ကံကြမ္မာ ဆိုတာဘာလဲ အခုဒီအရာတွေကို ဖြစ်လာဖို့ ဘယ်သူဖန်တီးခဲ့တာလဲ ကံကြမ္မာဆိုတဲ့ အရာကြီးလား ကံကြမ္မာဆိုတာဖြူလားမဲလား ကံကြမ္မာ ဆိုတဲ့အရာ ကြီးကိုတွေ့ရင် မေးလိုက်ချင်တယ်ဗျာ မင်းဟာဘာလို့ လူတွေရဲ့ကြားမှာ လိုက်နှောက်ယှက် နေတာလဲလို့ပါ။။။။။။။။။။
လမသာတဲ့ လကွယ်ည အမှောင်တွေကကျ လကိုတွေ့ချင်လို့ တမ်းတနေတဲ့ကျွန်တော် အရူးတစ်ယောက်ပေါ့ဗျာ တကယ်ပါ
ဆုတောင်းတိုင်သာပြည့်ခဲ့မယ်ဆိုရင် ကျွန်တော်လိုချင်ခဲ့တဲ့အရာ မိသားစုဘဝလေးပါ အားကျမိတယ် လိုချင်ခဲ့တယ် ဖြစ်ချင်ခဲ့တဲ့အရာ မိသားစုဘဝလေးပါ အမိမဲ့သား ရေးနဲငါး ဆိုတဲ့စကားက ကျွန်တော်အတွက်ပဲထားခဲ့တဲ့ ဆိုးစကားလား မသိပါဘူးဗျာ
းးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးး
လွန်ခဲ့သောအနှစ် နှစ်ဆယ်(၂၀)ခန့်က
အဟင့် အဟင့် ဟီး ဟီး ဟီး ချစ်က ကလေးလိုချင်သေးတာ မဟုတ်ဘူး
ကဲ ချစ်ရယ် မောင် စိတ်မကောင်းအောင် ငိုမနေပါနဲ့ကွာ အခုဗိုက်ထဲက ကလေးကိုလဲ ချစ်မလိုချင်သေးရင် မွေးပြီ မောင်တို့စွန့်ပြစ်ကျတာပေါ့နော် တိတ်တိတ်တိတ်
ချစ်က အိမ်ထောင်ပြုတယ် ဆိုတာလဲ မောင်နဲ့နှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေချင်တာ အခုတော့ ကိုဝန်ကရလာပြီ မောင်ရယ် ဒီကိုဝန်ကြီးကြောင့် ချစ်တော့ မလှပဲနေတော့မှာပဲ ဖျက်ချမယ်ပြောတော့လဲ ဆရာဝန်က အားမပေးဘူး လက်မခံဘူး အဟီး အဟီး အဟင့်အဟင့်အဟင့်
တိတ်ပါတော့ ချစ်ရယ် ကြည့်စမ်းပါအုံး ချစ်ငိုလိုက်တာ မျက်လုံးတွေတောင်နီလာပြီ တိတ်တော့နော် အခုဗိုက်ထဲက ကလေးကိုလဲ ချစ်ကလဲ မယူချင်ဘူး မောင်ကလဲ ကလေးမလိုချင်သေးဘူးဆိုတော့ ဒီလိုလုပ်ပါလား ဆရာဝန်ကမဖျက်ချပေးတော့ မောင်တို့ မွေးလိုက်မယ်လေ ပြီးရင် စွန့်ပြစ်ကြတာပေါ့ ဘယ်လိုလဲ အဲ့အကြံကောင်းတယ်မလား
ကောင်းတယ် မောင် ဘာလို့လဲဆိုတော့ ချစ် ကလေးအမေမလုပ်ချင်သေးဘူး အဟီး အဟင့် အခုကိုဝန်ကရလာပြီ ဗိုက်ကပူနေရင် ဘယ်လိုစတိုင်ကျကျနေလို့ ရတော့မှာလဲ အဟီး မောင်ရယ် ချစ်တော့ ဗိုက်ထဲကကလေးကို တော်တော်မုန်းတယ် အဟီး အဟီး။။။။။။။။။။
ပျော်ရွှင်မှူကိုသာ လိုလားကြတဲ့ ဇနီးမောင်နှံ ၂ယောက်ကတော့ သူတို့ရင်ခွင်ထဲ လူ့လောကထဲလာချင်တဲ့ကလေးကို တော်တော်လေး မုန်းတီးနေကြတယ် နှစ်ယောက်ထဲပျော်ပျော်ရွှင်ရွှင် နေရတာကိုလွတ်လပ်တယ်လို့ထင်နေကြတယ်
းးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးး
ချစ်ရယ် ဒီကိုဝန်ရလာကတည်းက ချစ်ကိုကြည့်ပြီး မောင်စိတ်မကောင်းဖြစ်မိတယ်ကွာ
ချစ်လဲဘာထူးလို့လဲ တော်တော်ဒုက္ခပေးတဲ့ကလေး ငါတို့လင်မယားနှစ်ယောက်ကို စိတ်ဆင်းရဲမှူတွေပေးတဲ့ကလေး နင့်ကိုလေ မမွေးခင်ကတည်းက အသေသတ်ချင်နေတာ
ကဲချစ်ရယ် အဲ့လောက်ထိလဲ ဒေါသထွက်မနေပါနဲ့ကွာ ကဲ ကိုတို့ မွေးဖို့ဖွားဖို့အတွက် ရွာကိုသွားကြရအောင် ရွာမှာလက်သည်တွေကိုလဲ သေချာစီစဉ်ပြီးသွားပြီ ချစ်အားလုံး ပြင်စင် ပြီးပြီဆိုရင် ကားပေါ်က စောက့်နေ မောင်အဝတ်အစားလဲပြီး လာခဲ့မယ်
ကောင်းပြီ မောင် မလုံးရေ
ရှင် မမ
အေး ပစ္စည်းတွေအားလုံးကားပေါ်တင်
ဟုတ်ကဲ့ မမ
အော် ဒါနဲ့ မလုံး အိမ်ကိုသေသေချာချာ စောက့်ထားနော် ဘယ်သူလာလာ အကိုလေးနဲ့အမလေးမရှိဘူး နယ်ကိုသွားတယ်လို့ပဲပြော အခုငါတို့လင်မယား နယ်ကိုခရီးထွက်မလို့ ၅ရက်၆ရက်လောက်တော့ကြာမယ် ဒါပဲ ကောင်းကောင်နေ
ဟုတ်ကဲ့ မမ
းးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးး
အား ကျွတ် ကျွတ် ကျွတ် မောင်ရယ် ဗိုက်ကနာလာပြီ အား ကျွတ်ကျွတ်ကျွတ်
သိခံပြီး အောက့်ထားပေးပါ ချစ်ရယ် ဟိုး ရှေ့က ရွာဆိုရင်ရောက်တော့မှာပါ
အားကျွတ်ကျွတ်ကျွတ်
ကလေးမွေးဖို့အတွက် .............ရွာလေးသို့ ရောက်လာကြတယ် ရွာက လက်သည်များကလဲ ကလေးကို အသာကြည် ချောမွေ့စွာ မွေးဖွားနိုင်ခဲ့တယ်
မောင် ချစ်တို့ ဒီကလေးကို ဘယ်မှာစွန့်ပြစ်ကြမှာလဲ ဒီရွာမှာပဲ စွန့်ပြစ်ကြရင်မကောင်းဘူးလား
ဟာ ချစ်ကလဲ ဒီရွာမှာ မွေးပြီး ဒီရွာမှာ စွန့်ပြစ်ကြရင် လူတွေသိကုန်မှာပေါ့ ပြန်ရင် ရွာတွေကိုလဲဖြတ်ရအုံးမှာလေ အဲ့တော့ ဒီရွာနဲ့ ဝေးတဲ့ ရွာလေးမှာ စွန့်ပြစ်ကြတာပေါ့
အင်း အဲ့ဒိအစီအစဉ်လဲ ကောင်းတာပဲ ကဲမောင် ချစ်တို့ပြန်ကြရအောင် ရွာမှာနေရတာလဲ ပျင်းလာပြီ မြို့ကိုရောက်တာနဲ့ ဟိုတုန်းကနေသလိုပဲ နိုက်ကလပ်တွေသွားမယ် ပြီးရင်မောင်နဲ့တူတူကဲမယ် အရမ်းချစ်တာပဲ မောင်ရယ်
မောင်လဲ ချစ်ကို ချစ်တယ် အခု ကလေးကိုလဲ စွန့်ပြစ်ကြမယ် ပြီးရင်မောင်နဲ့ချစ် ပျော်ပျော်နေကြမယ် ကဲပြောကြာပါတယ် အခုပဲ ပြန်ကြမယ်
ကလေးငိုတဲ့ အသံကို နားထောင်ကောင်းတယ်လို့ဆိုပြီး နို့မတိုက် ပဲထားတဲ့မိခင် မစောက်ရှောက်တဲ့ဖခင် ကလေးကို သူတို့ထိုင်တဲ့ခုန်ရဲ့အနောက်မှာထားပြီး သူတို့နှစ်ယောက်ကတော့ အပျော်ကြီးတွေပျော်လို့ ကလေးကလဲ ဆာလောင်မှူနဲ့ဆိုတော့ အူဝဲဆိုတဲ့ အော်သံလေးကနေဘာမှမပြောနိုင်
းးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးး
အေးကွယ် အံသြပါတယ် မြို့မှာ ဒီလောက်ကောင်းတဲ့ဆရာဝန်တွေ ရှိနေတာတောင် တော်မှာလာမွေးရတယ်လို့အေ
ဟုတ်ပါ့တော် ကြားမကြားဘူးပါဘူး ဝတ်ထားစားထားတာတွေကလဲ ကိုဝန်ဆောင်မိခင်နဲ့ကိုမတူဘူး မသိရင် ရုပ်ရှင်သွားရိုက်ကြမဲ့မင်းသမီးကြနေတာပဲ
အေးလေ ဒါပေမဲ့ သူတို့ကြည့်ရတာ ကလေးမွေးလိုက်တာ တော်တော် ပျော်နေပုံ ရတယ် နောက်ပြီး ကလေးကိုလဲ နို့တိုက်တာ မမြင်ရပါဘူးအေ
တော်ပါပြီအေ ကိုယ့်အကြောင်းလဲမဟုတ်တော့ ပြောမနေပါတဲ့တော့။။။။။။
မောင် ဒီနေရာလေးက လူရှင်းတယ် ဒီမှာ ပြစ်ကြရအောင် ကားကိုရပ် ရပ်
အေး ပြစ်ကြမယ်
မောင် လူတွေကိုလဲ ကြည့်အုံးနော် (အူဝဲအူဝဲ)
အေးပါ ချစ်ရ (အူဝဲ အူဝဲ)
ကဲပြီးပြီ (အူဝဲ အူဝဲ)
ကားပေါ်မြန်မြန်တက် သွားမယ်မြန်မြန်
ငါတို့၂ယောက်ကို ဒုက္ခပေးတဲ့ကလေး လေးရေ သွားပြီး ဘိုင်ဘိုင်
ကဲ ချစ်ရေ အောင်မြင်မှူအထိန်းအမှတ်အနေနဲ့ လာထား အာဘွား
ကဲရော့ ရွှတ် ရွှတ်
းးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးး
ငါကို မချစ်ဘူတဲ့ ရက်စက်လိုက်တာ အေးကြည်မရယ် ငါကဘုန်းကြီးကျောင်းသားဖြစ်ပေမဲ့ ချစ်တက်တဲ့နှလုံးသားတော့ ရှိပါတယ် အဟီး အဟီး အဟီး ငါကချစ်တယ်လို့ပြောတာ ပါးရိုက်တယ် ကံကံကံ
အူဝဲ အူဝဲ အူဝဲ
ဟာ ဘာလဲဟ ကလေးငိုသံပါလား အူဝဲအူဝဲအူဝဲ
ဟာ ကလေးလေး ဘယ်သူတွေပြစ်သွားတာပါလိမ့် ဒီလိုထားထားလို့မရဘူး ငါယူသွားရမယ် အေးအေးအေး ကလေးလေးရယ် မငိုပါနဲ့ကွာ ။။။။။။။။။။
ဆရာတော်ဘုရား ဆရာတော်ဘုရား ဆရာတော်ဘုရား
ဟဲ့ ကျောင်းသားကြီး ဘာဖြစ်လာရတာလဲ ကွဲ့ တကြော်ကြော်နဲ့ လက်ထားမှာလဲ ဘာကိုပွေ့ချီလာတာလဲ
တင်ပါ ဆရာတော်ဘုရား တပည့်တော် ရွာထိပ်က ညောင်ပင်အောက်က ကလေးလေး တစ်ယောက် ကောင်ရလာလို့ ယူလာတာပါဘုရား
အေး မှန်းစမ်း
ဒီမှာ စာတစ်စောင်လဲပါပါတယ်ဘုရား တပည့်တော် အားလုံးမဖတ်တက်လို့ ဆရာတော်ဆီယူလာတာပါဘုရား ပြီးတော့ပိုက်ဆံတွေလဲ ပါပါတယ်ဘုရား ဆယ်သိန်းကြီးများတောင်ပါဘုရား
အေ မှန်စမ်း ကျောင်းသားကြီးရယ် ပြပါအုံးဟ စာ
ဤကလေးကိုကောက်ရသောသူသည် ဤကလေးကိုပြုစုစောက့်ရှောက်ရန်အတွက် ငွေ၁၀သိန်းထားပေးသွားသည်
အော် လူတွေလူတွေ တယ်ခတ်ပါလားကွယ် လူ့အသက်တစ်ချောင်း ဆိုတာရခဲလှတယ်ဆိုတာ မသိကြပါလား အော်အော်
ဆရာတော်ဘုရား ဘယ်လိုလုပ်ကြမလဲ ဒီကလေးကို
ဘယ်လိုလုပ်ပါ့မလဲ ကျောင်းသားကြီးရယ် ဘုန်းဘုန်းတို့ပဲ ပြုစုစောက်ရှောက့်ပေးရမှာပေါ့ကွဲ့  ကဲကဲကဲ ရွာထဲက ကလေးကိုပြုစုစောက့်ရှောက်တက်တဲ့ တကာမတစ်ယောက်လောက် ကျောင်းခေါ်လာခဲ့စမ်း ဘုန်းဘုန်းက ခေါ်ခိုင်းတယ်လို့ပြောပြ ရွာထဲကမတ်မတ်သွားနော် ဟိုဟိုဒီဒီ ရှောက်ဝင်မနေနဲ့
တင်ပါ့ ဘုရား တပည့်တော် မြန်မြန်ပြန်လာခဲ့ပါ့မယ်ဘုရား
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကျွန်တော်ဘဝ ဘုန်ကြီးကျောင်းသားဘဝနဲ့ကြီးပြင်းလာခဲ့ရတာပါ ဆရာတော်ဘုရားက ကျွန်တော်ကို ပြုစုစောက့်ရှောက့်လာလို့ လူ့လောကထဲရောက်လာတဲ့လူတစ်ယောက်ပါ ဘာကြောက့်များကျွန်တော်ကို ပြစ်သွားခဲ့တာလဲ အမေနဲ့အဖေတို့ရယ် ကျွန်တော် ဘာအမှားတွေများ လုပ်ခဲ့မိလို့လဲ စဉ်းစားတိုင်း ဝမ်းနည်းပြီး မျက်ရည်ကျမိရတာတော့အမှန်ပါ အခုဆိုရင်ကျွန်တော်လူလားမြောက်လာပြီ စာပေပညာတွေကိုလဲ ဘုန်းဘုန်းကပဲ သင်စေခဲ့တယ် ဘုန်းဘုန်းပြောတာတော့ ကျွန်တော်ကို စွန့်ပြစ်သွားတဲ့ အချိန်က ကျွန်တော် အမေနဲ့အဖေက ကျွန်တော်အတွက် ငွေ၁၀သိန်းထားပေးသွားတယ်တဲ့ အဲ့ဒါဘုန်းဘုန်းက ငွေတွေက ရွာထဲက လူကြီး(သူကြီး) ကိုပေးထားပြီး ကျွန်တော်နောင်ရေးအတွက် လယ်မြေယာအလုပ်တွေကိုလုပ်ခိုင်းစေခဲ့တယ် အခုဆိုရင်ကျွန်တော်မှာ နေစရာတဲလဲရှိတယ် လုပ်ကိုင်စားသောက်ဖို့ရအောင် လယ်လဲရှိတယ် ခင်မင်ပေါင်းသင်းရမဲ့ သယ်ရင်းတွေလဲရှိတယ် ကျွန်တော်ကိုလိမ္မာရေးချားရှိအောင် သွန်သင်ဆုံးမပေးတဲ့ ဆရာတော်ဘုရားလဲရှိတယ် မရှိတာ တစ်ခုကတော့ ကျွန်တော်မှာမိဘတွေပဲ နွေးထွေးတဲ့အမေရင်ခွင်ထဲ ခိုဝင်ချင်လို့ စဉ်းစားတွေတောမိတိုင်း အလိုလို မျက်ရည်ကျလာမိတယ်ဗျာ
ကဲ ကံထမ်းလာတာမမြင်ရဘူးနော် လှံထမ်းလာတာကိုပဲမြင်ရတယ် ကံစမ်းချင်တယ်ဆိုရင်တော့ ကျွန်တော်ထီလေးကိုထိုးလိုက်ပါ ပေါက်မှာသေချာပါတယ်ဗျာ ကဲ.........ကျေးရွာအတွင်းမှာနေထိုင်ကြတဲ့သူတွေ ကံစမ်းချင်ကြပါသလား ပိုက်ဆံနဲနဲလေးရင်းပြီး ပိုက်ဆံအများကြီးရမှာပါခင်ဗျာ
အပြောကောင်းပြီး ထီးရောင်းနေတဲ့ မောင်သံချောင်းကတော့ တကြော်ကြော်အော်လို့
ဟာ ရွာချစ် ဘုန်ကြီးကျောင်းသားလေး မင်းကံမစမ်းချင်ဘူးလားကွ
တော်ပါပြီဗျာ ခင်ဗျားက အဲ့လိုအပြောကောင်းကောင်းနဲ့ ရောင်းနေတာ ပြီးရင် ကျူပ်ထိုးတိုင် တစ်ခါမှမပေါက်ဖူးဘူး
အော် ရွာချစ်ကလဲကွာ မင်းဒီတစ်ခါတော့ပေါက်မှာပါ သေချာတယ် ကဲ ဘယ်လိုလဲ ထုံးစံအတိုင်းပဲလား ငါရွေးပေးရမလား
တော်ပါ ခင်ဗျားရွေးတာ လက်ကီးမကောင်းဘူး ကျုပ်ကိုတိုင်ပဲ ရွေးမယ်
ဟုတ်ပါပြီကွာ ဒီတစ်ခါတော့မင်းတကယ်ပေါက်ပြီ
ပြောတာပါပဲဗျာ အဲ့လိုပြောပြောပြီး ရောင်းနေတာလေ ထီပေါက်ရင်တော့ ဖုန်းကြီးကျောင်းမှာလာရှာ သွားပြီ ဆရာတော်ဘုရားအတွက် ဆွမ်းချိုက်လိုက်ရအုံးမယ်
အေးအေး ရွာချစ်ရေ မင်းတစ်ယောက်ငါ့ဆီမှာ ထီကိုလတိုင်းအားပေးနေတဲ့ကောင်ကွ မောင်မင်းကြီးသား ကျမ်းမာပါစေချမ်းသာပါစေဗျာ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးး
ရက်စက်မှူတွေ ကိုသာပေးထားတဲ့ကံကြမ္မာကြီးကတော့ အခုအချိန်မှာ မျက်စိလည်လမ်းမှားလာလို့ ကျွန်တော်ကို ကံကောင်းခြင်းတွေပေး ခဲ့တယ် ကျွန်တော်အရမ်းပျော်ရွှင်မိတယ် ဒီအချိန်မှာ အမေနဲ့အဖေသာရှိရင် ပျော်ရွှင်မှူတွေက ပိုပြီးတိုးပွားစေမှာတော့အမှန်ပါဗျာ
ရွာချစ် ရွာချစ်ရေ အေး ရွာချစ် ထီလှည်းလေးရောင်းတဲ့ မောင်သံချောင်းကတော့ ရွာချစ်နံမည်လေးကိုခေါ်ပြီး ဘုန်ကြီးကျောင်းထဲသို့ဝင်လာတယ်
ရွာချစ် ရွာချစ် ကပ္ပိယကြီး ရွာချစ်တစ်ယောက် ကောဗျ
အေးလူလေး ကျောင်းနောက်မှာ သပိတ်တွေဆေးနေတယ်ကွဲ့ ဘယ်လိုဖြစ်လာတာလဲကွ
ဒီလို ကပ္ပိယကြီးရ ရွာချစ်ထီပေါက်လို့ဗျ
ဟေ ဟုတ်လား
ဟုတ်တယ် ကျုပ်ဆီမှာထိုးတဲ့လူတွေတစ်ခါမှ မပေါက်ဖူးဘူး အခုသူပဲပေါက်ဖူးသေးတာ ပေါက်များပေါက်တော့လဲ သိန်းတစ်ထောင်(၁၀၀၀)တောင်ဗျာ
ဟေဟုတ်လား မှန်းစမ်းပြစမ်းပါအုံးကွ
နောက်မှကြည့်ကျူပ် ရွာချစ်ကို သွားပြောလိုက်အုံးမယ် ရွာချစ်ရေ ရွာချစ်
ဟာ ဟေ့ကောင် ရွာချစ် မင်းဘာဖြစ်နေတာလဲ ရွာချစ် ဟာခေါ်လို့လဲ မရတော့ဘူး ကပ္ပိယကြီးရေ ရွာချစ်ဘာဖြစ်လဲမသိဘူးဗျ လာစမ်းပါအုံးဗျ ခေါ်လို့လဲမရတော့ဘူး
ဟာရွာချစ် ငါလေကွာငါလေ ကပ္ပိယကြီးလေကွာ မဖြစ်ဖူး မဖြစ်ဖူး ဆရာတော်ဘုရားကို လျှောက်တင်ပြီး မြို့နယ်ဆေးရုံကိုပို့ရမယ်။။။။။။။။။။
ဘယ်လိုဖြစ်တာလဲ ဆရာဝန်ကြီးရယ်
ပြောရမှာတော့ စိတ်မကောင်းပါဘူးဗျာ ဒါပေမဲ့မပြောလို့ကလဲမဖြစ်ဘူးလေဗျာ ဒီက ဦးလေးတို့ လူနာမှာ နှလုံးကင်ဆာ ဖြစ်နေတယ်ဗျ
ဗျာ ဟုတ် ဟုတ်လားဆရာ
ဟုတ်တယ် အလွန်ဆုံးနေရ ၆လ လောက်ပဲခံမယ်ထင်တယ် ကျွန်တော်တို့လဲ စိတ်မကောင်းပါဘူးဗျာ ကျွန်တော်ဘက်ကတော့ အတက်နိုင်ဆုံး ကြိုးစားပေးပါ့မယ် ကဲနောက်လူနာလေးတွေကြည့်စရာရှိသေးလို့ ကျွန်တော်ကို ခွင့်ပြုပါအုံးခင်ဗျာ
ဟုတ် ဟုတ် ဟုတ်ကဲ့ဆရာ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးး
အမေဝမ်းက ကျွတ်လာကတည်းက ကံဆိုးခြင်းတွေကိုသာပိုင် ဆိုင်လာတဲ့ ကျွန်တော်အတွက်တော့ ကင်ဆာဆိုတဲ့ရောဂါဟာ စမ်းလှတယ်လို့ မထင်ထားပါဘူး လူ့လောက လူ့ဘဝထဲမှာ ဒီလိုနေထိုင်သွားခွင့်လေးပြုလိုက်တာကိုက ကျွန်တော်အတွက်ကံကောင်းခြင်းတွေလို့ ဆိုထားတဲ့လူတစ်ယောက်ပါ ဟဟဟဟဟဟဟဟအားရပါးရ ရယ်မောပြစ်လိုက်ချင်တယ် လောကကြီးရယ် ကံကြမ္မာရယ် နင့်တို့ရက်စက်တာ ဒီလောက်ပဲလား ဟဟဟဟဟဟဟဟငါလိုလူတစ်ယောက်ကို မျက်စိလှည်လမ်းမှားပြီ သိန်းတစ်ထောင်(၁၀၀၀)ဆုကြီးကပေါက်တယ် လောကကြီးရယ် ငါလိုချင်ခဲ့တဲ့ အရာတွေက အဲ့ဒါတွေမဟုတ်ဘူး အမေမေတ္တာ အဖေ့ဂရုဏာ မင်းငါ့ကို ငွေတွေလာပေးတော့ ငါကဘာတွေလုပ်ရမှာလဲ ငါတမ်းတတဲ့အရာ နင့်သိပါတယ် လောကကြီးရယ် မင်းကြားအောင် အော်ပြောပြလိုက်ချင်တယ် မင်းကိုငါသတ်ချင်တယ် လောကကြီးကိုသတ်ချင်တယ် လောကကြီးကိုသတ်ချင်တယ် လောကကြီးကိုသတ်ချင်တယ် အဟီးးး အဟီး ဟီး လောလောကကြီးးးးမင်းကိုငါသတ်ချင်ချင်တယ်ဟီးဟီး (ငို၍ပြောသောစကား)
းးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးး
ကပ္ပိယကြီး
ဟေး ရွာချစ် ကျွန်တော်ကို သိချင်တာလေးရှိလို့ ပြောပြပါလား
ဟေ ဘာများတုန်းကွ ရွာချစ်ရ
ကျွန်တော်ကို ဘယ်နေရာမှာ ကောက်ရခဲ့တာလဲ ကပ္ပိယကြီး
ဟေ ဘာဖြစ်လို့မေးနေရတာလဲကွ ရွာချစ်ရ ငါကဘယ်လိုလုပ်သိပါ့မလဲ
မလိမ်ပါနဲ့ ကပ္ပယကြီးရယ် ဆရာတော်ဘုရားက ကျွန်တော်ကိုပြောပြဖူးတယ် ကပ္ပိယကြီးပဲ ကျွန်တော်ကို ကောက်ရခဲ့တာဆို ပြီးတော့ ကျွန်တော်ကိုပွေ့ချီပြီး ဘုန်းကြီးကျောင်းကိုခေါ်လာခဲ့တာဆို
ကဲ မင်းစိတ်မကောင်းဖြစ်မှာကြောက့်လို ငါကမပြောပြချင်တာပါကွာ မင်းကိုငါကိုတိုင်ကျောင်းကိုခေါ်လာတာ မင်းကိုကောက်ရတာတော့ ရွာထိပ်ကညောင်ပင်ကြီးအောက့်မှာပဲကွ ကဲကဲ ငါလဲ ဆရာတော်ဘုရားမိန့်ထားတာလေးရှိလို့ ရွာထဲဝင်လိုက်အုံးမယ်ကွာ။။။။။။။။။။။။။။။။။
လောကကြီးရယ် မင်းရဲ့ ရက်စက်မှူဒဏ်တွေကို ခါးစီးမခံနိုင်တော့လို့ အခု ငါလူ့လောကကြီးထဲကနေထွက်ခွာသွားပြီနော် ငါ့နောက်တစ်ခါ လူ့ဘဝထဲပြန်ရောက်လာခဲ့မယ် ဆိုရင်တော့ မင်းငါ့ကို အခုလိုရက်စက်ခြင်းတွေမပေးပါနဲ့တော့ကွာ မင်းငါဒူးထောက်ခဲ့ပါတယ် ဒါပေမဲ့ ဒူးထောက်သွားခဲ့ပေမဲ့ ငါ့ပါးစပ်ကနေတော့ အရှူးပေးတယ်လို့ မပြောသွားဘူးနော် နောက့်ဘဝဆိုတာ ငါ့အတွက် ရှိခဲ့မယ်ဆိုရင် ငါ့အမေနဲ့အဖေစွန့်ပြစ်ချင်းမခံရတဲ့သားပဲဖြစ်ချစ်တယ်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးး
လေ လေးတွေကတဖြူးဖြူး အေးမျှလှတဲ့ ရွာထိပ်က ညောင်ပင်ကြီးအောက့်မှာ အိပ်စက် ငါ့ဘဝဒီနေရာကစခဲ့ပေမဲ့ အခုငါဒီနေရာမှာပဲ အဆုံးသတ်ချင်တယ် ကျေးဇူးတင်ပါတယ် ညောင်ပင်ကြီးရယ် နင်က ငါတို့ငယ်ငယ်လေးကတည်းက ဒီပုံစံအတိုင်ပဲနော် အခုလဲဒီအတိုင်းပဲ ဘာမှမပြောင်းလဲဘူး နင်ကသာမပြောင်းလဲပေမဲ့ ငါကတော့လူ့လောကနေ ထွက်ခွာရတော့မယ် ဒါပေမဲ့ ငါငယ်ငယ်နင်နဲ့တွေ့ခါစအရွယ်တုန်းကလို မငိုတော့ပါဘူး အခုတော့ အူဝဲဆိုတဲ့ အော်သံလေနေရာမှာ မမြင်ဘူးတဲ့အမေနဲ့မတွေ့ဘူးတဲ့အဖေကို ထဝရချစ်တယ်လို့ ပြောပြီးငိုမှာပါ အမေနဲ့အဖေရယ် သားနောက်ဆုံးထွက်သတ်လေးမှာ အမေရဲ့ရင်ခွင်အဖေရဲ့ရင်ခွင်ထဲမှာသာ ကုန်ဆုံးချင်ပါတယ် သားကိုပြန်လာရှာမယ်ဆိုရင်တော့ သားရဲ့ ဝိဥည်တွေက ဒီနေရာလေးမှာအမြဲတမ်းရှိနေမှာပါ မသေခင်လေးတော့ပြောသွားမယ် အမေနဲ့အဖေကို ကမ္ဘာတည်သ၍ချစ်တယ် ညောင်ပင်ကြီးရယ် ငါ့ဘဝအတွက် မှေးစက်တော့မယ်။။။။။
ရွာချစ်သေဆုံးသွားသေအချိန်တွင်သူ၏အသက်သည် ၂၀ရှိပါပြီ
သူအမေလာပြန်ရှာမှာကို သိထားသောကြောက့် သူရဲ့ပိုင်ဆိုင်သမျှအရာတွေအားလုံးကို အမည်မသိသေးတဲ့ သူမိဘတွေအားပေးထားခဲ့ပါသည်
းးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးး
ကြိုးစားပါအုံးမည်
ရဲရင့်ရထာ