လို့ 
အိပ်ယာထဲလှဲနေတာ ဆေးတိုက်မခံ ၊ အော်.....နောက်ဆုံးတော့

မိဘက မျက်ရည်တွေကျ စိတ်ဆင်းရဲ ဒါနဲ့ ပဲ သွားခွင့်ပြုရော သူ့ မှာ

လှောင်အိမ်က လွတ်တဲ့ ငှက်ကလေးပမာ အပျံသင်ဖို့  ပျော်ရွှင်လို့ ပေါ့ ၊

ဒီလိုနဲ့ သွားလိုက်တာ (၂) နှစ်မပြည့်ဘူး အိမ်ကိုပြန်ရောက်လာ ၊ သူရုပ်က

လူမမာရုပ် အသွင်က စုတ်ပြတ်သပ် ပြန်လာတာကလဲ တစ်ယောက်ထဲ

မဟုတ်  ရင်ခွင်ထဲမှာ ပွေ့ ပိုက်ထားတာက မွေးကင်းစကလေးတစ်ယောက် ။


" အမေ......သမီးလေ  ...လူယုတ်မာနဲ့  ကြုံတွေ့ ခဲ့ရတယ်.......အမေရယ်.....
ဟိုမှာမသေချင်လို့  ဒီကို အရောက်....အားခဲပြီး ပြန်လာခဲ့တာပါ သမီးကို
ခွင့်လွတ်ပါ ......ဒီလူယုတ်မာရဲ့ သွေးကို မလိုချင်တော့ဘူး အမေလက်ထဲကို
အပ်...အပ်ပါတယ် "

ပြောရင်းနဲ့ ပဲ အရုပ်ကြိုးပြတ်သလို ဖြစ်သွားသော သမီးကို အမြန်ဖမ်း
ပွေ့ ပိုက်ရသော မိခင်၏ ရင်မှာ အစိတ်စိတ် အမွှာမွှာ.....ရင်ကွဲပက်လက်
ဝေဒနာထဲက ထွက်ကျလာတဲ့ သွေးစိမ်းရှင်ရှင်တွေကလဲ မျက်ရည်တွေဘ၀နဲ့ 
ပင်လယ်ဝေစွာ...။

တောင်းဆိုး ပလုံးဆိုး မဟုတ်တဲ့ သမီးမိုက်လေးကို မပစ်ရက် သမီးမိုက်ကို
သနားကြင်နာတဲ့ ဇောကပ်ပြီး မောဟတရားနဲ့  အားပေးကူညီမိတာ မိမိရယ်ပါ ၊
ငါတို့ မလိုပေမဲ့ ကလေးလိုချင်သူ တစ်ယောက်ယောက်တော့ ကောက်ယူ
မွေးစားမှာဘဲ ဆိုပြီ အတွေး ညံ့ညံ့ဖြင့် လုပ်လိုက်မိတာက အဆိုးဝါးဆုံးသော
အမှားတစ်ခု ဖြစ်ခဲ့ရပြီး......ခုတော့....ခုတော့.......။
ဒေါ်မွေးတစ်ယောက်...........တွေး ရင်းတွေးရင်းနဲ့ .....ကြေကွဲဆို့ နှင့်ခြင်းကို
မတရားကြီးဆိုးလာပြီး ခေါင်းထဲမိုက်ကနဲ့ ခံစားလိုက်ရသည်....ဘိုင်းကနဲ့ 
လဲမကျသွားအောင် သတိကပ်ကာ ထိန်းလိုက်ရင်း မိမိ ကိုယ်ကို စိတ်တည်ငြိမ်အောင်
ပြန်ထားလိုက်သည်..၊ အိမ်ပြန်ရောက်ရင် ဖြင့် ချစ်သမီးကို ပြောရန်
အတွက် အရေးကြီးဆုံး စကားတစ်ခွန်းကို သတိရမိလိုက်ပါသည်....။
(((  အဲ့ဒီစကားကတော့...)))

" ချစ်သမီးရေ.......မိန်းကလေးဆိုတာ......မှားမိပြီဆိုရင်လေ........အသူတစ်ရာ.....
((( တွင်းနက် )))
ကြီးကို......ငယ်သံပါအောင်........အော်ဟစ်ပြီးမှ.....ကျရတဲ့အမျိုးကွယ့်.........။ "


Stars

မိဘတိုင်း ....မိဘတိုင်း.....တန်ဖိုးရှိသော......သားသမီးများ....မွေးနိုင်ကြပါစေ......။
သားသမီးတိုင်း.......သားသမီးတိုင်း.......ကိုယ်ကျင့်တရားများ ကောင်းမွန်စွာ နဲ့ 
မိဘကို အလုပ်ကျွေးပြုနိုင်တဲ့ အမျိုးသမီးကောင်းရတနာများ ဖြစ်နိုင်ကြပါစေ........။
ဆုတောင်းရင်းနဲ့ .............

Stars


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>