"သူငယ်ချင်းတို့ လူ့ဘ၀မှာစိတ်ဓါတ်ကျစရာတွေအများကြီးတွေ့ကြုံကြမှာပါ ဒါပေမဲ့ အဲ့စိတ်ဓါတ်ကျစရာတစ်ခုကိုကျော်ဖြတ်ပြီးတိုင်း နှိုင်းဆလို့မရတဲ့ပျော်ရွှင်မှုကိုလည်းကြုံတွေ့ကြရပါတယ် ဒါပေမဲ့လူတိုင်းလူတိုင်းက အဲ့ပျော်ရွှင်မှုကိုမေ့ပြီးစိတ်ညစ်စရာစိတ်ဓါတ်ကျစရာတွေကိုပဲတွေးနေလို့ ပျော်ရွှင်မှုပျောက်ဆုံးသလိုဖြစ်နေတာပါ သူငယ်ချင်းတို့ဘာပဲဖြစ်ဖြစ် အားမငယ်ပါနဲ့ အရာရာကိုအားတင်းထားပါ စိတ်ဓါတ်မကျပါနဲ့ ကျခဲ့ရင်တော့ရအောင်ပြန်မြှင့်တင်ပေးပါ လောဘ ဒေါသ မောဟ ကိုလျှော့ထားပါ ပျော်ရွှင်မှုရရှိဖို့အတွက် ဒါတွေမရှီဖို့လိုအပ်တယ် သူများကောင်းစားရင်မနာလိုမဖြစ်ပါနဲ့ ဖျက်လိုဖျက်စီးမလုပ်ပါနဲ့ သူများကောင်းစားတာမြင်ရင်ကိုယ်ကောင်းစားသလိုပဲလို့သတ်မှတ်ကြပါ ဒါမှပျော်ရွှင်စရာတွေရရှိလာမှာပါ မိန်းကလေးတွေသတိပြုဖို့တစ်ခုပြောပြချင်ပါတယ် စိတ်ပုတ်တာတွေ ယုတ်မာတာတွေ အဲ့လိုမျိုးတွေကိုအတတ်နိုင်ဆုံးရှောင်ကျဉ်ပါ အဲ့ဒါတွေရှောင်ကျဉ်နိုင်ရင် ရုပ်မလှတဲ့လူတောင်တဖြည်းဖြည်းလှလာပါလိမ့်မယ် ကိုယ်ကိစ္စတစ်ခုလုပ်ပြီးတိုင်း မှန်မမှန်စဉ်းစားချင်ရင် မှန်ထဲကိုကြည့်လိုက်ပါ ကိုယ့်ရုပ်ကိုဆိုးလာတယ်လို့မြင်မိရင် မှားတာပဲ ကိုယ့်လုပ်ရပ်မှားတာသိတာနဲ့ပြင်ပါနောက်တစ်ခေါက်မဖြစ်ပါစေနဲ့ တကယ်လို့ မှန်ထဲကြည့်လို့ ပိုပိုလှလာတယ် ပိုပိုချစ်ဖို့ကောင်းလာတယ်မြင်ရင်တော့ အဲ့အတိုင်းကောင်းသထက်ကောင်းအောင်ဆက်ကြိုးစားပါ။ ယောက်ျားလေးတွေလည်းအဲ့လိုလုပ်ကြည့်ပါ အကျိုးထူးလာပါလိမ့်မယ် ကိုယ့်စိတ်ကိုယ်မလိမ်ပါနဲ့ အတတ်နိုင်ဆုံးကိုယ့်ကိုကိုယ်မလိမ်မိအောင်ဆင်ခြင်ပြီးနေပါ ပျော်ရွှင်ခြင်းတွေရောက်လာမယ်ဆိုတာကျိမ်းသေကိုအာမခံပါတယ်။ အချစ်ကြောင့်လည်းဝမ်းမနည်းပါနဲ့ ဒီတစ်ယောက်နဲ့ဝေးကွာခြင်းဟာ ကိုယ်နဲ့ဖူးစာမပါလို့သာသတ်မှတ်လိုက်ပါ။ လူတစ်ယောက်ကိုတကယ်ချစ်ရင် အဲ့လူရဲ့ စိတ်ကိုနားလည်နိုင်ရမယ် အဲ့လူဘာလုပ်လုပ်ခွင့်လွှတ်နိုင်ရမယ် မေတ္တာဆိုတာ တန်ပြန်ပါတယ် အကျိုးသက်ေ၇ာက်မှုရှိပါတယ်။ တစ်ခုတော့ရှိပါတယ် ကိုယ်ချစ်တဲ့သူမှာချစ်သူရှိတယ်ဆိုရင်တော့ လက်လျှော့လိုက်ဖို့အကြံပေးချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်သူ့ကိုချစ်သလိုသူ့ကလည်းသူ့ချစ်သူကိုချစ်မှာပဲလေ သူ့ချစ်သူနဲ့ကွဲရင်သူဝမ်းနည်းတာကို မြင်ချင်သလား သူမပျော်တာမြင်ချင်သလား သေချာစဉ်းစားပြီးဆုံးဖြတ်ပါ။ လူတစ်ယောက်ကိုမချစ်ပဲနဲ့ ချစ်တယ်လို့လည်းမပြောပါနဲ့ ဒါဟာ ဘ၀တစ်ခုနဲ့သက်ဆိုင်တယ်ဆိုတာကိုသူငယ်ချင်းတို့ကိုသိစေချင်ပါတယ်။ မေလေးလည်းအ၇င်တုန်းကနားမလည်ခဲ့ပါဘူး ဒါပေမဲ့အခုနားလည်းသွားခဲ့တယ် မေလေးလုပ်သမျှ အရာအားလုံးမေလေးပြန်ခံစားခဲ့ရတယ်လေ။ ဒါကြောင့်မေလေးလိုမဖြစ်အောင်အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြပါ။ မေလေးချစ်သူနဲ့မေလေးတွေ့ဆုံဖို့အတွက်မေလေး ကြားထဲမှာစိတ်ညစ်စ၇ာမျိုးစုံအောင်ကြုံခဲ့ဘူးပါတယ်။ ဒါပေမဲ့သူနဲ့ စချစ်ခဲ့တဲ့နေ့ကစပြီးမပျော်ဘူးဆိုတာမရှိခဲ့ဘူး နေ့ရက်တိုင်းပျော်ရွှင်ခဲ့တယ်။ သူ့အပေါ်ကိုမေလေးအတတ်နိုင်ဆုံးနားလည်ပေးတယ်။ လူတစ်ယောက်ကိုချစ်ရင် အချစ်တွေကိုဖုံးကွယ်မထားပါနဲ့ ချစ်လွန်းရင်ရောင့်တတ်တတ်တယ်လို့ တစ်ချို့လူများက လက်ခံကြပါတယ်။ အဲ့ဒါအမှန်ဆိုရင်တောင် ကိုယ်သူ့ကိုချစ်တာလေ ကိုယ်အပေါ်ကိုသူဘယ်လောက်ရောင့်တတ်တတ် အတတ်နိုင်ဆုံး သည်းခံရမှာပေါ့ ဒါမှအချစ်လို့ခေါ်မှာပေါ့ အချစ်ဆိုတာ က အလို့ချစ်တာလည်းမဟုတ်ဘူး အနဲ့ချစ်နဲ့ပေါင်းတာလည်းမဟုတ်ဘူး သံယောစဉ် မေတ္တာ ဂရုဏာ စေတနာ နားလည်မှု ယုံကြည်မှု သည်းခံမှုတွေပေါင်းစည်းထားတဲ့အရာဖြစ်တယ်။ ဒီအရာတွေအားလုံးကိုကို့ဘက်ကလုပ်ဆောင်နိုင်ပြီဆိုရင် ဒီလောက်ကမှာ ကိုယ်ဟာဘယ်လောက်ပဲ အခက်ခဲတွေကြုံကြုံ ပျော်ရွှင်ခြင်းတွေပြည့်စုံနေတဲ့အချစ်တစ်ခုကိုရရှိလာနိုင်မှာဖြစ်တယ်။ ဒါဟာကိုယ်တင်မက ကိုယ်ချစ်တဲ့သူပါနားလည်ထားဖို့လိုအပ်တယ် သူဘက်က မသိရင်တောင်ရှင်းပြနိုင်ရမယ် သူနားလည်အောင်ကိုယ်ကလုပ်ပြရမယ်။ ကိုယ်ချစ်တဲ့လူအတွက်ရှက်မနေပါနဲ့ အရှက်ဆိုတာဒီနေရာမှာသုံးဖို့မဟုတ်ပါဘူး ကိုယ့်ဘက်ကရှက်နေရင် သူ့နဲ့ခွဲရမှာပါ။ သူနဲ့ခွဲမလား အရှက်ပဲအကွဲခံမလား သေချာဆုံးဖြတ်ပါ။ အရှက်ဆိုတာကတော့သူ့ဘက်ကနားလည်ပေးရင် ကွဲဖို့ဆိုတာရာခိုင်နှုန်း ၀၀၀၀၀၀.၁ လောက်ပဲရှိမှာပါ။ ပြီးတော့ ကိုယ်လူတစ်ယောက်ကိုတကယ်ချစ်ရင် ၀မ်းနည်းစရာ ၀မ်းသာစရာ အားလုံးရင်ဖွင့်ပါ ဒါမှသူက ခွဲဝေခံစားပေးပြီး ကို့ကိုပိုနားလည်လာသလို ပိုပြီးချစ်လာမှာသေချာပါတယ်။ ယောကျာ်းလေးတွေအတွက်ကတော့ အခုလောလောဆယ်ခေတ်စားနေတဲ့ living together ပါ အတတ်နိုင်ဆုံးရှောင်ကျဉ်ပါ။ တကယ်လို့ အခွင့်အရေးတွေအခြေအနေတွေပေးခဲ့ရင်တောင်ကိုယ့်ဘက်ကအတတ်နိုင်ဆုံးရှောင်နိုင်အောင်ရှောင်လိုက်ပါ။ လက်ထက်တဲ့မင်္ဂလာဦးညအတွက်အဓိပါယ်ရှိဖို့ပြောပြတာပါ။ မဟုတ်ရင်အဓိပါယ်လုံးဝရှိတော့မှာမဟုတ်ပါဘူး။ သေချာစဉ်းစားကြည့်ပါ တစ်ခါ ပျော်ဖို့အတွက် တစ်သက်ပျော်ဖို့ကိုစွန့်လွှတ်မလား။ တကယ်လို့နေပြီးတဲ့သူတွေ ကျူးလွန်ပြီးတဲ့သူတွေရှိရင် လည်းအဲ့မိန်းကလေးကိုပဲ လက်ထပ်ပါ ပေါင်းသင်းပါ သစ္စာရှိပါ။ နောက်တစ်ယောက်ရှာတာတွေမလုပ်ပါနဲ့။ ဘာလို့လည်းဆိုတော့ ကိုယ်က အပျိုစစ်စစ်ကိုလက်ထပ်ချင်သလို အဲ့မိန်းကလေးကလည်းလူပျိုစစ်စစ်ကိုလက်ထပ်ချင်မှာသေချာတယ်လေ။ ကိုယ်ချင်းစာကြည့်ပေါ့နော်။ နောက်တစ်ခုကတော့ အခုယောကျာ်းလေးတော်တော်များများဟာ မိန်းကလေးတွေကိုအွန်လိုင်းပေါ်ကနေ မကောင်းတာတွေပြောနေကျပါတယ်။ မကောင်းတဲ့မိန်းကလေးကိုပြောတာကတော့ကိစ္စမရှိဘူးလေ။ မိန်းမကောင်းတွေကိုသွားပြောမိရင် အဲ့မိန်းကလေးဘယ်လိုနေမလဲ တကယ်လို့ ညီမ အမရှိတဲ့လူတွေစဉ်းစားကြည့်ပေါ့ ကိုယ့်ညီမကိုအဲ့လို လာပြောရင် ကိုယ်ဘယ်လိုခံစားရမယ် ကိုယ့်အမေ ကိုယ့်ချစ်သူကိုလာပြောရင်ဘယ်လိုခံစားရမလဲ ဒါမှမဟုတ်၇င်တောင်မြန်မာလူမျိုးပီပီ မြန်မာအမျိုးသမီးနေရာကနေ၀င်စဉ်းစားကြည့်လိုက်ပါ။ အဲ့လိုတွေပြောဆိုခြင်းဟာ မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ ကိုကျဆင်းစေသလို။ လူတစ်ယောက်ရဲ့ အသက်ပါသေစေနိုင်တာ။ မဟုတ်ရင်တောင်ဘ၀သေစေနိုင်တယ်။ အတတ်နိုင်ဆုံးအပြောအဆိုဆင်ခြင်ကျပါ။ နောက်တစ်ခုက ပျက်စီးနေတဲ့မိန်းကလေးတွေရှိပါတယ် မေလေးမြကျွန်းသာဘက်ကနေအိမ်ပြန်တုန်း မိန်းကလေးတွေ အတိုလေးတွေဝတ်ပြီး အမှောင်ထဲမှာ၂ယောက်တစ်တွဲဆီတွေ့လိုက်တယ်။ မေလေးအံ့သြသွားတယ်။ ရုပ်လေးတွေကလည်းချောချောလေးတွေ ဘာလို့အဲ့လိုလုပ်နေကျတာလည်းလို့ပေါ့လေ။ သေချာစဉ်းစားကြည့်ရင်တော့ အိမ်ရဲ့အခြေအနေရယ် မိဘတွေရဲ့ အခြေအနေတွေပေါ်မှာမူတည်နေတယ်လေ။ အဲ့လိုမိန်းကလေးမျိုးတွေ့ခဲ့ရင် တစ်ချို့ယောက်ျားက ပိုက်ဆံပေးပြီး အတူတူနေကျတယ်လေ။ ဒါဖြစ်သင့်လား။ မြန်မာလူမျိုးတွေလုပ်သင့်တဲ့အလုပ်လား။ တကယ်လို့ အခြေအနေတွေ မရှိရင်တောင် အဲ့အလုပ်ကိုရှောင်ပြီးကြိုးစားသင့်တယ်လေ။ ယောက်ျားလေးတွေကရော အဲ့လိုလုပ်ရလား စဉ်းစားကြည့်လေ အဲ့လိုမိန်းကလေးတွေတွေ့ရင် ရှောင်သင့်တယ် မရှောင်နီုင်ရင်တောင် ကိုယ်ပိုက်ဆံအဲ့လောက်တတ်နိုင်ရင် အဲ့လိုတွေလုပ်မနေပဲ ကူညီပေးလိုက်ပါလား။ သူတို့တွေဒီလိုမလုပ်အောင်လေ။ တစ်ချို့ မိန်းကလေးတွေကတော့ချမ်းသာရက်နဲ့ဝါသနာပါလို့လုပ်နေကြတယ်။ ဒီလိုမိန်းကလေးတွေကို မိဘတွေကဘာလုပ်နေလည်း ဘာလုပ်နေလို့ပစ်ထားတာလည်း မိန်းကလေးတွေကရောဘာလို့အဲ့လိုလုပ်နေကြတာလည်း သူတို့တွေရဲ့လုပ်ရက်တွေကြောင့် သန့်ရှင်းဖြူစင်တဲ့မြန်မာအမျိုးသမီးအများစု ပေါ့ ကိုယ့်ချွေးနည်းစာကို ကိုယ်ရှာစားနေတဲ့မိန်းကလေးတွေပေါ့။ ညဘက်မှာအလုပ်ကပြန်လာကြရတယ်။ တစ်ချို့ကလည်းကိစ္စရှိလို့ညဘက်ပြန်လာကြတယ်။ ဒါကို တစ်ချို့ယောက်ျားတွေက မကောင်းတဲ့မိန်းမ တွေကိုပြောသလိုလာပြောကြတယ်။ စော်ကားကြတယ်။ ဒါတွေဖြစ်သင့်လား။ ဒါတွေလုပ်သင့်လား။ တကယ်လို့ မိန်းကလေးများအဲ့လိုတွေကြုံတွေ့ခဲ့ရင် လူတွေရှိရင်အော်လိုက်ပါ အော်လို့မရရင် အိတ်ထဲမှာတစ်ခုခုဆောင်ထားပါ။ ကိုယ့်ကိုစော်ကားလာရင်တော့ ကိုယ်ဆောင်ထားတဲ့လက်နက်နဲ့ပြန်ချပါ သေရင်လည်းသေပါစေ ဒီလိုလူမျိုးကိုသတ်လို့ ထောင်ကျမယ်ဆိုရင် အဲ့ထောင်ချတဲ့လူကိုခွေးလို့သာသတ်မှတ်လိုက်ပါတော့။ မြန်မာအမျိုးသမီးတွေကိုအလေးမထားတဲ့လူတွေမို့လို့ပါ။ မြန်မာနိုင်ငံတိုးတတ်စေချင်ရင် မြန်မာအမျိုးသမီးတွေကိုတန်ဖိုးထားပါ ဂုဏ်ကိုမြှင့်တင်ပေးပါ။ အားနည်းသူကိုကူညီပါ အားသာတဲ့သူတွေကပေါ့။ ကိုယ်ရှာထားတဲ့ငွေကို အဖိုးတန်ပြန်ထွက်အောင်လုပ်ဆောင်ပါ။ ဘုရားကိုလှူတာထက် လူ့ဘ၀ကိုမြှင့်တင်ပေးတာကိုပိုအကျိုးရှိပါတယ်။ တကယ်လို့ ကျွန်မတို့မြတ်စွာဘုရားသာ သက်ရှိထင်ရှားရှီမယ်ဆိုရင် အဲ့လိုပြူမူကူညီခြင်းကိုသဘောတူညီမှာသေချာပါတယ်။ အဲ့လိုလူကသာ နတ်ပြည်မှာနတ်သားဖြစ်မှာပါ။ ဘုရားလှူပြီး မြန်မာအမျိုးသမီးတွေကိုစော်ကားနေရင် ဒါဘာမှအဖိုးတန်လာမှာမဟုတ်ပါဘူး။ ကမ္ဘာ ပေါ်မှာသာ အဲ့လိုမျိုးတွေကူညီသူတွေပေါများလာပြီးဆို၇င် မြန်မာနိုင်ငံကြီးသာမက တစ်ကမ္ဘာလုံးတိုးတတ်လာမှာပါ။ လူတိုင်းလူတိုင်း ကိုယ့်ဘ၀ကို နှလုံးသားလှလှလေးတွေနဲ့ တည်ဆောက်စေလိုလို့ပြောပြခြင်းဖြစ်ပါတယ်။ " အမှားပါရင်တော့ခွင့်လွှတ်နားလည်းပေးပါ။ အားလုံးကိုလေးစားလျှက် VENUS
↧
သူငယ်ချင်းတို့သိစေချင်လို့ပါ
↧