တကယ်လို့ ဂြိုဟ်သားတွေသာ ကမ္ဘာမြေပြင်ကို အမှန်တကယ် ဆင်းလာခဲ့မယ်ဆိုရင် သူတို့ပထမဆုံး ရောက်ရှိလာတဲ့ နေရာဟာ ရုရှား နိုင်ငံပဲ ဖြစ်လိမ်မယ်လို့ ဒီနောက်ဆုံးရ ဓာတ်ပုံ တွေအရ အတည်ပြုနိုင်ဖွယ် ရှိပါတယ်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ တခြားဂြိုဟ် ကမ္ဘာတစ်ခုက လာတဲ့ ဂြိုဟ်သားတွေရှိနေတယ် လို့ကောလာဟလ သတင်းတွေ ထွက်နေချိန် မှာပဲ ရုရှား အမျိုးသမီးတစ်ဦးက နေအိမ်ရေခဲသေတ္တာ ထဲမှာအေးခဲနေတဲ့ ဂြိုဟ်သားရုပ် အလောင်းတစ်ခု ကို သိမ်းဆည်းထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အလွန်နားလည်ရ ခက်ခဲတဲ့ ဒီရုပ်အလောင်းကို မာတာယီဂေါ်ရော့ဗ် နမ်ဆိုသူအမျိုးသမီးက ရုရှားနိုင်ငံ အနောက်ပိုင်း ပီထရိုဇာဗော့ဒက်စ်မြို့နေအိမ်မှာ လွန်ခဲ့တဲ့(၂)နှစ် ကျော်က သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီးသက်သေ အထောက်အထား ခိုင်မာစေဖို့ သူမကိုယ်တိုင် ဓာတ်ပုံ(၅)ပုံ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခုဆို ရင် ဒီရုပ်အလောင်းဟာ ပြီးခဲ့တဲ့လအနည်းငယ် အတွင်းရုရှားနိုင်ငံမှာ တွေ့ခဲ့ရတဲ့ တတိယမြောက် ဂြိုဟ်သားရုပ်အလောင်းဖြစ်လာခဲ့ပါပြီ။
သတင်း တွေရဲ့အဆိုအရ ၂၀ဝ၉နွေရာသီတစ်ရက်တုန်း က မစ္စတာမာတာရဲ့နေအိမ်အနီးမှာ ပြိုလဲကျသံ တစ်ခုကြားခဲ့ရတာကြောင့် အဲဒီနေရာကို မာတာ ကိုယ်တိုင်လာရောက်လေ့ လာခဲ့ပြီး မီးတောက် လောင်ပျက်စီးနေတဲ့သံမဏိအပိုင်းအစတွေတွေ့ခဲ့ ရပါတယ်။ နောက်ပြီး တွန့်လိမ်ကောက်ကွေး နေတဲ့ ကိုယ်ထည်ပျက်ကြီးအနားမှာ သေဆုံးနေ တဲ့အလောင်းတစ်လောင်း တွေ့ခဲ့ရတာကြောင့် ပန်းကန်ပြားပျံပျက်ကျတာ ဖြစ်တယ်လို့ မာတာ ကဆိုခဲ့ပါတယ်။
ရုပ်အလောင်းဟာ(၂)ပေရှည် ပြီး ဦးခေါင်းကြီးကြီး မျက်စိပြူးပြူး သွင်ပြင် ကလည်းငါးနဲ့ လူစပ်ထားသလို ဖြစ်နေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကလည်း ကြိုးချောင်း သဏ္ဌာန် လက်တစ်ဖက် ထိုးထွက်နေပါတယ်။ အခုတော့ အဲဒီအလောင်းကို အသေအချာစစ်ဆေးဖို့ ရုရှားအကယ်ဒမီသိပ္ပံ ကရင်မလင် သုတေသန စင်တာက ပြည်သူပိုင်အဖြစ် သိမ်းယူသွားပါပြီ။