Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

စကား

$
0
0

သူငယ်ချင်းတို့ရေ

စကားဆိုတဲ့ ခေါင်းစဉ်လေးနဲ့စာလေးတစ်ပုဒ်ရေးလိုက်ပါတယ်နော်။ စကားလုံးကလေးနှစ်လုံးပေမဲ့ အဓိပါယ်ကလေးနက်တယ်လို့ထင်ပါ တယ်နော်။ လူတိုင်းရဲ့ပါးစပ်ကစပြီးပြောလိုက်တာနဲ့ စကားဖြစ်သွားပြီလေ။ လူတိုင်းမှာအနေတဲ့သူကလည်း သူတို့ရဲ့စိတ်ထဲကနေ စကား   ပြောနေကြတယ်နော်၊ အမေ၀မ်းကထွက်လာပြီး မကြာခင်မှာပဲ ၀ူးဝူးဝါးဝါးနဲ့စကားပြောနေပြီနော်၊ နောက် 1နှစ်ကျော်အရွယ် ရောက်လာတော့ မေမေ၊ မမ၊ ကိုကို ဆိုပြီးပြောတတ်နေပြီလေ။ စကားအသုံးအနှုန်းကို ပြောဆိုတဲ့နေရာမှာ တစ်ချို့ကကြမ်းတမ်းစွာ ပြောတယ်၊ တစ်ချို့ကတော့  ယဉ်ကျေးစွာပြောတယ်၊ အဲဒါပဲကွာပါတယ်နော်၊ စကားကိုအချို့ကကိုယ်အမူအရာ၊ နှုတ်အမူအရာနဲ့ ပြောဆိုကြတယ်နော်၊ တချို့စိတ်ကူးယဉ်သမားတွေဆိုရက် မျက်ဝန်းထဲကတောင်စကားပြောတယ်လို့ ပြောကြတယ်နော်၊ လူတစ်ယောက်ရဲ့ စရိုက်ကိုသိချင်ရင် ထိုသူနဲ့စကားပြောကြည့်ပါလို့ ဆိုလို့ရတယ်နော်။ “စကားစကားပြောပါများ စကားထဲကဇာတိပြ ”ဆိုတဲ့ဆောင်ပုဒ်အတိုင်း စကားပြောလိုက်တာနဲ့ကို သူရဲ့စရိုက်ကို ကောင်းမကောင်းကိုသိနိုင်တယ်လို့ပြောကြတယ်၊ အဲဒါဟာမှန်ကန်သော စကားလုံးဖြစ်မယ်လို့ အပြည့်အ၀ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လူတချို့ကစကားကို မဆင်မခြင်ပဲပြောလိုက်ကြတယ် ဒါပေမဲ့ အဲဒီစကားက အဲဒီလူရဲ့စိတ်ကိုသေအောင်သတ်နိုင်တဲ့ အဖြစ်မျိုးကိုကြုံရတယ်တဲ့လေ။  (ဥပမာ- လူတစ်ယောက်ကမိန်းကလေးတစ်ယောက်ကို ချစ်နေတဲ့အကြောင်းကို ပြောလိုတယ် ဒါပေမဲ့ကောင်မလေးက ပြန်မချစ်နိုင်တဲ့အကြောင်းကို ပြောထားပြီးသွားပြီ၊ ဒါပေမဲ့ အဲဒီကောင်လေးက ဒါဟာသူ့ချစ်သူ၊ သူ့ကောင်မလေးလို့ သူ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို ဆီမှာလျှောက်ပြောနေတယ်ဆိုရင် အဲဒီမိန်းကလေးက သူငြင်းပယ်ထားတယ် ဆိုရင်တောင် သူ့သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့စိတ်ထဲမှာ အလိုလျောက်အဲဒီကောင်လေးရဲ့ ချစ်သူဖြစ်သွားပြီလေ၊ အဲဒီကောင်မလေးကများ သူ့သူငယ်ချင်း မိတ်ဆွေဆီမှာ သူချစ်နေတဲ့သူပါနေခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင်တောင် အဲဒီကောင်လေးကပြောလိုက်တဲ့စကားကြောင့် သူချစ်တဲ့ကောင်လေးက သူ့ကိုချစ်နေတဲ့အကြောင်းကို ပြောပါတော့မလား။ စဉ်းစားကြည့်လေ။ စကားဆိုတာသင့်တော်တဲ့နေရာမှာ သင့်တော်သလို သုံးနှုန်းရမယ်လို့ပြောချင်ပါတယ်၊ လူကြီးတစ်ယောက်ကို စကားပြောရင် တို့သူငယ်ချင်းတွေလို နင်နဲ့ငါ မင်းနဲ့ကို ဆိုပြီးသုံးနှုန်းရင် ကိုယ့်ကို ဘာပြောလာမလဲ၊ ဒီကလေးရိုင်းလိုက်တာလို့ ပြောမှာပဲနော်။ အဲဒီအစား ယဉ်ကျေးစွာသုံးနှုန်းရင် ပိုပြီးတင့်တယ်မယ်လို့ ယုံကြည်ပါတယ်။ စကားအကြောင်းပြောမယ်ဆိုရင် စာအုပ်တအုပ်တောင်လောက်မယ်မထင်ပါဘူး။ ဒါကြောင့် ကျွန်မရဲ့ စကားဆိုတဲ့ ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတော့မယ်။ သူငယ်ချင်းတွေအားလုံး စကားအသုံးအနှုန်းကို သင့်တော်ဆီလျော်စွာ ပြောဆိုနိုင်ပါစေလို့ တောင်းဆုပြုရင်း------------------------------------------------

                                                                                                 သစ်ရွက်စိမ်း


Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>