ကဲ သူငယ်ချင်းတို့ရေ မဆွေးနွေး မတိုင်ပင်ခင်မှာ တောင်းပန်စရာလေးရှိလို့တောင်းပန်လိုက်ပါတယ် ဟိုနေ့က ကျွန်တော်
ရေးတဲ့နှုတ်ဆတ်ပိုစ့်လေးကိုတော့ ပြန်ရုပ်သိမ်းပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော် မြို့တော်လေးကို မခွဲနိုင်လို့ပါပဲ
ဟိုတုန်းက အစဉ်မပြေတာလေးရှိလို့ သုံးနေတဲ့လက်တော့လေးကို ရောင်းမလို့ ပါ အခုတော့ မရောင်းတော့ဘူးလို့
ဆုံးဖြတ်လိုက်ပါပြီ။
ကဲနောက်ထက်တောင်းပန်ချင်တာလေး ကတော့ ကျွန်တော်က ဆိုဒ်တာဝန်ခံတစ်ယောက်လဲမဟုတ်ပါဘူးခင်ဗျာ သာမန်
အက်မင် တစ်ဦးပါ အခုလိုဆွေးနွေးတိုင်ပင်တာကလဲ မြို့တော်ထဲက ဆိုဒ်တာဝန်ခံတွေ ဆိုဒ်ပိုင်ရှင် အစရှိတဲ့
ကြီးမှူးကွပ်ကဲသော သူတွေကို ကြောခြင်း အပေါ်ကနေ ဆရာကြီးလေသံနဲ့ပြောခြင်း မဟုတ်ဆိုတာလေးကိုတော့ အသိပေး၍
တောင်းပန်လိုက်ပါတယ်။
အခုဆွေးနွေးချင်တာလေးကတော့ ဒီလိုပါသူငယ်ချင်းတို့ခင်ဗျာ ကျွန်တော်တို့မြို့တော်လေးက အရမ်းစီကားတဲ့မြို့တော်
တစ်မြို့တော်ပါ ဝါသနာရှင်တွေ ပညာရှင်တွေအများကြီးရှိတဲ့ဆိုဒ်လေးပါ တခြား ဆိုဒ်တွေနဲ့ယှဉ်ရင် ကျွန်တော်ဆို့ဆိုဒ်က
သာမယ် ကြီးမယ်လို့ထင်ပါတယ် ဘာလို့လဲ ဆိုတော့ မြို့တော်ထဲကို တစ်နေ့နဲ့တစ်နေ့ ဝင်လာတဲ့သူတွေကအများကြီး
ပဲလေ နောက်ပြီး မြို့တော်လေးထဲမှာက ဝါသနာရှင်တွေကိုလဲ အားပေးကြတယ် ကဗျာပြိုင်ပွဲတို့ အစရှိတဲ့ပြိုင်ပွဲတွေလဲ
ရှိကြတယ်လေ အရေးကောင်းတဲ့သူ တွေကိုလဲ ဆုတွေချီးမြင့်ကြတယ် ဘယ်လောက်ပျော်ဖို့ကောင်းလဲဗျာ
အခု ကျွန်တော်ဖြစ်ချင်တာက မြို့တော်လေးထဲမှ ဂီတ ဝါသနာရှင်တွေကို မြေထောင်မြောက်ပေးစေချင်တာကိုပါပဲ
မြေထောင်မြောက်တယ်ဆိုပေမဲ့ တစ်ဦးတစ်ယောက် ထဲနဲ့လုပ်လို့မရဘူးလေ အများနဲ့လုပ်မှဖြစ်မယ် အဲ့တော့ကျွန်တော်တို့
တတွေ စုပေါင်းညီညွတ်ကြရမယ် အခု မြို့တော်ထဲက ကဗျာဝတ္ထု တွေကိုပုံနှိပ် ရိုက်ပြီး စာအုပ်တစ်အုပ်အနေနဲ့ဖြန့်ဝေ
တာမျိုးပေါ့ဗျာ ပြီးရင် ဂီတဝါသနာပါတဲ့ဝါသနာရှင်တွေကိုလဲ ထုတ်ဖော်ပြသပေးတာမျိုးကိုပေါ့ဗျာ ဥပမာ သီချင်းခွေ
ထုတ်ဝေတာမျိုးပေါ့ဗျာ ဥပမာ အထိန်းအမှတ်ပွဲအနေနဲ့ အငြိမ့် ကတာတို့ ဂီတသံစဉ်ပြိုင်ပွဲတို့ ပေါ့ အဲ့လိုပြိုင်ပွတြွေကို
ကျွန်တော်တို့က ခွေရိုက်မယ် ပြီးရင်ထုတ်ဝေမယ် အဲ့ဒါဆိုရင် ကျွန်တော်တို့မြို့တော်လေးကိုလဲ လူသိများလာမယ်
ပြီးရင်ကျော်လဲကျော်ကြားလာမယ် အယ် အဲ့ကရတဲ့ငွေတွေကို အသုံးချသင့်မဲ့နေရာတွေမှာ အသုံးချကြမယ် ပြီးရင်လဲ
မြို့တော်လေးအတွက် လိုအပ်မဲ့ပစ္စည်းတွေ ဝယ်မယ် လိုအပ်မဲ့ပစ္စည်းတွေဆိုတာက ကဲ ကျွန်တော်တို့ဖျော်ဖြေပွဲတွေလုပ်မယ်
ဆိုရင် တီးဝိုင်းလိုတယ် အဲ့လိုပစ္စည်းတွေကို ဝယ်မယ်ပြောတာပေါ့ ပြီးရင်ပိုလျှံခဲ့မယ်ဆိုရင်လဲ ပရဟိတတို့လို
အလှူတွေလဲလုပ်လို့ရမယ်
တကယ်လို့ အကောင်အထည်ဖော်မယ်ဆိုရင် ကုန်မဲ့ငွေကြေးတွေကို တစ်ယောက်ထဲတာဝန်ယူနိုင်မှာမဟုတ်ဘူး အဲ့တော့
အများနဲ့လုပ်ကြမယ် အများနဲ့လုပ်ကြရင်လဲ ကူညီမဲ့ သူတွေရှိကြမှာပါ တစ်ယောက်တစ်လက်နဲ့ ပေါ့ ဘယ်လိုကူညီမလဲ
ဆိုတော့ မြို့တော်ထဲမှာ ဂီတဝါသနာပါတဲ့သူတွေရှိကြမယ် သီချင်းရေးတဲ့သူကရေး အသံကောင်းပြီး ဆိုတက်တဲ့သူကဆို
အနောက်တိုင်းတီးဝိုင်းကို တီးတက်တဲ့သူကတီး နောက်ပြီး စတူဒီယို အသံဖမ်းတက်တဲ့သူကလဲ ကူညီဖမ်းပေးကြပေါ့
ကဲ အဲ့ဒါဆိုရင် မဖြစ်မြောက်နိုင်ဘူးလား ဖြစ်မြောက်မယ်ဆိုတာကိုတော့ ပြောလာကြမယ် အဓိကလိုတာက ပိုက်ဆံ
ပိုက်ဆံကိုတော့ တစ်ယောက်နည်းနည်းနဲ့ ထည့်ရင် ဖြစ်လောက်ပါတယ်လို့ယုံကြည်တယ် ဆိုရိုးစကားလဲရှိတယ်လေ
နေရိပ်ကို ရောက်ချင်ရင် နေပူကနေတော့လျှောက်ရတာပဲလေ ဦးစွာပထမ လုပ်မယ်ဆိုရင်တော့ ငွေကုန်မယ် လူပင်ပန်းမယ်
နောက်လူသိများလာပြီ ကျွန်တော်တို့ရဲ ကြိုးစားမှူက အောင်မြင်လာပြီဆိုရင် စပွန်ဆာပေးမဲ့ကုမ္မဏီ တွေလဲ ရှိလာမယ်
နောက်ပြီး ဝတ္ထုတွေကို ထုတ်ဝေတယ်ချင်တယ်ဆိုတာက ဘာအတွက်လဲ အဲ အခုခောတ် ဒါရိုက်တာတွေ ရုပ်ရှင်တွေ
ဗီဒီယိုတွေ ရိုက်ကြတယ် အများအားဖြင့် ဝတ္ထုတွေကို ရိုက်ကြတာ များတယ် တကယ်လို့ ကျွန်တော်တို့ထုတ်ဝေလိုက်တဲ့
မြို့တော်ထဲက ဝတ္ထုတွေကို ကြိုက်နှစ်သတ်သွားရင် မြို့တော်လေးအတွက်လဲ ဂုဏ် ကျွန်တော်တို့အတွက်လဲ ဂုဏ်ပဲလေ
ဘယ်သူရေးရေးပေါ့
အခုသီချင်းခွေ ထုတ်ရင်လဲ သီချင်းစာသားတွေကို မြို့တော်ထဲက တက်ကျွမ်းတဲ့သူတွေသိတဲ့သူတွေကရေးပေးကြ
မယ်လို့လဲ ထင်တယ် အဲ့တော့သူများတွေဆီက သီချင်းစာသားတွေကို ဝယ်စရာမလိုတော့ဘူး သံစဉ် သံစဉ် ကိုလဲ
မြို့တော်ထဲက တီးခတ်တက်တဲ့သူတွေက ရှာပေးကြမယ်လို့ထင်တယ် အဲ့တော့ ငှားစရာမလိုတော့ဘူး အဓိကကတော့
စတူဒီယို အသံဖမ်းတာပဲ ဒါပေမဲ့ မြို့တော်ထဲက သိကျွမ်းတဲ့သူတွေက လဲကူညီ ငှားသင့်တာငှားရင်တော့ ဖြစ်မြောက်မယ်
လို့တော့ထင်တယ် ကုန်ကျမဲ့ငွေကိုတော့ ဝါသနာရှင်လေးတွေကနည်းနည်း ဆိုဒ်တာဝန်ခံတွေ နည်းနည်း ဖြစ်မြောက်အောင်
ကုညီပံ့ပိုးပေးကြမဲ့ မြို့သူမြို့သားတွေကနည်းနည်း ကျွန်တော်လဲနည်းနည်း ဆိုရင်တော့ ထုတ်ဝေနိုင်မယ်လို့ထင်တယ်
ထုတ်ဝေတာကလဲ ကျွန်တော်သီဆိုချင်လို့မဟုတ်ဘူးနော် ဝါသနာလဲ ပါဘူး အောင်မြင်ချင်တဲ့သဘောဆန္ဒတစ်ခုနဲ့လုပ်တာပါ
အဲ့ကနေတစ်ဆင့် မောဒယ် ရွေးချယ်ပွဲတွေ သရုပ်ဆောင်ရွေးချယ်ပွဲတွေ ပေါပါတယ်မြို့တော်ထဲမှာ အချောအလှတွေ
လုပ်ကြမယ် အဲ့တော့မြို့သူမြို့သားတွေ အောင်မြင်ကြမယ် ဆွေးနွေးတိုင်ပင်ရင်းနဲ့တောင် ပျော်ရွှင်မိတယ်
အဲ့တော့ ကုန်ကျမဲ့ငွေတွေကို ကျွန်တော်အထက်မှာပြောပြခဲ့သလို တစ်ယောက်တစ်လက်နဲ့ဆိုရင် ဖြစ်မြောက်သွားမယ်လို့
ထင်တယ်
အဲ့တော့ ဘာတွေကို ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ရင်ဘာတွေဖြစ်လာမလဲ ဖြစ်လာမဲ့ဘာတွေကို လုပ်ရင် ဘယ်လောက်
ကုန်မလဲဆိုတာကို သူငယ်ချင်းတို့အမြင် သူငယ်ချင်းတို့အတွေး တွေနဲ့ ဆွေးနွေးကြရအောင်လားဗျာ
ကဲ့ ဒီတော့ တစ်ယောက်အကြံတစ်မျိုးစီနဲ့ ကောမန်လေးတွေပေး သွားကြဗျာ
းးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးး
ရဲရင့်ရထာ