အွန်လိုင်းကမ္ဘာလေးထဲကဂျီတော့နိုင်ငံလေးမှာပေါ့။ကောင်ကလေးနဲ့ကောင်မလေးမတွေရမမြင်ရပဲစာလေးတွေပို့ရင်းနဲ့အရမ်းခင်နေကြတယ်။
ခင်မင်နေကြတဲ့အချိန်မှာပဲကောင်ကလေးကကောင်မလေးကို့အရမ်းစွဲလန်းသွားတယ်။
မမြင်ရမတွေရတဲ့ကောင်မလေးကို့အချစ်စစ်နဲ့ချစ်မိသွားတာကောင်ကလေးရဲ့အမှားပေါ့။တစ်နေ့တော့ကောင်ကလေးကကောင်မလေးကို့
စာလေးပို့ပြီးချစ်နေတဲ့အကြောင်းကို့ဖွင့်ပြောလိုက်တယ်။ကောင်မလေးကလည်းသူခင်ရတဲ့ကောင်ကလေးစိတ်ထိခိုက်မှာစိုးလို့
မချစ်နိုင်ဘူးလို့ပြတ်ပြတ်သားသားမပြောခဲ့ဘူး။လေလိုင်းကနေစာနဲ့မမြင်မတွေရတဲ့အရာကို့သူမယုံကြည်ဘူးပေါ့လေ။
ကောင်မလေးကစကားအပြောအဆို့တွေနဲ့ရှောင်တိမ်းခဲ့တယ်။ဒါပေ့မဲ့ကောင်ကလေးကတစ်ခါမှမချစ်ဘူးတော့မတွေဘူးတဲ့ကောင်မလေးကို့
အရမ်းချစ်နေမိတယ်။ဒီလို့နဲ့တစ်နေ့နဲ့တစ်နေ့ကောင်ကလေးရဲ့အချစ်တွေကတဖြည်းဖြည်းပို့တိုးလာပြီးကွန်ပျူတာရှေ့ကမခွာနိုင်အောင်
ပဲ။ကောင်မလေးရောက်လာမဲ့ချိန်ကို့မျှော်ရင်းကွန်ပျူတာရှေ့မှာအချိန်ကုန်လွန်နေတယ်။ထမင်းလည်းပုံမှန်မစားနိုင်မအိပ်နိုင်ပဲဖြစ်နေတဲ့
ကောင်ကလေးကို့အချစ်ကအရာရာမှာစိုးမိုးထားတယ်လေ။ဒီလို့နဲ့ကောင်ကလေးမှာရောဂါဝေဒနာတွေက၀င်လာတော့တာပဲ။ကောင်ကလေး
ကရောဂါဝေဒနာတွေဂရုမစိုက်နိုင်ပဲကောင်မလေးနဲ့တွေရမဲ့ချိန်ကို့စောင့်မျှော်နေတုန်းပဲ။ဒီလို့နဲ့ကောင်ကလေးမှာရောဂါဝေဒနာတွေပို့
တိုးလို့ရူးကြောင်ကြောင်ဖြစ်သွားတယ်။သူရဲ့အချစ်ကသူကို့အနိုင်ယူသွားတာပေါ့။အဲဒီချိန်မှာကောင်မလေးကဘယ်ရောက်နေမှန်းမသိပေ့မဲ့
မမြင်ရမတွေရပဲအချစ်စစ်တွေပေးလိုက်တဲ့ကောင်ကလေးအဖို့မှာတော့ရူးကြောင်ကြောင်နဲ့ကွန်ပျူတာရှေ့ကမခွာပဲထိုင်နေမြဲမျှော်လင့်နေ
ဆဲပေါ့။
အချစ်စစ်အချစ်မှန်နဲ့ချစ်ခဲ့တဲ့သူတွေဟာအရာရာကိုရူးသွပ်စွာနဲ့အချစ်ရဲ့စေစားရာကို့လိုက်လုပ်တတ်ကြတယ်။အချစ်စစ်တွက်နဲ့
လူတွေဟာရူးသွပ်သွားနိုင်သလို့သေစေနိုင်တဲ့အထိအချစ်ကစေစားနိုင်တယ်။
ဒါကြောင့်အချစ်ကို့မလှည့်စားမိပါစေနဲ့။
(မည့်သူကို့မှမရည်ရွယ်ပါ)