`` မိုးတွေရွာပြီး ရေတွေကြီးနေတော့... မင်းက ရေကိုပဲ အာရုံထားနေတယ်.... ရေမ၀င်အောင်လုပ်တာလဲ လုပ်ပေါ့....
ရေကြီးရင် အန္တရာယ်ဖြစ်နိုင်သလို... အခြား ဒီထက်ဆိုးတဲ့ အန္တရာယ်တွေလဲ ဖြစ်လာနိုင်တယ်.... သတိထားကွ....´´
မိုးရေများပြီး လမ်းတွေ ရေကျော်နေသဖြင့် ဆိုင်အတွင်းဝင်လာသော ရေများကိုဆိုင်အလုပ်သမားများနှင့်အသဲအသန်
ပက်ထုတ်နေသော သား ဖြစ်သူကို ဖခင်အဖိုးအိုကမှာကြားနေသည်။ မိုးစောင့်ရင်းလ္ဘက်ရည်ထိုင်သောက်နေမိသည်မှာ တော်တော်ကြာပြီ
ဆိုင်ထဲမှာတော့ လူအများသား ဒီဆိုင်လေးက ရောင်းကောင်းသည်။ အဖိုးအိုသည် ဆိုင်တွင် အချိန်ပြည့် ထိုင်နေတတ်သည်၊ အလုပ်သမား
များကိုလည်း နားချိန်၊ စားချိန်၊ အလုပ်ချိန် ခွဲခြားပေးထားသည်၊ စည်းကမ်းတင်းကျပ်သယောင်ရှိသော်လည်း မှန်မှန်ကန်ကန် အခြေအနေ
သုံးသပ်နိုင်သည်.....
`` ဒီကောင်က ရေ၀င်ရင် မီးသွေးတွေ ရေစိုမှာနဲ့ ဆိုင်ထဲ ရေ၀င်ပြီး ညစ်ပတ်မှာလောက် စိုးရိမ်နေတယ်..မီးတွေပိတ်..
မိန်းချထား ပြောတာလည်း နားမထောင်ဘူး..... အလုပ်လုပ်တာ ပျာရိပြာယာနဲ့..... မင်းလဲမှတ်ထားကွ..... အခြေအနေ တစ်ခုခု ထူးခြား
လာပြီဆိုရင် ကောင်းတာတွေရော... မကောင်းတာတွေရော... စုပြုံဝင်လာတတ်တယ်... ဘယ်တော့မှ မပေါ့နဲ့..... အခုပဲကြည့်... မိုးရေကို
တားနေတုန်း ရှော့ ဖြစ်ရင် ဓါတ်လိုက်ပြီး အကုန် ဒုက္ခရောက်ကုန်မှာ...... နောက်တစ်ခုက ရေကူးသတ္တ၀ါလေးတွေ ရှိတယ်.. ဥပမာကွာ..
မြေကြီးထဲကို ရေ၀င်ရင် တွင်းအောင်း သတ္တ၀ါတွေက ထွက်လာရော... ရေလွတ်နိုင်တဲ့ နေရာတွေကို တွယ်တက်ကြရော... မြွေတို့...ကင်း
တို့လေ.... သတိထားရတယ်..... မထင်မှတ်ပဲနဲ့ အန္တရာယ်ဆိုတာ အမြဲ ကြုံနိုင်တာ ဘယ်တော့မှ ပေါ့ပေါ့လေးလဲ မတွေးနဲ့.... တစ်စုံတစ်ခု
ထဲကိုလည်း အာရုံ နှစ်မထားနဲ့ ရှေ့ နောက် ဆင်ခြင်ကွ အမြဲတမ်း.... မင်းတို့ဆိုရင် ပို သတိထားရတယ်... ၀န်ထမ်းတွေ၊ ဌာနဆိုင်ရာတွေ
ဆိုတော့လေ......´´
စကားကို အရှည်ကြီး ပြောရင်း ရေနွေးအိုးကို မလိုက်သည်...... `` တောက်.... ဒီကောင်တွေတော့ကွာ... မိုးအေးလို့
ဖောက်သယ်တွေ မိုးခိုနေတုန်း ရေနွေးလေး မပြတ် ထည့်ပေးထားပါ..... ပြောထားတာကို........င့ါစိတ်နဲ့တော့ မရပါဘူး.....´´ အဖိုးအို၏
ပြောသော စကားလုံးများသည် ကြမ်းတမ်းသယောင် ရှိသော်လည်း မှန်ကန်ကြောင်း၊ လိုအပ်ကြောင်းတွေ့ရှိရပါသည်.... အဖိုးသည် နမော်
နမဲ့ နိုင်လှသော သားဖြစ်သူကို အားမရ.... အမြဲ ဆူနေတတ်သည်.... ကြားဖန်များတော့ ကျွန်တော်တို့လဲ ရိုးနေပြီ...... သားဖြစ်သူမှာလဲ
ဤမျှ ဆဲဆိုနေသော်လည်း တိုးတက်လာခြင်း မရှိ တစ်ခုခု ဖြစ်လျှင် ပျာယာခတ်နေတတ်သည်.. သူတို့ သားအဖကို ကြည့်ရင်း ကျွန်တော်
သဘောကျနေတတ်ခဲ့ပါသည်....။
ကျွန်တော် နယ်စပ်မြို့လေးကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်တော့....... ဒီဆိုင်လေးမှာပဲ လ္ဘက်ရည် သောက်ဖြစ်
သည်..... ဒီဆိုင်တွင် အဖိုးကိုယ်တိုင် လ္ဘက်ခြောက်နှပ်ထားပေးသော လ္ဘက်ရည် စစ်စစ် သောက်ရသဖြင့် အမြဲ ထိုင်ဖြစ်ခဲ့သည်......။
ယခု အဖိုး ဆုံးသွားပြီ........ ဆိုင်တွင် ယခင်လို လ္ဘက်ရည်လဲ မကောင်းတော့..... ဆိုင်လဲ ယိုယွင်းလာသည်ဟု
ထင်ရသည်..... သို့သော် ဖောက်သယ်တွေကတော့ သောက်နေဆဲ..... နဲနဲလည်း ကသိကအောက်နိုင်လာသည်..... အော်...... ဦးစီး ဦး
ဆောင်ရဲ့ အရည်အသွေးပေပဲလေ...... အဖိုးလဲ အော်ရင်း ဟစ်ရင်း နားချိန်မရှိပါပဲ...... ဘ၀တစ်ပါးသို့ ကူးပြောင်းခဲ့ပြီ.... အဖိုးကောင်းရာ
သုကတိ လားပါစေဟု... စိတ်ထဲတွင် သတိတရ ဆန္ဒပြုမိပါသည်။
`` ဟာ..... ဟုတ်လား ဘယ်လိုဖြစ်တာလဲ..... ဒီကောင်လေးက ဒီလို မဟုတ်ပါဘူးကွ..... ငါတို့ ကောင်းကောင်း
သိပါတယ်......´´ သတင်းလာပြောသော ကောင်လေး၏ စကားကို နားထောင်ရင်း ကျွန်တော် အံ့သြမိသည်၊ လ္ဘက်ရည်ဆိုင်တွင် စိတ်ကြွ
ဆေးပြား ဖမ်းမိသဖြင့် ဆိုင်ရှင် အဖိုး၏သားအား ဖမ်းထားသည်တဲ့........
`` သေချာတယ် အကို..... ငွေထည့်တဲ့ ကောင်တာ အံဆွဲထဲက ပိုက်ဆံအိတ်ထဲက တွေ့တာတဲ့..... များတော့ မ
များဘူး (၃)ပြားထဲလို့ ပြောတယ်..... သူသုံးနေတာလား မသိဘူး...... အခု ရဲစခန်းမှာ......´´
`` အေးကွာ ကျေးဇူးပါပဲ....... ငါလိုက်သွားလိုက်ဦးမယ်.....´´ ကျွန်တော်ပြောရင်းရဲစခန်းကိုလိုက်လာခဲ့သည်....
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးထားပြီးပြီ...... ဆီး နမူနာ ယူထားသည်တဲ့...... ဆီးစစ်ဆေးချက်အရ သုံး/မသုံး သိရမည်
သယ်ယူ ရောင်းချခြင်း ရှိ မရှိ စစ်ဆေးဆဲ ဖြစ်ကြောင်း သိရသည်။ စခန်းမှူး၏ ခွင့်ပြုချက်ဖြင့် ကျွန်တော် ကောင်လေးကို ခဏ တွေ့ခွင့်ရခဲ့
သည်။ ကျွန်တော့်ကို တွေ့တော့ စိတ်ထားပျော့ပျောင်းသော ကောင်လေးက ငိုယိုလျှက်ပြောပြသည်..... သူမသုံးစွဲကြောင်း၊ အမှန်တကယ်
မြင်လဲ မမြင်ဘူးကြောင်း...... ကျွန်တော် ကောင်လေးကို အပြည့်အ၀ ယုံကြည်ပါသည်.....
``ဒါနဲ့ ဆက်ပြောပါကွာ..... မင်းကလဲ မငိုနဲ့ ငါ တတ်နိုင်သလောက်.... ဆောင်ရွက်ပေးမယ်.... အမှန်အတိုင်းသာ
ပြော....နော်၊ မလိမ်နဲ့ အမှန်အတိုင်း သိမှ ငါ လိုအပ်သလို လုပ်ပေးနိုင်မှာ.... ´´ ခေါင်းကို ပွတ်ရင်း ကျွန်တော်ပြောလိုက်သည်.....။
`` မနက်က လူတစ်ယောက် လ္ဘက်ရည် လာသောက်တယ် အကို..... သူပြန်တော့ သူ့ပိုက်ဆံအိတ်လေး ကျန်ခဲ့
တယ်.... သောက်နေကျ လူတော့ မဟုတ်ဘူး၊ ကျွန်တော်လဲ မသိဘူး၊ ဆိုင်က ကောင်လေးတွေလဲ မသိဘူး.....၊ အဲဒါနဲ့ ပြန်လာယူမှာပဲဆို
ပြီး အံဆွဲထဲ ထည့်ထား လိုက်တာ..... နာရီ ၀က်လောက်ကြာတော့..... ရဲတွေ ရောက်လာပြီး အတိအကျပါပဲ..... အံဆွဲကို ရှာ.... ပြီးတော့
ပိုက်ဆံအိတ်ကို ဖွင့်လိုက်တာ..... အထဲမှာ ချဲထီလက်မှတ် ထည့်တဲ့ ပလပ်စတစ်အိတ်ကလေးနဲ့ ဆေးပြား (၃)ပြားတွေ့တယ်.... ပြီးတော့..
ကျွန်တော့်ကို ဖမ်းခေါ် လာတာပဲ......´´
`` ဟင်.... ဟုတ်လား အဲဒီလူက ပြန်မလာဘူးလား... နောက်ဘာတွေ ပါသေးလဲ.... ပိုက်ဆံရော ဘယ်လောက်
ပါသေးလဲ.... မှတ်ပုံတင်တို့ ဖုန်းတို့ တခြား စာရွက်စာတမ်းတွေကော မပါဘူးလား..... ´´
`` ဘာမှ မပါဘူးအကို.... ပိုက်ဆံကလဲ ငါးထောင် ကျော်လောက်ပဲပါတာ...... ကျွန်တော် စိတ်ကြွဆေးဆိုတာ..
အခုမှ ဒီတစ်ခါပဲ မြင်ဘူးတာပါအကို.... ကျွန်တော် တကယ် မသိပါဘူး......´´ ကျွန်တော် သက်ပြင်းမောကြီးကို ချမိသည်....... ဆွမ်းခံရင်း
ငှက်သင့်တာလား၊ ဘယ်လို ဥပမာ စကားဖြင့် တင်စားရမှန်းလဲ မသိတော့....
`` အေးအေး စိတ်ချကွာ ငါ နားလည်တဲ့ လူတွေနဲ့ တိုင်ပင်ပြီး..... တစ်ခုခုတော့ စီစဉ်ပေးပါ့မယ်..... အားမငယ်နဲ့
ဟုတ်ပြီလား..´´ ချော့ပြောရင်း အားပေးခဲ့ရသည်။ အတွေ့အကြုံအရ.... ကောင်လေးအတွက် အဆင်မပြေနိုင်တော့မှန်း ကျွန်တော် သိနေ
ပါပြီ..... စခန်းမှူးနှင့် အကျိုးအကြောင်းပြောပြသည် အကြံဥာဏ်ရယူကြည့်သည်..... နောက်အပြင်ကလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်...
ကြိုးစားကြည့်သည်....
ရဲသို့ လမ်းဘေးဖုန်းမှ ကောင်လေးသည် ဆိုင်ကောင်တာ အံဆွဲထဲတွင် မူးယစ်ဆေးဝါးထည့်၍ဖြန့်ဖြူး ရောင်းချ
နေသည်ဟု......
ကောင်လေးကို အာမခံမပေး၊ သက်သေထွက်ဆိုချက်အရလည်းပိုက်ဆံအိတ် ကောက်တွေ့ရသောစားပွဲထိုးလေး
တစ်ဦးသာ ရှိသဖြင့် မခိုင်လုံခဲ့.... ကျန် ခိုင်လုံသော သက်သေ အထောက်အထားများ မပြနိုင်ခဲ့ပေ.......
တစ်ခုတော်သေးသည်မှာ ဆီးစစ်ဆေးချက်တွင် သုံးစွဲမှု မရှိကြောင်း.... စစ်ဆေးတွေ့ရှိရသဖြင့် လက်ဝယ်တွေ့ရှိ
မှု တစ်ခုတည်းဖြင့်သာ အမိန့်ချမှတ်ခဲ့သည် ထောင်ဒဏ်(၇)နှစ်တဲ့....... မူးယစ်ဆေးဝါးသည် လူမျိုးတုံးစေသဖြင့် ကြီးမားသော ပြစ်ဒဏ်
ချမှတ်လေ့ရှိသည်..... တရားရုံးမှ အပြန်တွင် ကျွန်တော် နုံးချိ ပျော့ခွေ နေသည်...... ဤနည်းအားဖြင့် ထောင်ကျနေရရှာသူတွေ ဘယ်
လောက်များ ရှိနေသလဲဟု......
အဖြစ်မှန်ကို ကျွန်တော်လည်း သိသည်၊ တရားသူကြီးလည်း လက်ခံသည်.. သို့သော် လက်ဆုပ်လက်ကိုင်သည်
ကောင်လေး၏ လက်ထဲတွင် မိသည်.. တရားဥပဒေအရ အရေးယူခံရတော့သည်... ကျွန်တော်လည်းဘာမှ မတတ်နိုင်၊ ကောင်လေးလည်း
ဘာမှ မတတ်နိုင်တော့ပါ......
ကောင်လေးကို တစ်ယောက်ယောက်သည် ထောင်ချောက်ဆင်ခဲ့ လေရော့သလား..... တစ်ယောက်က ပိုက်ဆံ
အိတ် ချထားခဲ့ပြီး တစ်ယောက်က ထိုင်ကြည့်နေခဲ့သလား... သေချာမှ လမ်းဘေး ဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့ခဲ့လေသလား.......
ဘာကြောင့်များလဲ..... ဘာအညှိုးကြောင့်များလဲ...... အတွေးများ စီတန်းနေခဲ့သည်......။
ကောင်လေး၏ ဖခင် အဖိုးပြောခဲ့သော စကားလေးများကို ကျွန်တော် ပြန်ကြားယောင်မိသည်.....
`` မထင်မှတ်ပဲနဲ့ အန္တရာယ်ဆိုတာ အမြဲ ကြုံနိုင်တာ ဘယ်တော့မှ ပေါ့ပေါ့လေးလဲ မတွေးနဲ့.... တစ်စုံတစ်ခုထဲ
ကိုလည်း အာရုံ နှစ်မထားနဲ့ ရှေ့ နောက် ဆင်ခြင်ကွ အမြဲတမ်း.... ´´ တဲ့။ မှန်တယ် အဖိုးရေ...... မှန်ပါတယ်..... တခါတစ်လေမှာ နုံအရိုး
သားခြင်းတွေက အခွင့်အရေး ရယူချင်သူတွေ အတွက်..... အခွင့်အရေး ကောင်းတွေ ဖြစ်တတ်ပါတယ်..... ကောင်လေးသာ ချက်ချင်း..
ပိုက်ဆံအိတ်ကို အများအရှေ့တွင် သေသေချာချာ ဖွင့်ကြည့်မိခဲ့လျှင်..........
လူအချင်းချင်း လှည့်ဖြားခြင်း ကင်းရှင်းကြပါစေဗျာ........ သတိထားနိုင်ကြပါစေ..... အမြဲတမ်းပေါ့....။