NGOအဖွဲ့များ ၊ ပရဟိတလုပ်နေသော အဖွဲ့များ ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ကုသိုလ်ကောင်းမှု အလှူလုပ်ချင်ကြသူများအတွက် တကယ်လိုအပ်နေသော နေရာများသို့ သွားရောက်လှူဒါန်းနိုင်အောင် လမ်းညွန်ခြင်းဖြစ်ပါသည်။ဓာတ်ပုံများနှင့် မဖော်ပြပေးနိုင်တာ ခွင့်လွှတ်ပေးကြပါ။
“တိက္ခာရာမ”
သီလရှင်စာသင်တိုက် နှင့် သီလရှင်သင်ပညာရေးကျောင်း၌ ဆောက်လုပ်မည့် ကုသလာရာမ သုံးထပ်ကျောင်းတော်ကြီး အတွက် ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ရန်
“တိုက်တွန်းနှိုးဆော်လွှာ”
ကျောင်းတိုက်စတင် အလှူရှင် နှင့် ပေါ်ထွန်းလာရ တက္ခာရာမ
၂၀၀၅-ခုနှစ်တွင် သာသနာ့မယ်တော်ကြီး ဒေါ်ညွန့်ဝေ(ပိဋကတ်နှင့်နိဗ္ဗန်ကုန်ဆိုင်) စမ်းချောင်းနှင့် ၊ ဗိုလ်မှူးကြီး သာဝင်း(ငြိမ်း)+ဒေါ်မြမြယဉ်(၀င်းဂေဟာ) မိသားစု သုဝဏ္ဏတို့ မတည်လှူဒါန်းသော မြေပေါ်တွင် တိက္ခာရာမ သီလရှင် စာသင်တိုက်ကို တည်ထောင်ကာ မိဘမဲ့ကလေးများနှင့် နွမ်းပါးသော ကလေးများကို အဓိကထားလက်ခံပြီး လောကုတ္တရာ စာပေနှင့် လောကီစာပေများ သင်ကြားပေးလျက်ရှိပါသည်။
နေ့စဉ်သင်ကြားပေးသော အတန်းများ
မူကြိုအရွယ်မှစ၍ ပဉ္စမတန်းအထိနှင့် တက္ကသိုလ်ဝင်တန်း ဘာသာစုံအခမဲ့ သင်ကြားပေးခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။
နှစ်စဉ်အတန်းများ တိုး၍လည်း သင်ကြားပေးသွားရန် ရည်ရွယ်ထားပါသည်။
ရှေ့သို့ချီတက် ရည်ရွယ်ချက်
(က)မိဘမဲ့ဆင်းရဲချို့တဲ့သော ကလေးများ၏ ပညာရေးပြီးဆုံးသည်အထိ တာဝန်ယူဆောင်ရွက်ပေးရန်။
(ခ)မိဘမဲ့ချို့တဲ့သော ကလေးများကို နွေးထွေးလုံခြုံစွာ မိဘနှင့်မခြား ကျွေးမွေးစောင့်ရှောက်ပေးရန်။
(ဂ)ကလေးသူငယ်များ၏ ကာယ၊ဥာဏ၊စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်။
(ဃ)ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို သိရှိနားလည်တတ်မြောက်စေပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းတတ်စေရန်။
(င)ပညာတတ်လူငယ်များအဖြစ် မိမိအကျိုး၊ အများအကျိုးကို ထမ်းဆောင်နိုင်သော အရည်အချင်း ပြည့်ဝသော လူငယ်၊လူရွယ်များအဖြစ် ပေါ်ပေါက်လာစေရန်။
လူ့ဘုံဌာန
ဤလောက၌
စိတ်ကကြည်စွာ
စေတနာဖြင့်
သဒ္ဓါရောင့်ရင်း
ပေးလှူခြင်းကာ
ရခြင်းထက်သာ
ဝမ်းမြောက်ရာ၏။
အလျား(၉၀)ပေ x အနံ(၄၅)ပေ သုံးထပ်ကျောင်းတော်ကြီးတွင် ပါဝင်လှူဒါန်းနိုင်သည့် ကုသိုလ်များ
(၁)၅-ပေပတ်လည်အခန်း(၁)ခန်းလျှင် ၁၅၀၀၀၀၀
(၂)၁၀-ပေ လှေကား(၁)ထပ်လျှင် ၂၀၀၀၀၀၀
(၃)သံချောင်းတစ်တန်လျှင် ၆၇၀၀၀၀
(၄)တိုင်(၁)လုံး လျှင် ၃၀၀၀၀၀
(၅)ကျောက်ကား(၁)စီးလျှင် ၆၀၀၀၀
(၆)သဲကား(၁)စီးလျှင် ၁၈၀၀၀
(၇)အုတ်(၁၀၀)လုံးအတွက် ၈၀၀၀
(၈)အမိုးပြား(၁)ချပ် ၁၀၀၀၀
(၉)မီးချောင်းအစုံ(၁)စုံလျှင် ၁၀၀၀၀
(၁၀)၅-ထပ်သား(၁)ချပ် ၁၀၀၀၀
(၁၁)ဘိလပ်မြေ(၁)အိပ် ၅၀၀၀
(၁၂)သစ်(၁)တန် ၆၀၀၀၀၀
ဆက်သွယ်လှူဒါန်း-ရွှေအိုးမြှုပ်နှံ နေရာမှန်
တိက္ခာရာမ သီလရှင်စာသင်တိုက်နှင့် သီလရှင်ပညာရေးကျောင်း
(၅)ရပ်ကွက်၊ အနော်ရထာလမ်း ၇/၈ လမ်းဆုံ
မြောက်ဒဂုံ (အခွန်လွတ်ဈေးအနီး)
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
ရန်ကုန်တိုင်း ဒေသကြီး
ဖုန်း-၀၉-၇၃၀၁၀၀၅၇
မသိသေးသောသူများကိုလည်း သိရှိစေရန် ပြန်လည်မျှဝေပေးကြပါအုန်းနော်။