Image may be NSFW.
Clik here to view.
ကမ္ဘာကျော် တေးသံရှင် ရှာကီရာသည် နိုဝင်ဘာ (၉)ရက်နေ့တွင် ဟောလိဝုဒ် အဓိပတိ လမ်းမကြီး ပေါ်တွင် နာမည် ကျော် အနုပညာရှင်များ၏ အမည်ကို ကြယ်ပွင့်အတွင်း ရေးထိုး မှတ်တမ်းတင် ဂုဏ်ပြုခြင်း (Hollywood's Walk of Fame) ခံခဲ့ရကြောင်း သတင်းတွင် ဖော်ပြ ပါရှိပါသည်။
အသက် (၃၄)နှစ်အရွယ်ရှိ တေးသံရှင်ရှာကီရာ အသက်ခုနစ် နှစ်အရွယ်တွင် မိခင်ဖြစ်သူနီဒီရာနှင့် အတူ ဟောလိဝုဒ်လမ်းမကြီးပေါ်သို့ အလည်ရောက်ရှိစဉ် မိခင်ဖြစ်သူက တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဤဂုဏ်ပြုမှု ကို သမီး ဖြစ်သူ ရှာကီရာ ရရှိလိမ့်မည်ဟု ကြိုတင် ဟောကိန်း ထုတ်ခဲ့ဖူးကြောင်း ရှာကီရာက အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြော ကြားခဲ့ပါသည်။
ရှာကီရာသည် အဆိုပါဂုဏ်ပြုပွဲသို့ ဖခင်ဝီလျံ မိခင်နီဒီရာတို့နှင့်အတူ တက်ရောက်ခဲ့ပြီး သူမ ဂုဏ်ပြုခံရသည့် Hollywood's Walk of Fame ကို ကမ္ဘာတစ်ဝန်းရှိ သူမ၏ ပရိသတ်များသို့ ရည်ရွယ်သည်ဟု ပြောဆိုခဲ့ ကြောင်း သတင်း တွင် ဆက်လက်ပါရှိပါသည်။
အက်ကိုး
Image may be NSFW.Clik here to view.
