########################################
##############################
################
မင်းသမီး။ ။ ရှင်းသန့်မေ လူရွှင်တော်များ။ ။ ကိုရွှေချော(ရွှေညာ) နေမင်းခိုင် ကွန်ဆူးမာ ရဲရင့်ရထာ
ကိုရွှေချော။ ။ မင်္ဂလာညချမ်းမဟုတ်ပါလား သူငယ်ချင်းတို့ရေ
ကိုနေမင်းခိုင်။ ။ ဟုတ်ပါ့ ကိုရွှေချောရေ ကြည့်စမ်း ကျွန်တော်တို့နှစ်သစ်ကူးက ရွှေမြို့တော်ဆိုဒ်လေးထဲမှာ ပျော်ရွှင်စရာ
မကောင်းဘူးလားဗျ ကွန်ဆူးမာရ
ကွန်ဆူးမာ။ ။ ကောင်းပါ့ဗျာ ကောင်းပါ့ မမေ့နိုင်တဲ့အရာလေးတွေလေ
ရဲရင့်ရထာ။ ။ ကဲအကိုတို့ရေ ဒီနေ့ကတဲ့ပွဲလေးက ဘာပွဲလေးလဲဆိုတာ မြို့တော်သူမြို့တော်သား တွေကို
ပြောပြလိုက်ကြပါအုံးဗျ
နေမင်းခိုင်။ ။ပြောပြရမှာပေါ့ ညီလေးရ ကဲ ကိုရွှေချောရေ ကောင်မလေးတွေကိုအပြောကောင်းကောင်းနဲ့ကြောင်သလို
ပရိတ်သတ်ကိုလဲညှောင်ပြလိုက်ပါအုံးဗျ
ကွန်ဆူးမာ။ ။ ချွမ်း(လင်ပန်းနဲ့ရိုက်သံ) နေမင်းခိုင်အားကွန်ဆူးမာကလင်ပန်းနဲ့ရိုက်ပြီး စလာပြီ အငြိမ့်ကမကရသေးဘူး
မဟုတ်တာကအရင်လုပ်တော့မယ်
ကိုေ၇ွှချော။ ။ အဟမ်း အဟမ်း အဟမ်း အဟမ်း
ကွန်ဆူးမာ။ ။ချွမ်း(လင်ပန်းဖြစ်ရိုက်သံ) ဘာလဲချောင်းဆိုးနေတာလား ချောင်းဆိုးရင်လဲ မြစ်ဘက်ကလှည့်သွား ရွှေချောရေ
သတိနဲ့လဲဆိုးအုံး တော်ကြာအသက်ပါထွက်သွားအုံးမယ်
ကိုရွှေချော။ ။ မင်းကလဲ အဲ့လိုမပြောပါနဲ့ကွ ငါကမူးကြည့်တာပါ
ရဲရင့်ရထာ။ ။ လုပ်လာပြီ ဇာတိတွေကိုဖော်ပြနေပြန်ပြီ မြို့တော်သူမြို့တော်သားတွေသိကုန်တော့မှာပဲ အကိုရွှေချောရေ
ကိုရွှေချော။ ။မူးတာမဟုတ်ပါဘူးကွာ မူတာပါ ကဲပြောမယ် အဟမ်းအဟမ်း
နေမင်းခိုင်။ ။ရွှေချော မင်းဒီနေ့ကော ပြောဖြစ်ပါ့မလား ချောင်းဆိုးရင်လဲ ကြွက်သတ်ဆေးကိုသောက်
ရွှေချော။ ။ အမလေးဟက်ဟက် ငါ့ကြွက်သတ်ဆေးသောက်ရင်သေသွားမှာပေါ့ကွ ကဲ ပြောတော့မယ် တောက်တောက်(မိုက်ကို
လက်ဖြစ်ခေါက်သံ) ကဲသယ်ရင်းတို့ရေ အခုကျွန်တော်တို့ ရွှေညီအကိုတွေဖျော်ဖြေတဲ့ပွဲကဟာဆိုရင်ဖြစ် ရွှေမြို့တော်
ဆိုဒ်လေးထဲမှ ရေကစားမဏ္ဍပ်လေးဖြစ်တဲ့ ရေကစားမဏ္ဍပ်နံမည်ကဘာရယ်
ရဲရင့်ရထာ။ ။ချွမ်း(ရိုက်သံ) မြောက်လုံးက တော်တော်လေးကိုမွဲတယ် အနောက်မှာစာလုံးအကြီးကြီးရေးထားတယ်လေဗျာ
နေမင်းခိုင်။ ။ ရဲရင့်ရေညီလေး အကို့ အတွက်ပါရိုက်လိုက်စမ်းပါကွာ ကိုကနေတဲ့အငြိမ့်နံမည်တောင်မေ့ရတယ်ဆိုတော့
ရဲရင့်ရထာ။ ။ချွမ်း(ရိုက်သံ)
ကိုရျွေချော။ ။အော် april king အငြိမ့်လေးပဲဖြစ်ပါတယ် ကဲသယ်ရင်းတို့ရေ နောက်ပြောင်နေတာလေးတွေအသာထား
စကားနဲ့သတ်သေမပြပဲ အလုပ်နဲ့သတ်သေပြရအောင်လားဗျာ
ကွန်ဆူးမာ။ ။ ဟုတ်ပါ့ ကိုရွှေချောရေ မင်းသမီးလေးကိုလဲမျော်လင့်နေကြလောက်ရောပေါ့ဗျ ကဲကဲကဲ မင်းသမီးလေးကို
ထုတ်ပေးရမှာက ကျွန်တော်တို့တာဝန်မဟုတ်လားဗျ
နေမင်းခိုင်။ ။ဟုတ်တာပေါ့ ကွန်ဆူးမာရ ကဲညီလေးရဲရင့်ရေ မင်းသမီးလေးကိုခေါ်လိုက်ပါအုံးဗျ
ရဲရင့်ရထာ။ ။ ဟေး ဟေး ဟေး မင်းသမီး လာပါအုံး
ကိုရွှေချော။ ။မင်းသမီးခေါ်ခိုင်းတာ မင်းရီးစားအကြော်သယ်ကိုလှမ်းခေါ်မနေနဲ့
ရဲရင့်ရထာ။ ။ပြောထားတယ်လေ ရှောက်မပြောပါနဲ့လို့ ရှက်လိုက်တာဗျာ ပရိတ်သတ်ကိုတောင်မကြည့်ရဲတော့ဘူး
နေမင်းခိုင်။ ။မကြည့်ရဲလို့ပဲနော် ကြည့်တာကြည့်ရဲရင် မင်းမျက်နှာကြီးက ဟိုးအောက်မှာရယ်နေတဲ့ မေသဇင် ပါးစပ်ထဲရောက်သွား
နိုင်တယ် ကြည့်ပါအုံးရယ်နေတာ နားရွက်ပါတက်ချိတ်မဲ့အတိုင်းပဲ
ရဲရင့်ရထာ။ ။ပိတောက်ရနံ့ကိုတန်ခူးလေကခေါ်ဆောင် ရွှေဝါရောင်ပိတောက်မင်း လွမ်းစေသူကိုလွမ်းခြင်းတွေပေးပြီး
ကဲ ရွာစားကျော် ဝိုင်းချစ်ရေ မင်းသမီးလေးအား ဖေးမလို့ပေးပါအုံးဗျ
းးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးး
(ကျွန်မတို့ငယ်စဉ် တကယ်ရွှင်တဲ့အရွယ်မျိုးပေါ့ရှင် ရွာရိုးတစ်ရှောက် ခေါက်တုန့်ခေါက်ပြန် ခေါ်သံ အော်သံ အော်သံ အတော်ညံ တကယ်ဘယ်ပွဲမျိုးမကျန် စိတ်ဇွဲရယ်သန် ဝါသနာမှန်တော့ နံမည်ကြီးတဲ့ မင်းသမီးဖြစ်လာပြန်)
၂(အပျိုတော်ဘဝအလိုတော်ကျမို့ ကခဲ့ရညဉ်းဦးယံ နတ်သံနှောမာန် ထောပနာလျှံလို့ သြအာသာညံ ရင်းနှီးမြှောက်စားကြလို့ သတင်းကြီးတောက်ကြွားခဲ့တဲ့ကျွန်မ မင်းသမီးယောင်္ကျားမှာတော့ ကျွန်မနောက်နားမှာမျက်နှာကြီးရယ်ထန်)၂
၂(ညဉ်းဦးယံလွန် သန်းယံလွန်တော့ ရည်မွန်တွဲက မင်းသားအလှနဲ့ ရွှင်ပြမြူချိုသီချင်းဆိုလို့နှစ်ကိုမခြားနှစ်ပါးသွားမှာ ရင်းနှီးမြှောက်စားကြလို့ သတင်းကြီးတောက်ကြွားခဲ့တဲ့ ကျွန်မမင်းသမီးယောင်္ကျားကတော့ ကားကြားထဲမှာချွေးသီးကြီးတွေလျှံ)၂
၂(သဘင်တို့အစစ်မှန် အစဉ်မချို့တဲ့ အချစ်နဲ့ အားပေးချစ်ခင်ပရိတ်သတ်အပေါင်းကို မာစေသာစေဖို့အမှန်)၂
(ဇာတ်လမ်းကိုခြုံ ကိုပုံဏ္ဍားက ဇာတ်သံစကားနဲ့တအားခတ်ထန် ကန်တော့ရယ်လို့ မာန်လျှော့ကာ ငိုရလေပြန် ရင်းနှီးမြောက်စာြးံကလို့သတင်းကြီးတောက်ကြွားခဲ့တဲ့ ကျွန်မမင်းသမီးယောင်္ကျားမှာတော့ ကျွန်မကိုကြည့်လို့သနားနေပြန်)
းးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးး
ရဲရင့်ရထာ။ ။ဟေးးးးးးဟေးးးးးးဟေးးးးဟေ့ဟေ့ဟေ့ဟေးးးး
ကွန်ဆူးမာ။ ။ဟေ့ကောင် ရဲရင့် ဘာလဲ ရွှေမြို့တော်လေးထဲက မင်းအိမ်လေးမီးလောင်သွားလို့ပျော်နေတာလား
ရဲရင့်ရထာ။ ။လောင်မယ်မှန်းသိလို့ ဟိုနေ့ကမှ မီးဖိုချောင်လေးကိုထက်ချဲ့ပြီး ဆေးလေးတွေတောင်သုတ်လိုက်လေးတယ်
ဟာ ရောင်ကုန်ပါပြီအကိုရာ ပျော်လို့လေ ပျော်လို့ ကနေတာ
ကွန်ဆူးမာ။ ။အော် မသိပါဘူးကွ ငါကမင်းအိမ်လေးမီးလောင်သွားလို့လားလို့ပါ ဟဟဟဟဟ
ရဲရင့်ရထာ။ ။ကိုကွန်ဆူးမာရေ မင်းသမီးချောလေး ရှင်းသန့်မေ ကသွားတာ မလှပေဘူးလားဗျ သီချင်းလေးကလဲကောင်း
အကလေးကလဲကောင်း အသံလေးကလဲ ကောင်း ဗျာ
ကွန်ဆူးမာ။ ။မင်းကလဲ အကုန်ကောင်းနေတော့တာပဲ
ရဲရင့်ရထာ။ ။ ဒီလိုပါအကိုရာ မမရှင်းက ပြောတယ် မကောင်းလဲကောင်း ကောင်းလဲကောင်းပဲပြောတဲ့ အဲ့လိုမပြောရင်
စင်ပေါ်ကစင်းတာနဲ့ ကျွန်တော်ကိုကစ်မှာဗျ ကြောက့်လို့ ပြောလိုက်တာ ခိခိခိ သူကသွားတာ ဗျိင်းပြန်နေသလိုပဲ
ကွန်ဆူးမာ။ ။ ဟိုနှစ်ယောက်ဘယ်သွားလဲဟ
ရဲရင့်ရထာ။ ။တိပူးယေ ဟောဟိုမှာထွက်လာပါပြီဗျာ
(စည်ဗျော်သံကိုတီးခတ်ပြီး)
ကွန်ဆူးမာ။ ။ ဟ ဘာတွေတုန်းဟ
နေမင်းခိုင်။ ။ကဲ ရွှေမြို့တော်ထဲက ကိုးအိမ်မှူးဖြစ်တဲ့ ရွှေချော တင်ပြစရာရှိတယ်ဆိုကွ ဘာတုန်း မောင်မင်းရ
ရဲရင့်ရထာ။ ။ ဟာ ကိုနေမင်းခိုင်ကလဲ ဆယ်အိမ်မှူးပဲ ကြားဖူးပါတယ်ဗျာ ကိုးအိမ်မှူးကိုမကြားဖူးပါဘူးဗျ
နေမင်းခိုင်။ ။ ကိုးအိမ်ပဲပိုင်တယ်ကွ တစ်အိမ်ကသူမပိုင်ဘူးကွ ဘာဖြစ်လို့လဲဆိုတော့ အဲ့အိမ်ကသူ့ ယောက္ခမအိမ်ဖြစ်နေလို့
အသာနေစမ်းပါ မသိရင်ဝင်မပြောပါနဲ့ကွ ရွှေချော ဒီကလေးနှစ်ယောက်ကို အပြင်ကို မောင်းထုတ်လိုက်စမ်းကွာ
ကွန်ဆူးမာ။ ။ ဘယ်သူ့ကိုပြောတာလဲ ရဲရင့် ငါတို့နှစ်ယောက်ကိုပြောနေတာလား
ရွှေချော။ ။ ချွမ်း(လင်ပန်းပြစ်ချသံ) ဒီစင်ပေါ်မှာ ငါတို့၎ယောက်ပဲရှိတာလေ မင်းတို့နှစ်ယောက်ကိုမပြောလို့ ငါတို့က
ဘယ်သူ့သွားပြောရမှာလဲကွ သွားသွားသွား ခတ်ဝေးဝေးမှာသွားထိုင်နေကြ
ရဲရင့်ရထာ။ ။ဟုတ် ဟုတ် ဟုတ်ကဲ့
နေမင်းခိုင်။ ။ကဲ ကိုးအိမ်မှူး မြို့တော်ထဲဘာပြသနာတက်လို့လဲကွ
ရွှေချော။ ။ ဒီလိုပါဥက္ကဌကြီး ပို့လာတဲ့ တိုင်စာတွေကအများကြီးပဲ ဘယ်ကစဖတ်ရမှာလဲ
နေမင်းခိုင်။ ။ အမှူအကြီးကြီးတွေကိုအရင်ဖတ်
ရွှေချော။ ။ ကိုကို ချစ်ရှော်ပင်ထွက်သွားတယ် အိမ်ပြန်လာတာနောက်ကျမယ် အဲ့ဒါထမင်းဟင်းတွေချက်ထားပါ ပြီးရင်ကလေး
တွေလဲ ထိန်းထားပါ ပုံ/ ချစ်
နေမင်းခိုင်။ ။ဟေ့ကောင် ဘာတွေလာဖတ်ပြနေတာလဲကွ
ရွှေချော။ ။ ဟာ သွားပါပြီ ကျွန်တော်မိန်းမ ရှော်ပင်ထွက်တုန်း လုပ်စရာရှိတာတွေလုပ်ဖို့မှာထားတဲ့စာပဲဗျ ကဲ
တောင်းပန်ပါတယ်ဥက္ကဌကြီးရယ် နောက်တစ်ရွတ်ဖတ်ပြမယ်
နေမင်းခိုင်။ ။ ဖြစ်ရမယ် မင်းကတော့
ကွန်ဆူးမာ။ ။ဆိုဒ်ထဲက ဥက္ကဌကြီးနဲ့ ကိုးအိမ်မှူးကြီး ကျွန်တော်ဘာမှဝင်မပြောဘူးနော် ကျွန်တော်ဘာသာ ကျွန်တော် ဟို့
နေရာလေးမှာပဲ ထိုင်နေတယ်
နေမင်းခိုင်။ ။ ဟုတ်ပါပြီ သွား သွားထိုင်နေ april king စတိတ်စင်ကြီးလဲ.....ထဲဝင်သွားလဲ ဘာမှမဖြစ်ဘူး
ရွှေချော။ ။ ဒီအမှု့က ကြီးတယ် ဥက္ကဌကြီး ဘာရယ် ဥက္ကဌကြီးရှင့် ကူညီပြီးရှာပေးပါရှင် ကျွန်မတို့ လင်မယားအိမ်ထောင်ကျ
စဉ် အခါကအခုချိန်ထိ(ကလေး၃ယောက်ရတဲ့အချိန်) သုံးလာခဲ့တဲ့ ရေလဲထမီလေး ဘယ်သူခိုးသွားလဲမသိပါဘူးရှင်
အဲ့ဒါ ဥက္ကဌကြီးကူညီပြီးရှာပေးပါ မှတ်ချက်။ ။ဤရေလဲထမီသည် ကျွန်မတို့ရဲ့ မင်္ဂလာလက်ဖွဲအဖြစ်
ရထားသောထမီလေးဖြစ်နေလို့ပါ တဲ့ကဲဥက္ကဌကြီးဘယ်လိုလုပ်မလဲ ဥက္ကဌကြီးယူထားတာလား ယူရင်လဲ
ပြန်ပေးလိုက်အုံး
နေမင်းခိုင်။ ။ငါကယူစရာလားကွ နောက်ထက်ဘာကျန်သေးလဲ ဆတ်ဖတ်
ရွှေချော။ ။ ဥက္ကဌကြီး ဘာပြောလိုက်တာလဲဟင်
နေမင်းခိုင်။ ။ ကျန်တာတွေကို ဖတ်ပြပါအုံးလို့ပြောတာပါကွမင်းကလဲ
ရဲရင့်ရထာ။ ။ကျွန်တော်ဘာမှဝင်မပြောဘူးနော် ကျွန်တော်ဘာသာကျွန်တော် ပရိတ်သတ်ထဲက ဘယ်ကောင်မလေးတွေ
ကိုကြည့်နေတာနော်
နေမင်းခိုင်။ ။ အေးပါ ကြည့် မျက်လုံးကိုပြူးနေအောင်ကြည့် ဘာတွေလာပြောနေကြမှန်းကိုမသိပါဘူးဗျာ
ကွန်ဆူးမာ။ ။ငါလဲဘာမှဝင်မပြောဘူးနော် ငါ့ဘာသာငါ ဒီနားမှာပဲပဲပဲပဲပဲ ချွမ်း(လင်ပန်းပြစ်ချသံ)
ရွှေချော။ ။နောက်တစ်ခုက ဆိုဒ်တာဝန်ခံ မေသဇင်သည် ရွှေမြို့တော်ထဲသို့လမ်းလျှောက်ထွက်ရာ ၆လက်မလောက်မြင့်သော
ဒေါက်ဖိနပ်အားစီးပြီး ပဲပေးနေချိန်တွင် ချောက်ခဲအားခလုတ်တိုက်ပြီးလဲကျသွာ၍ သွား၂ချောင်းကြိုးသွားပါတယ်
၎င်းသွားကြိုးရခြင်းကြောက့် သူသည်ဖိနပ်ကုမ္မဏီအား တရားစွဲမည်ဟုပြောပါသည် ထိုကြောက့်ဥက္ကဌကြီးပဲကူညီပေး
ဖြေရှင်းပေးပါတဲ့ ကဲဘယ်လိုလဲဥက္ကဌကြီး
နေမင်းခိုင်။ ။သွားက ၂ချောင်းကျိုးရမှာမဟုတ်ဘူး အချောင်း၂၀လောက်ကျိုးရမှာ ကျိုးတာတောင်နဲသေးတယ် ကဲ ဖတ်အုံး
ရွှေချော။ ။ဒီအမှူကပိုကြီးတယ်ဥကဌကြီး ဘာရယ် မှုံနသာဖြူသည် လမ်းလျှောက်ထွက်ရာ ခွေးလိုက်စွဲသဖြင့် ခွေးအားဖိနပ်
နဲ့ပြစ်လိုက်ရာတွင် ဖိနပ်သည်ခွေးမထိပဲ အကြော်သည်မပုအားမှန်သွားပါသဖြင့် ယခုအကြော်သည်မပုသည်
ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသနေရပါတယ်တဲ့
နေမင်းခိုင်။ ။မှုံနံသာဖြူရယ် ဖိနပ်နဲ့ပြစ်လိုက်တာလား လောင်ချာနဲ့ပြစ်လိုက်တာလား ကဲ ကိုးအိမ်မှူး ဆေးရုံလိုက်ကြည့်
ကြရအောင်လားဗျာ
ရဲရင့်ရထာ။ ။ သွား သွား မြန်မြန်သွားကြ ဆေးရုံရောက်ရင်လဲ အကြော်သည် ဒေါ်ပုလို အတွင်းလူနာအခန်းထဲ ဝင်ကုလိုက်ကြ
ရူးနေကြတာလားမသိပါဘူးဗျာ
ကွန်ဆူးမာ။ ။ ညီလေး ရဲရင့်ရေ မင်းသမီးလေး ရှင်းသန့်မေ ရဲ့ အဆိုအကတွေကိုလဲ ပရိတ်သတ်တွေကြားသိပြီးပြီ
မင်းသမီးလေးရှင်းသန့်မေနဲ့ ပရိတ်သတ်ကြီးကို မိတ်မဆတ်ပေးရသေးဘူးကွ ကဲကဲကဲ ညီလေးရေ
မင်းသမီးလေး လာမယ်လမ်းအတွင်း ပိတောက်ပန်းတွေခင်းလို့ ရွာစားကျော်ရေ ရှင်းသန့်မေအား
လမ်းခင်းပေးကြပါအုံးဗျ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရဲရင့်ရထာ။ ။အလွန်ကျက်သရေ မင်္ဂလာရှိတဲ့ခွန်းတောက်လေး မဟုတ်ပါလားဗျာ
နေမင်းခိုင်။ ။ဟုတ်ပါ့ညီလေးရာ
ရှင်း ။ ။ ဟိုဘက်မှာ ရပ်နေတဲ့ နေမင်းခိုင်ရေ မင်္ဂလာပါရှင်
နေမင်းခိုင်။ ။မင်္ဂလာပါ ရှင်းရေ
ရှင်း ။ ။ကွန်ဆူးမာရေ မင်္ဂလာပါကွယ်
ကွန်ဆူးမာ။ ။ မင်္ဂလာပါ မင်းသမီးရေ
ရှင်း ။ ။ကောင်းသောညချမ်းလေးမဟုတ်လား မောင်လေးရွှေချောရေ
ရွှေချော။ ။ကောင်းသောညချမ်းလေးပေါ့ မမရှင်းရဲ့
ရှင်း ။ ။ ဟိုဘက်က မောင်လေး ရဲရင့်ရထာရေ မင်္ဂလာပါကွယ်
ရဲရင့်ရထာ။ ။ မင်္ဂလာပါ မမရှင်းရေ ကြည့်စမ်း ငါ့အမတို့ ချောနေလှနေလိုက်တာ ဝတ်ထားတဲ့မင်းသမီးဝတ်စုံလေးကလဲ
ပိတောက်ရောင်လေး ခေါင်းမှာလဲ ပန်ထားတာပိတောက်ပန်းလေးတွေနဲ့ အလွန်ကျက်သရေရှိလိုက်တာဗျာ
ဒါနဲ့ မေးစရာလေးရှိတယ် ဒီလောက်ချောဒီလောက်လှနေတာတောင်မှ ဘာလို့ အပျိုကြီးဖြစ်နေရတာလဲဟင်မမ
ရွှေချော။ ။ဟေ့ကောင် ဒါလေးတောင်မသိဘူးလားကွ ယူမဲ့သူမရှိလို့ပေါ့ဟ
ကွန်ဆူးမာ။ ။သွားမပြောကြပါနဲ့ကွာ တော်ကြာငါ့ အမကြီးရှက်ကိုးရှက်ကန်းနဲ့ စတိတ်စင်ပေါ်က ခုန်ချနေအုံးမယ်
နေမင်းခိုင်။ ။သွားစနေကြပြန်ပြီ မင်းတို့တွေကလဲ
ရှင်း။ ။မနောက်ကြပါနဲ့ မောင်လေးတို့ရယ် အမကမယူသေးလို့မရသေးတာပါ ယူရင်ရမှာပါအခုမယူလို့ အပျိုကြီး
ဖြစ်နေတာပါကွယ်
ရဲရင့်ရထာ။ ။ပြောသွားတဲ့စကားတော်တော်လေးကို ရှင်းသွားတာပဲ မယူလို့အပျိုကြီးဖြစ်နေတာတဲ့ ဟဟဟဟဟ
ရှင်း ။ ။ကဲ မောင်လေးတို့ရေ ရှင်းတို့က သဘင်ပညာရှင်တွေလဲမဟုတ်ကြပါဘူးကွယ် ပျော်ပွဲရွှင်ပွဲတစ်ခုအနေနဲ့
ဒီအငြိမ့်လေးကို ကပြကြတာပါကွယ် အဲ့တော့မှားတာ ရှိရင် အဖြစ်တော်မယူပဲ အချစ်တော်ပဲယူကြပါလို့
ပရိတ်သတ်ကိုတောင်းပန်ချင်ပါတယ်
ကွန်ဆူးမာ။ ။မှန်တာပေါ့ မမရှင်းရယ် အခု april king အငြိမ့်လေးကို ကပြတာကလဲ ကျွန်တော်တို့ရဲ့အတာင်္သကြန်
နှစ်သစ်ကူးအထိန်းအမှတ်ပွဲလေးလဲဖြစ်ပါတယ်
ရှင်း။ ။ဟုတ်တာပေါ့မောင်လေးတို့ရယ် ကြည့်စမ်း ရွှေမြို့တော်လေးထဲ မဏ္ဍပ်တွေ အများကြီးပဲ ဘယ်လောက်ပျော်ဖို့
ကောင်းသလဲ ပြီးတော့လဲ ရေကစားကြ လည်ကြပတ်ကြနဲ့ ပျော်ဖို့မကောင်းဘူးလားကွယ်
ရဲရင့်ရထာ။ ။ ကောင်းတာပေါ့ မမရှင်းရဲ့ ကြည့်စမ်း မြို့တော်သူမြို့တော်သားတွေ စီးစီးလုံးလုံးလေး ပျော်ပွဲရွှင်ပွဲတွေနဲ့
နှစ်သစ်ကူးကြတာ မင်္ဂလာမရှိပေဘူးလားဗျ ဟိုတုန်းက မသိဘူးဗျ အခုင်္သကြန်ရောက်မှပဲ မဏ္ဍပ်တိုင်းမဏ္ဍပ်တိုင်း
ရေကစားနေကြတာ ရွှေမြို့တော်ထဲ ကောင်မလေးချောချောလေးတွေ အများကြီးရှိကြသားပဲဗျ ခိခိခိခိ
နေမင်းခိုင်။ ။ ငါပြောတယ် မလိုက်လာကြပါနဲ့လိုပြောတာ အခုလိုက်လာတော့ ချောမှန်းလူတကာသိကုန်ပြီ
ရှင်း ။ ။ ကဲမောင်လေးတို့ရေ အချိန်လဲအတော်နှောင်းနေပြီဆိုတော့ အမတို့ရဲ့ အငြိမ့်ခန်းလေးကိုသိမ်းလိုက်ကြ
အောင်လားကွယ်
ရွှေချော။ ။ april king မဏ္ဍပ်လေးက အရမ်းပျော်ဖို့ကောင်းတာပဲဗျာ မနက်ဆိုရင် ရေကစားကြ အဆိုတွေအကတွေ
စတုဒီသာတွေနဲ့ ဟော အခု ရေကစားမဏ္ဍပ်ကသိမ်းပြီဆိုရင်လဲ အငြိမ့်လေးနဲ့တင်ဆတ်ပေးကြ
ပျော်စရာကောင်းတဲ့ မဏ္ဍပ်လေးတစ်ခုပါလားဗျာ ကဲသယ်ရင်းတို့ရေ အငြိမ့်ကဏ္ဍလေးကို သိမ်းလိုက်
ကြရအောင်လားဗျာ
ရဲရင့်ရထာ။ ။ ကဲ မမရှင်းရေ ဘယ်လိုသီချင်းလေးနဲ့ နှုတ်ဆတ်ချင်ပါသလဲဆိုတာ ပြောပြပါအုံးဗျ
ရှင်း ။ ။ အခုက မရှင်းတို့ရဲ့ နှစ်ကူးင်္သကြန်ဆိုတော့ င်္သကြန်ကို ဂုဏ်ပြုတဲ့အနေနဲ့ င်္သကြန်သီချင်းလေးနဲ့ပဲ
နှုတ်ဆတ်လိုက်ကြမယ်မောင်လေးရယ်
နေမင်းခိုင်။ ။ကျွန်တော်တို့ april king အငြိမ့်လေးကို လာရောက်အားပေးကြတဲ့ မြို့သူမြို့သားအပေါင်းတို့အား ကျေးဇူးအထူး
တင်ရှိပါတယ်ဗျာ နောက်နှစ်တွေမှာလဲ ပြန်လည်ဆုံစည်းချင်ပါသေးတယ်ဗျာ
ကွန်ဆူးမာ။ ။ ကဲ မင်းသမီးချောလေး မမရှင်းသန့်မေရေ ဘယ်လိုသီချင်းလေးနဲ့နှုတ်ဆတ်မယ်ဆိုတာ ကြားပါရစေဗျာ
(ချိုပြုံးရွှင် ချောနှမပျိုရယ် တစ်ကိုလုံးပင်ချောအလှပိုတယ် မြို့မနဲ့တစ်မိတည်းဖွားလို့ ဆိုတော့မယ်ကွယ် အမောက်ကလေးတသသနဲ့မြှောက်လို့ပေးတာမဟုတ်ဘူးကွယ်...................................?????...........................????????)
april king ရေကစားမဏ္ဍပ်မှ တင်တဆ်သောအငြိမ့် ခန်းပြီးဆုံးပါပြီခင်ဗျာ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
တောင်းပန်ခြင်း ။ ။ကိုနေမင်းခိုင် ကိုရွှေချော(ရွှေညာ) ကိုကွန်ဆူးမာ မမရှင်းသန့်မေ မမမေသဇင် မမမှုံနံသာဖြူ ထိုသူများအားခွင့်မတောင်းပဲ ပိုစ်ရေးသားလိုက်ခြင်းနံမည်များအားထည့်ရေးသားခြင်းတို့ကြောင့် ကျွန်တော် မောင်ရဲရင့်ရထာ မှာ အနူးအညွန့်တောင်းပန်အပ်ပါတယ်
ရဲရင့်ရထာ