Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(သင်္ကြန်ေ၇ာက်တိုင်းသမိုင်းပေးတာဝန်)

$
0
0

သင်္ကြန်ရောက်ပြိဆိုတာနဲ့ကျွန်တော်ရင်ထဲမှာအချစ်ဦးကိုသွားသတိရပါတယ်... အချစ်ဦးဆိုလိုတမျိုးမတွေးကြပါနဲ့သူနဲ့ကိုနဲ့ချစ်နေကြလိုအချစ်ဦးလိုခေါ်တာမဟုတ်ရပါဘူး. ကျွန်တော်ကပဲချစ်နေရပြီးသူကသိတောင်မသိတဲ့...ကျွန်တော်ရင်ထဲကပထမဆုံးအချစ်ခဲ့တဲ့အချစ်ဦးလေးပေါ့ဗျာ..ဟိဟိ သူကိုကျွန်တော်တကယ်ချစ်မှိတာစိတ်ကစားတာလားမဆုံးပြတ်နိုင်သေးတဲ့အရွယ်လောက်ကပေါ့.. ... သင်္ကြန်ရောက်တိုင်းသူကိုကျွန်တော်ပထမဦးဆုံးအနေနဲ့ရေလောင်းနေကျပါ......ရေလောင်းတယ်လို ဆိုလိုက်တာနဲ့ရိုးရိုးလေးခွက်နဲ့လောင်းတယ်မထင်လိုက်ပါနဲ့ ရေသန့်ဘူးကိုကဒ်လိုက်ဝယ်ပြီး လောင်းတာဗျ...ဘာ၇ယ်တော့မဟုတ်ပါဘူး..ကောင်မလေးများအထင်ကြီးမလားဆိုပြီးလုပ်တာ..ဟဲ ရေသန့်ပဲကုန်ပါတယ်ကျွန်တော်ကလည်းမပြောရဲ့သူကလည်းချက်ကုတ်ချက်ကန်းနဲ့ဆိုတော့..... အချေအနေကထူးချားမလာပါဘူး...ရေသန့်ဘူးပဲကုန်တာအဖက်တင်ပါတယ်...တော်ပါသေးတယ် ရေသန့်ရောင်းနေတာဆိုတော့ရေသန့်ကပေါ့တယ်လေဘာမှပြသနာမရှိဘူး.ကုန်ရင်အမေပါးမှာခိုး လိုက်ရုံလေးပဲ..ဟိဟိ...ဒီလိုနဲ့တနှစ်ပြီးတနှစ်ကုန်ကုန်သာလားပါတယ်..အချေအနေကဒီတိုင်းက မတက်သေးပါဘူး.... ဒီလိုနဲ့အခု(2012)သင်္ကြန်ကိုတောင်ရောက်တော့မယ်ဒါနဲ့ဆိုသင်္ကြန်ရေလောင်းလာတာ(၈) နှစ် ရှိပါပြီဗျ....ကျွန်တော်လည်းရည်းစားတွေပြောင်းပြောင်းကြိုက်လာခဲ့တာ(.........)လောက်ရှိပါ ပြီ..သူလည်း၇ည်းစားတွေအလီလီနဲ့ပြစ်နေပါပြီ....ဒါဗေမဲ့ကျွန်တော်အခုချိန်ထိသင်္ကြန်ရောက် တိုင်းသူကိုပထမဆုံးသွားရေလောင်းနေဆဲပါ......ကျွန်တော်ကိုသယ်ရင်းတွေကမေးပါတယ် မင်းသူကိုတကယ်ချစ်နေရင်လည်းသွားပြောလိုက်ပါလားတဲ့......ကျွန်တော်ပြန်ပြောလိုက်ပါ တယ်..သူကိုအမှန်ကျွန်တော်ချစ်နေတာမဟုတ်တော့ပါဘူး8နှစ်တောင်ေ၇လောင်းလာတာဆို တော့အခုချိန်မှာတာဝန်တရပ်အနေနဲ့ရေလောင်းနေရတာပါလိုပြန်ပြောလိုက်ပါတယ်....အမှန် လည်းဟုတ်ပါတယ်သူကလည်းအခုဆိုအလိုက်သိနေပါပြီ....အကြိုနေ့ညနေဘက်ဆိုအလှဆင် လို့သူစောင့်နေတတ်တာပဲ.....ချစ်သူလည်းမဟုတ်ပဲနဲ့အခုလိုစောင့်ပြီးရေလောင်းခံတာ..ဘယ်လို ပြောရမလဲဗျာ....ဘယ်လိုမှမပြောလဲကျွန်တော်သိနေပါပြီ..သူကျွန်တော်ကိုစိတ်ဝင်စားနေပြီဆို တာ...ဒါဗေမဲ့ကျွန်တော်သူကိုအကြိုနေတိုင်းရေလောင်းရမယ်ဆိုတဲ့အသိလေးကလွဲရင်ဘာမှ ကျွန်တော်ရင်ထဲမှာမရှိတော့ပါဘူး........ဒီနှစ်လည်းေ၇သွားလောင်းမှာပါ....ဟိဟိ...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>