ကော်ဖီတစ်ခွက်.......
အေးစက်မသွားခင်
နာကျင်ခြင်း ၀မ်းနည်းခြင်းများနှင့်အတူ
ပူနွေးနွေးလေးမှာ မြိုချ .....
စိက်ကူးထဲမှာလဲ
ခါးသက်သက်နဲ့ သျှတတ....။
ကော်ဖီသောက်တိုင်း သတိရနေမယ်လို့ သူတစ်ခါက ပြောခဲ့တယ်လေ.... သူကကော်ဖီကြိုက်တယ်တဲ့.... ခါးသက်
စွဲမက်စေလို့တဲ့. ကျွန်တော် ကော်ဖီ မကြိုက်ပါဘူး..... သူသောက်တော့ လိုက်သောက်ခဲ့တယ်.... ကော်ဖီကြိုက်လားဆိုတော့လဲ...အင်းလို့
ပြန်ပြောဖြစ်ခဲ့တယ်... အခု မကြိုက်ပေမဲ့လဲ နောက်တော့ ကြိုက်လာလိမ့်မယ်လို့လဲ ထင်ခဲ့တယ်။ ချစ်သူကို ကိုယ်စားပြုတဲ့ ကော်ဖီလေးပဲ
ကိုယ်လဲ ကြိုက်ရမှာပေါ့.....။
ကော်ဖီရဲ့ ခါးသက်ခြင်းတွေက ခဏတော့ စွဲမက်စရာကောင်းတယ်..... နောက်တော့ ခံတွင်းချဉ်လာတယ်... သူက
ဘာမှ မဖြစ်သလိုနဲ့ ကော်ဖီရဲ့ ကောင်းခြင်းတွေကို ချီးမွမ်းပြီး ထပြန်သွားခဲ့တယ်...... သူ ချီးမွမ်းခဲ့တဲ့ အထဲမှာ ကော်ဖီသောက်ခြင်းကြောင့်
စိတ်ကျရောဂါ မဖြစ်ဘူးဆိုတာရယ် ၊ နောက်ပြီး ( Exhilaration factor ) လို့ခေါ်တဲ့ “ အိပ်ယာထမှာ သောက်ရတဲ့ ကော်ဖီတစ်ခွက်ကရဲ့
လန်းဆန်းတက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်းမှာ သောက်ရတဲ့ လ္ဘက်ရည်က နောက်ထပ် လုပ်မပေးနိုင်ဘူး”ဆိုတာကိုတော့မှတ်မိတယ်
ကျန်တာတွေကတော့ ဝေေ၀၀ါးဝါးနဲ့ အဲဒီ အချိန်ကတည်းကက်ာဖီလေးကိုမသိစိတ်ထဲမှာ မုန်းနေမိခဲ့တယ်သူ့နဲ့ကျွန်တော့်ရဲ့ရှားပါးလှတဲ့
ဆုံတွေ့ချိန်တွေကို ကော်ဖီလေးက ယူဆောင်သွားခဲ့လို့ပေါ့.......
ကော်ဖီကြောင့် ရင်တုန်တယ်.... တစ်ရက်ကို (၃)ခွက်ထက် ပိုမသောက်သင့်ဘူး ဆိုတာတော့... နောက်မှ သိခဲ့ရ
တယ်၊ ဘာအထောက်အထားမှတော့ မရှိပါဘူး..... ဘာကောင်းကျိုး ဆိုးကျိုးတွေကိုမှ ကျွန်တော် မစဉ်းစားခဲ့တော့ပါဘူး၊ ကြားရသမျှ
နားထောင်ခဲ့တာပါပဲ.....။ အခုတော့ ကျွန်တော် ကော်ဖီသောက်တတ်သွားခဲ့ပြီလေ.......။
ကော်ဖီမလေးက ကျွန်တော့်ကို အကြောင်းပြချက်မရှိပဲ ချန်ထားခဲ့တယ်..... ကျွန်တော် ကြေကွဲရင်းနဲ့ အိပ်မက်တွေ
ဖန်ဆင်းခဲ့တယ်၊ ကျွန်တော် ထင်ပါတယ် ကော်ဖီ မကြိုက်တတ်ခဲ့တဲ့ ကျွန်တော့်မှာ အားနည်းချက်တွေ ဖြစ်ခဲ့တယ်လို့.......၊ ကောင်မလေး
အတွက် ကော်ဖီရဲ့ လန်းဆန်းခြင်းတွေကို တကယ်တော့ ကျွန်တော် မပေးနိုင်ခဲ့ပါဘူး။
ကျွန်တော် အခု ကော်ဖီမသောက်ရရင် မနေနိုင်တော့ဘူး..... ကော်ဖီကိုတောင် ခါးခါးလေး သောက်ဖြစ်လာတယ်..
ကော်ဖီရဲ့ မွှေးပျံ့ခြင်းတွေ..... ကော်ဖီရဲ့ နွေးထွေးမှုတွေ...... ကော်ဖီရဲ့ ခန့်ငြားခြင်းတွေကို ကောင်မလေးကို ပြောပြချင်တယ်... သူဘယ်
လောက် ပျော်လိမ့်မလဲလို့..... ဟိုတုန်းကသာ သောက်တတ်ခဲ့ရင် ကျွန်တော့်ကို ကောင်မလေး ထားသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်လေ
ကော်ဖီလေးတွေကို မမုန်းတော့ဘူး..... ကော်ဖီလေးရဲ့ စွဲမက်စရာလေးတွေကို တမ်းတတတ်လာလို့ပါ.....
တစ်ယောက်ထဲ ကော်ဖီ သောက်တဲ့ အချိန်တွေမှာရော...... ကော်ဖီ မသောက်ဖြစ်တဲ့ တစ်ချို့သော အချိန်တွေမှာပါ
ကောင်မလေးကို လွမ်းတတ်ပါတယ်..... ကောင်မလေးလဲ ကော်ဖီလေးတွေ ပုံမှန်သောက်နေဦးမှာပါ..... သူရှိနေတဲ့ တစ်နေရာရာမှာပေါ့
ကောင်မလေးအကြောင်းတွေးနေရင်း အငွေ့ပျံနေတဲ့ ကော်ဖီခွက်လေးက အခု အေးစက်သွားခဲ့ပြီ..... ကော်ဖီ အမြှုပ်လေးတွေလဲ ကျဲပါး
ကုန်ကြပြီ...... ကျွန်တော် အေးစက်နေတဲ့ ကော်ဖီခွက်လေး မပြီး တစ်ငုံသောက်လိုက်မိတယ်..... အေးစက်သွားလို့ထင်တယ်.... အချို
နဲနဲ ကဲသွားတယ်.... ကော်ဖီဆိုတာ အေးသွားတော့ အခါးသက်သာပြီး အချိုကဲသွားတယ်ဆိုတဲ့ အရေးမပါတဲ့ အမှန်တရားလေးတစ်ခုကို
သိလိုက်ရတယ်......
ကော်ဖီနွေးနွေးလေးက ခါးသက်
လူတိုင်းကြိုက်နှစ်သက်ကြတယ်...
အခုတော့လေ...
ကော်ဖီပူလေး အငွေ့တွေခမ်း
အေးချမ်းသွားခြင်း မဟုတ်
အေးစက် သွားခြင်းပါ........။
ဒီ.. အမှန်တရားလေးက ဘယ်နေရာမှာ အသုံးဝင်လိမ့်မလဲလို့.... စဉ်းစားဖြစ်သေးတယ်.. တကယ်တော့ လူတွေက
ကော်ဖီကို မအေးခင်မှာပဲ ကုန်အောင်သောက်ပစ်ခဲ့ကြတာပဲလေ.. အေးစက်သွားတဲ့ အထိ စောင့်ကြမယ် မထင်ပါဘူး.... အသုံးမ၀င်တဲ့
အမှန်တရားတစ်ခုတွေ့ရှိခဲ့ကြောင်းကိုတော့..... ကဗျာလေးတစ်ပိုဒ် ရေးလိုက်တယ်..... ကော်ဖီမလေးကိုလွမ်းလို့လေ....။ သူလဲ ကော်ဖီ
သောက်နေမှာပါ....... ကော်ဖီ သောက်တိုင်းမှာလဲ သူ့ရဲ့ ကတိစကားတွေအတိုင်း ကျွန်တော့်ကို သတိရနေမယ်လို့တော့.........
အေးစက်သွားတဲ့အခါ
အခါးတွေ လျော့နည်း
အချိုလေးတွေ ကဲလာတယ်..
ဘယ်သူမှ မသောက်ပဲနဲ့
အေးစက်သွားတဲ့အခါမှာလေ.....