Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ထီးလှလှတစ်ချောင်းပဲ ၀ယ်ပါတော့မယ်

$
0
0

9.10.2011

ကျွန်မ သူငယ်ချင်းလက်ထပ်တော့မယ်တဲ့။ပျော်ရွင် ရင်ခုန်ခြင်း တွေ ထပ်တူထပ်မျှ ခံစားရင် သူရဲ့ခင်ပွန်းလောင်းကို တွေ့ဖို ကျွန်မ သွားခဲ့တယ်။

အဲ...ဒါပေမဲ့ လမ်းမှာ ဖိနပ်ပြတ်တယ်။ထီးကျိုးတယ်။နမိတ်တွေ တဲ့လား။အယူအဆတွေ နမိတ်တွေ နမာတွေကို ကျွန်မက မယုံကြည်တတ်ဘူး။

ဖိနပ်ပြတ်ရင် လွင့်ပစ်မယ်.....အသစ်ဝယ်မယ်ပေါ့။

ထီးကျိုးရင် အသစ်ရမယ်။

အဟောင်းတွေ ကိုယ်ဆီက ထွက်သွားတာ အကောင်းဆုံး အသစ်ထပ်ရမယ် အတွက်ပဲပေါ့။

ချိန်းထားတဲ့ နေရာကို ကျွန်မက အမြဲကြိုသွားတတ်တယ်။ဘယ်သူနဲ့ ချိန်းချိန်း ဘာကြောင့် ချိန်းချိန်း ဆယ်ငါးမိနစ်တော့ အမြဲ ကြိုသွားတတ်တယ်။ဘာ အကျင့်ကြောင့် အခုလို ဖြစ်လဲတော့ မပြောတတ်ဘူး။ဒီတစ်ခေါက်တော့ ကျွန်မ ကံကောင်းတာလား ကံဆိုးတာလား မသိဘူး။ကျွန်မ မျက်စိရှေ့မှာ ရောက်လာ့မယ် ကျွန်မ ချစ်ရတဲ့သူကို ကြည့်ပြီး ရင်တွေ ပါးပါးလေး ခုန်နေမိတယ်။မတည်ငြိမ်တဲ့ အရွယ်မှာချစ်ခဲတဲ့အချစ်က အသားကျနေပေမယ် ပြန်ဆုံတွေ့တော့ရင်ခုန်နေသေးတာပဲ။

မယုံကြည့်နိုင်ဘူး.....

ကျွန်မ သိပ်ချစ်ခဲ့ရသော မောင်

ကျွန်မ သိပ်ချစ်ခဲ့ဖူးသော မောင်

ကျွန်မ သိပ်ချစ်နေရဆဲသော မောင်

ကျွန်မ ဘ၀ထဲမှာ ဆက်လက်ရှင်သန်နေသော မောင်

ပြီးတော့ ကျွန်မ သူငယ်ချင်းရဲ့ ခင်ပွန်လောင်း

ကျွန်မ တို့ချစ်ခဲဖူးတာကို သူမေ့သွားတာလား။မသိချင်ယောင်ဆောင်နေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား။

ကျွန်မ စွပ်စွဲခဲ့မိသလိုများ ဖြစ်လာမယ်လို မယုံကြည့်ခဲ့ဘူး။

သူ မတတ်ခဲ့ အတတ်ပညာကို သင်ပေးခဲ့တာ ကျွန်မ ကိုယ်တိုင်ဖြစ်နေတာကို အချိန်တော်တော်ကြာမှာသိခဲ့ရပြီးသားပါ။

ဘာကြောင့် ဖြစ်ဖြစ် အခုချိန်မှာ အမုန်းဆုံးလူဆိုရင် သူတို နှစ်ယောက်ကို ခေါင်းဖြတ်ပြီးသာပြလိုက်ချင်တယ်

ဒါကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲ။

အခု ဖြစ်နေတဲ့ ကိစ္စကို အဆုံးသတ်ဖို့ အတွက် ကျွန်မ နှလုံးသားကို စတေးခဲ့ရမလား

ဒါမှ မဟုတ် အတိတ်ကိုပဲ ဆက်လက် အိပ်မက်နေရဦးမှာလား။

ဒါပေမဲ့ ...နင် ငါကို ထားသွားတာကို အပြစ်တော့မဆိုရဲပါဘူး။

ဟဲ့ ငါနင်ကို့ မိတ်ဆက်ပေးမယ်...သူကငါရဲခင်ပွန်းလောင်းပေါ....ဘယ်လိုလဲ နင်အံ့သြသွားလား.....

(အမလေး...သူလင် စာခြောက်ရုပ် အ၀တ်ပတ်ကို ယူမှာ များ ငါက အံ့သြရမယ်တဲ့လား)

ဟင်း ဟင်း အေးပေါ့ အံ့သြတာပေါ့ ...နင်တို နှစ်ယောက်က မထင်တာတွေ လုပ်ပြနေတာကို

(မသာမ ....ဇကောလောက်မှ စောက်မနက်)

သူကငါကို သိပ်ချစ်တာဟ...

(ပြောပေါ့....နင် မပြောခင်ငါ့အရင် ဒူးထောက်ပြောထားတာများ....နင် မယုံရင် လှန်ကြည့်လိုက်...အမာရွတ်တောင်ကျန်သေးတယ်)

ဒါနဲ့ နင်တို ဘယ်တော့ လက်ထပ်မှာလဲ...ဒီ သီတင်းကျွတ်မှာပဲလက်ထပ်မှာလား

(ကောင်မ နန့်နေတာ ယောက်ျားလိုချင်တာ နှစ်ပိုင်း သေနေပြီ)

မဟုတ်ဘူးဟ ....2012 ဒီဇင်ဘာမှ

(ဘာလုပ်မှာလဲ...တရုတ်စုတ်မ တရုတ်မသာလုပ်မှာလား)

အေး လိုသေးတာပေါနော. ကြိုကြွားတာပေါ့ ဟုတ်လား

အေးပေါ့ဟ ဒီချစ်သူလေးပဲ ကြွားရတာပေါ့....ချောတယ်မဟုတ်လား

(ငါ့ ချစ်သူ ချော မချော နင်ပြောမှ သိမှာလားဟဲ ချောလိုငါကြိုက်တာပေါ့ ကောင်မရဲ)

(မသာက လာရှက်နေတယ်...ကျက်သရေမရှိကျပ်မပြည့်တဲ့ ပြား၉၀ ရုပ်မှာ ဗေလုဝ ရုပ်ပေါင်းပြီ ချာလီချာပလင် လမ်းလျှောက်တဲ့ စတိုင်ကများ)

ဟဲ လိုသေပေမယ် ကူညီဦးနော အခုကတည်းက စီစဉ်ထားရမှာ.....နင်ကူညီနော

အေးပေါ့ ကူညီရမှာပေါ့ ဒီသူငယ်ချင်းတွေ ပဲရှိတာကို နင်ကလည်း

(သေချင်းဆိုးလေး နှစ်ကောင်....မဂီလာအိပ်ရာထဲ မြွေပွေး လေးကောင်းက လက်ဆောင်ထည့်ပေးထားမယ်)

ဟဲ ငါပြန်တော့မယ် ချိန်းထားတာ ရှိသေးတယ်ဟ

နောက်မှ အေးဆေးတွေ့တော့မယ်လေနော

အမလေး နင်ကလည်း လုပ်မနေပါနဲ့ နင်ကို ချိန်းမယ်သူမရှိပါဘူး

(ဆန်ကုန်မြေလေးမ ငါကိုများ....ပါးထရိုက်လို့ ကိုယ်အမှုကိုယ်ပြန်လိုက်နေရမယ်)

ပြန်ပြီဟာတာ့တာ့နော...

အိမ်ပြန်တဲ့ လမ်းတစ်လျှောက် ကျွန်မ စဉ်းစားမိတယ်

ဒီနေ့ ကျွန်မ ဖိနပ်အသစ်ဝယ်တယ်...မ၀ယ်လို မဖြစ်ဘူးလေ နော့ ....အိမ်မှာ ရှိသေးပေမဲ့ လောလောဆယ်ခြေဗလာနဲ့ သွားလိုမဖြစ်ဘူးလေ

အသစ်ဆိုတော့ ဖိနပ်ပေါက်တယ် အပျိုမကြီးတကြီးလေး ဆိုလည်း လှချင်သေးတာပေါ့နော့်

ထီးတော့ မ၀ယ်တော့ဘူး နေပူလည်း နည်းနည်း အရိပ်ရတဲ့ ဘက်က သွားလို့၇သေးတယ်

အိမ်ရောက်တော့ ရေမိုးချိုးပြီး Diary စာအုပ်လေးကို ဖွင်မိတယ်

အမှတ်တ၇တွေ တော်တော်များသားပဲ..မလိုတောပါဘူး မီးရှို့လိုက်တော့မယ်...

သြော ချောင်ကြို ချောင်ကြားက နေ ဓါတ်ပုံလေး ၃ပုံက မထွက်ချင် ထွက်ချင် ထွက်လာတယ်

မရဘူး ထွက်လာခဲ့ .. နင်တို့လည်း နည်းနည်းတော့ဟောင်းနေပြီ..ဆေးသားတော့ ကောင်းသား

ဒါပေမဲ လွင့်ပစ်လိုက်တော့မယ် ....သွားဟာ...စိတ်ကုန်တယ်...ဒီတစ်နှစ်လည်းကုန်ပါပြီ....

နေဦး ဖိနပ်ပေါက်တာ ဆေးလိမ်းရဦးမယ်

ဆေးလိမ်းရင် စဉ်းစားမိတာ တစ်ခုရှိတယ်

ဖိနပ်အသစ်တော့ ၀ယ်ပြီးပြီ

ယောက်ျား(ချစ်သူတစ်ယောက်)အသစ်ထပ် ၀ယ်ရင် ကောင်းမလားလို့

မဖြစ်သေးပါဘူး

လောလောဆယ် ဖိနပ်ပေါက်တာ ဆေးလိမ်းလို့တယ်

နှလုံးသားပေါက်ရင် ငါကို ဘယ်သူမှ ဆေးလိမ်းပေးမှာမဟုတ်ဘူး အေးအေးဆေးဆေးနေတာပဲကောင်းသားဟ

ီထီးလှလှလေး တစ်ချောင်းပဲ အသစ်ဝယ်တော့မယ်....အရိပ်ရတာပေါနော်...အရိပ်ရှာစရာမလိုတော့ဘူးပေါ့နော

မှန်လား မမှန်လားတော့မသိဘူး...ကိုယ်ဘာသာကိုယ်တော့ စိတ်ချမ်းသာသွားတာပဲ

ဒီတစ်နှစ် မရရင်လည်း နောက်တစ်နှစ်ပေါ့.....ကိုယ်က ငယ်သေးတာပဲ ....ဟုတ်ဘူးလား


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>