ဟိုးကောင်ကင်ကြီးကို ငေးမောရင်း ပူနွေးသောအရည်များ ပါးပြင်ပေါ်သို့စီးကျလာသည်။ဘာဖြစ်လို့လဲ။လောကကြီးက ဘာဖြစ်လို့ မတရားတာကို ဖန်တိးပေးရတာလဲ။ညီမလေးမှာ အပြစ်ရှိလို့လား။ငယ်ငယ်ရွှယ်ရွှယ်နဲ့ ပျော်ရွှင်သင့်တဲ့ အချိန်မှ ညီမလေးကို ဘာဖြစ်လို့ခေါ်ဆောင်သွားရတာလဲ ဘာဖြစ်လို့လဲ။
မျက်စီမှိတ်လိုက်တော့ အတိတ်က အကြောင်းတွေ မျက်စီထဲမှာ ပြန်ပေါ်လာလေသည်။
"ကိုယ်ကြီး ညီမလေးဗိုက်စာတယ်"
"အေး ညီမလေးခဏလေးစောင့် အစ်ကို သွားဝယ်လိုက်အုံးမယ်"
"ညီမလေးလဲ လိုက်မယ်လေ"
"မလိုက်ပါနဲ့ ညီမလေးရာ အပြင်မှာ မှောင်နေပြီ"လက်ထဲငုံကြည့်လိုက်တော့ ပိုက်ဆံ ၅၅၀တည်းရယ်။ဒီပိုက်ဆံ ၅၅၀နဲ့ တို့မောင်နှမနှစ်ယောက်ဘာသွားစားရမှာလဲ။လမ်းထိပ်ကို ထွက်လာလိုက်တယ်။ဟောင်းနွမ်းနေတဲ့ ထမင်းဆိုင်လေးထဲကို ၀င်ပြီး"အန်တီရေ ဒီဟင်းလေးက ဘယ်လောက်လဲမသိဘူး"
"သားရေ အဲ့ကြက်ဥချဉ်ရည်ဟင်းက ၂၀၀"
"အော် ဒီဟင်းကရော"
"အဲ့ဒါက၂၅၀"
"ဒါဆိုမဖြစ်သေးဘူး"
"ဒီဟာလေးပဲပေးတော့အန်တီ"ကြက်ဥချဉ်ရည်ဟင်းလေးဆွဲလာပြီး ပြန်လာခဲ့တာပေါ့။အိမ်ရှေ့ရောက်တော့ ညီမလေးခဗျာ ဘယ်လောက်စာနေပြီလဲမသိ ထမင်းပန်ကန်တွေတောင် အပြင်ထုတ်ထားတယ်။အော် ဆိုးသွမ်းလိုက်တဲ့ ငါတို့ ဘ၀ ဘယ်တော့မှ အဆင်ပြေပါ့မလဲ။
"ညီမလေး ထမင်းပန်းကန်က ဘယ်နှချပ်တောင်လဲ"
"ကိယ်ကြီးအတွက်ကောလေ"
"ကိုယ်ကြီးက စားပြီးသွားပြီ လမ်းမှာ သူငယ်ချင်းနဲ့တွေ့လို့ မုန့်စားလာတယ် ဗိုက်အင့်နေလို့ စားလို့မ၇တော့ဘူး"
"တကယ်သေချာလို့လား"ညီမလေးခဗျာ မယုံတ၀က် ယုံတ၀က်နဲ့ မေးရှာတယ်။
"ဟုတ်တယ်ညီမလေးရေ ကိုယ်ကြီးစားပြီးသွားပြီ"ဆိုမှ သူ့ခဗျာ အားပါးတရ စားရရှာတယ်။အော်....ငါတို့ဒီအတိုင်းဆက်နေရင်မဖြစ်သေးပါဘူး။မနက်ဖြန်ကျရင် ညီမလေးကို အဒေါ့်အိမ်ပြန်ခေါ်သွားရမယ်။ဘ၀ဆိုတာ ဒီလိုပဲလား။ညီမလေးစားသောက်ပြီးအိပ်တော့ အပြင်ထွက်လာပြီး အရင်ကအကြောင်းတွေ
ပြန်တွေးမိတယ်။အဖေနဲ့အမေ ဆုံးပြီးကတည်းက မောင်နှမနှစ်ယောက် အဒေါ့်အိမ်ပေါ်က ဆင်းလာတာ။အခုဆို ငါ့ညီမလေးက ကျောင်းတက်သင့်တဲ့အရွှယ်လေးပါ။ငါနဲ့လိုက်ပြီ ဒုက္ခတွေ လိုက်ခံနေရတယ်။မဖြစ်ဘူး။မနက်ဖြန်ကျရင်အဒေါ့်အိမ်ပြန်သွားရမယ်။ဒါမှ ငါ့ညီမလေးကျောင်းတက်ရမှာ ငါနဲ့နေရင် ကျောင်း
တက်ရမှာ မဟုတ်ဘူး။
မနက်မိုးလင်းလာတော့ မောင်နှမနှစ်ယောက် ထမ်းစားပြီး ကိုယ်လက်သန့်စင်လိုက်တယ်။"ညီမလေး အစ်ကိုတို့ အန်တီလေးအိမ်ကိုပြန်ရအောင်"
"ဟင့်အင်း.....မသွားဘူး အန်တီလေးက ကိုယ်ကြီးကိုရိုက်တယ်ညီမလေးမသွားဘူး"
"ကိုယ်ကြီးနဲ့လမ်းမှာတွေ့တယ် ညီမလေးရဲ့ ပြန်လာခဲ့ပါတဲ့ အဲ့ဒါကြောင့် ကိုယ်ကြီးတို့ ပြန်သွားကြရအောင်နော်"
"ကိုယ်ကြီးကို မရိုက်ဘူးဆိုရင်တော့ သွားမယ်"မောင်နှမနှစ်ယောက် အထုပ်ကလေးတွေနဲ့ အဒေါ့်အိမ်ကိုရောက်သွားတယ်။တွေ့တော့ အဒေါ်က အိမ်ပေါ်ကပြေးဆင်းလာပြီး "အတော်ပဲ အဒေါ်လည်းမင်းတို့ရှိကိုလာမလို့"မောင်နှမနှစ်ယောက်လုံးကြောင်သွားတယ်။မယုံကြည်နိုင်တဲ့ မျက်လုံးနဲ့ ညီမလေးက သေချာကြည့်
နေတယ်။ထူးဆန်းတယ်ပေါ့။အဲ့ဒါနဲ့ အိမ်ပေါ်ကိုခေါ်တင်သွားပြီး"သမီး မုန့်သွားဝယ်စားလေကွယ်"ဆိုပြီး မုန့်ဖိုးထုတ်ပေးတယ်။ကျွန်တော်သဘောပေါက်လိုက်ပြီ ဒီကိစ္စကို ညီမလေးမသိစေချင်လို့ပဲ"ပြောလေ အန်တီ ဘာပြောမလို့လဲမသိဘူး"အန်တီက အစချီလိုက်တယ်။
"'ဒီလိုကွဲ့ မင်းရဲ့ညီမလေးကို ချမ်းသာတဲ့ အန်တီကြီးတစ်ယောက်က မင်းညီမလေးကို မွေးစားချင်လို့တဲ့"
"အန်တီ ဆက်မပြောနဲ့တော့ဗျာ ညီမလေးကို ကျွန်တော် ဘယ်လောက်ချစ်တယ်ဆိုတာ အန်တီလဲ သိရဲ့သားနဲ့"ကျွန်တော်ဒေါသထွက်သွားတယ်။အန်တီက ဆက်ပြောတယ်။
"မင်းငါပြောတာကို သေချာနားထောင် ငါ့ကို ဘာမှ ဆက်မပြောနဲ့ အခုငါလုပ်တယ်ဆိုတာက ငါ့အတွက် ဘာမှမပါဘူး မင်းညီမကောင်းစားဖို့အတွက်လုပ်ပေးတာ...မင်းနဲ့နေတုန်းကလို စုတ်စုတ်ပြတ်ပြတ်မနေရဘူး..နောက် ကျောင်းတက်ရမယ်..ထမင်းကိုလဲ ၀၀လင်လင်စားရမယ်..ပိုက်ဆံဆိုလည်းပြောစရာမရှိ
အောင်ချမ်းသာတာ...မင်းစိတ်ခံစားမှုတစ်ခုတည်းအတွက်နဲ့ မင်းညီမဘ၀ကို မင်းသတ်မလို့လား မင်းလည်းဦးနှောက်ရှိတဲ့ လူတစ်ယောက်ပါ စဉ်းစားကြည့်လေ မင်းအတွက်နဲ့ မင်းညီမဘ၀ကို စတေးတော့မှာလား"အန်တီပြောတဲ့ စကားတွေနားထဲမှာထပ်လာလေပြီ။ဟုတ်တယ် အန်တီပြောတာမှန်တယ်။ငါ့စိတ်ခံစား
မှုတစ်ခုတည်းအတွက်နဲ့ ငါ့ညီမလေးကို မရက်စက်သင့်ဘူး။"သူတို့ တကယ်ပြောတဲ့အတိုင်းလုပ်ပေးမှာနော်"ကျွန်တော် သေချာအောင်မေးလိုက်တယ်။
"ဟုတ်တယ်"'အင်း.......ငါ့ညီမလေးကောင်းစားဖို့ ငါ့ဘာဖြစ်ဖြစ်ပါစေ။"ဟုတ်ပြီ အန်တီရာ ညီမလေးကို ခေါ်သွားလိုက်ပါ" ဘယ်အချိန်တည်းကရောက်နေမှန်းမသိတဲ့ ညီမလေးက ကျွန်တော့ကို ပြေးပြီလာဖက်တယ်။မျက်ရည်တွေနဲ့ပါလား ညီမလေးငိုနေတယ်ပေါ့။
"မလိုက်ဘူး ညီမလေး ကိုယ်ကြီးနဲ့ပဲနေမယ် ကိုယ်ကြီးကလွဲပြီး ညီမလေးဘယ်သူ့ကိုမှ မချစ်ဘူးလို့ပြောပြီးပြီဘဲ..အီး..ဟီးး"ငါ့စိတ်ကိုတင်းထားမှဘဲ ငါ့ညီမကောင်းစားဖို့အတွက်ပဲ တင်းထားစမ်းပါ မငိုနဲ့ အဲ့မျက်ရည်တွေမကျနဲ့ ငိုသံပါလို့မဖြစ်ဘူး။
"မရဘူး..နင့်ကို ငါရှာမကြွေးနိုင်တော့ဘူး...နင့်အတွက်ငါဘယ်လောက်ဒုက္ခရောက်ခဲ့ရတယ်ထင်လဲ...နင်ဗိုက်မပြည့်မှာ စိုးလို့ ငါတောင် ထမ်း၀၀လင်လင်စားရတာမဟုတ်ဘူး....နောက် ကိစ္စတစ်ခုဆိုနင့်ကိုပဲ ဂရုစိုက်နေရတာ...ငါ့မှာ ငါ့အတွက်မပူရဘူး..ငါ့ကောင်မလေးအတွက်မပူရဘူး..ဒီဘာမဟုတ်တဲ့ နင့်အတွက်
ပူနေရတာ..."
"ကိုယ်ကြီးပြောတော့ ညီမလေးကလွဲပြီး ဘယ်သူမှမ၇ှိဘူးဆို ညီမလေးကိုပဲချစ်တာဆို....အီး....."မငိုပါနဲ့ကွာ ညီမလေးငို၇င် အစ်ကို့စိတ်တွေကို ဘယ်လိုတင်းထားနိုင်တော့မလဲ။"အခုဆို ကိုယ်ကြီးက ညီမလေးကို ညီမလေးလို့တောင်မခေါ်တော့ဘူးနော်...ကိုယ်ကြီးအရမ်း၇က်စက်တာပဲ"ညီမလေးကိုာကည့်လိုက်တော့
မျက်တောင်ရှည်ရှည်လေးတွေမှာ မျက်ရည်ဥလေးတွေတွဲခိုလို့ မငိုပါနဲ့ကွာ...ငါ့စိတ်ကိုနိုင်အောင်တင်းထားစမ်းပါ။
"ဟုတ်တယ်ဟာ ရက်စက်တယ် ဘာဖြစ်လဲ...နင်မ၇ှိတော့ ငါလည်းထမင်း၀၀လင်လင်စားရတယ်...နောက်ပြီးနင့်ကိုလည်းဂရုစိုက်စရာမလိုဘူးလေ"ကျွန်တော့၇ဲ့ ငိုသံပါနေသော အသံကို ထိန်းလိုက်တယ်။နောက်ကျွန်တော်ဟန်ဆောင်ပြုံးရင်း "နင်သွားလေ ဘာလုပ်နေတာလဲ...နင့်ကို ငါတာဝန်မယူတော့ဘူးနော်"
အဲ့ဒါနဲ့ ညီမလေးက"ညီမလေးမှာအစ်ကိုဆိုလို့ ကိုယ်ကြီးတစ်ယောက်ပဲရှိတာပါ..ဒါပေမဲ့ အစ်ကိုက မလိုတော့ဘူးဆိုတော့ ညီမလေးလိုက်သွားပါ့မယ်။အစ်ကိုရက်စက်တယ်နော်"ညီမလေးပြောပြီး အိမ်ပေါ်က ပြေးဆင်းသွားတယ်။ကျွန်တော် ကြမ်းပြင်ပေါ်မှာ ပုံလျှက်ကျသွားတယ်။မရက်စက်ပါဘူးညီမလေးရယ်....
အစ်ကို့ဘ၀မှာ ရှိတာဆိုလို့ ညီမလေးပါပဲ။ညီမလေးကို မလိုတာမဟုတ်ပါဘူး...အရမ်းကိုလိုတာပေါ့ အစ်ကိုအသက်ရှင်နေတာညီမလေးအတွက်ပဲဟာကို..ယောကျာ်းတန်မဲ့ ပါးပြင်ပေါ်သို့မျက်ရည်များကျလာလေသည်။အားပါးတရအော်ငိုလိုက်သည်...ဟီး...အီး...ညီမလေးရေ