Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ခေါ်ပါတော့ Spirit မျှော်လှပေါ့

$
0
0

လွန်ခဲ့ တဲ့ လေး နှစ်လောက်ကပေါ့ တက္ကသိုလ် ၀င်တန်းဖြေရန် အဆောင်တခုမှာ လောင်းကောင်မလေး ၈ယောက်နေခဲ့ကြတယ်။
“ပေါင်း(၈)ယောက် ကောက်စိုက်သူ”တော့ မဟုတ်ပါဝူး ၈ယောက်ပေါင်း ဗြောင်း ဆန်သူများဖြစ်သည်။ အဆောင်ဖြစ်၍နယ်စုံမှလာတတ်ကြသောကျောင်းသူများရှိသည်။ ထို၈ယောက်သည် ရေစက် စုံသဖြင့် တခန်းထဲ နေထိုင်း ကြရသည်။

စာသင်ချိန်မှလွဲ၍ ဗရုပ်ဗရက်လုပ်သော အုပ်စုလည်းဖြစ်သည်။အစအနောက်သန်ကြသည်။အဆောင်အနောက်က ဘုန်းကြီး ကျောင်းထဲဝင်ပီး သရက်သီး ခိုးနေကြမှာလဲ ထို ၈ယောက်ပင်ဖြစ်သည်။ဖယောင်းတိုင်မီးတွေ စုပီး နို့ဆီခွက်နဲ့ ဟင်းချက်စားကြတာလဲ သူတို့ပါဘဲ။ ဒါကို သူတို့ ပျော်ခဲ့ကြတယ်။
ဆယ်ကျော်သက်ဖြစ်၍ ပျော်အပျက် ရည်စား များလဲ ထားခဲ့ကြတယ် ။
တစ်နေ့ သူတို့ထဲမှစစ်ကိုင်းသူ တယောက်က ကြွေပြားစေ့ ၂ထပ်စေ့ ထုပ်လာကာ..
“ဒီဆယ်ပြားစေ့ ကို မြင်ဘူးလား” ကျန်သူများက “မြင်ဘူးတာပေါ့ ဘာဆန်းလဲ ။ငယ်ငယ်တုန်းကဆို ဆယ်ပြညးဖိုး ချိုချဉ် ခြောက်လုံး၇တယ်၊ကိုင်ဖူးပါ့၊မြင်ဖူးပါ့။ဒီ ပိုက်ဆံ လေးများ အထူး အဆန်း လုပ်လို့ စစ်ကိုင်းသူရယ်..”
“ မဟုတ်ဘူး..ဒီနှစ်ထပ့်စေ့ ကထူးဆန်းတယ် ငါတခုခု လုပ်ပြမယ်” ထိုစကားကြောင့် အားလုံး ကျန်သူများလဲ လုပ်နေသောအလုပ်များကို ရပ် ပီး
ကြွေးပြားစေ့ရှိရာသို့ ၀ိုင်းစုလာကြသည်။
“ဘာလုပ်မလို့ လဲ”
“ ဒီမှာ ကြည့် ဒီစက္ကူဖြူပေါ်မှာ A.B.C......Z ရေး ပီးတော့ 1.2 ကနေ10 ထိရေး ပြီးရင် Yes,No, Home လို့ရေး” ဆိုပြီး ကိုယ်တိုင်ချရေးလိုက်သည်
အားလုံး တိတ်ဆိတ် ငြိမ် သက်စွာဖြစ့် စိတ် ၀င်တစား ကြည့်နေကြသည် ထို့နောက် စစ်ကိုင်းသူ သည် ကြွေ ပြားစေ့ ကို စာရွက် အလည်ကိုချလိုက်သည်။
“ Spirit(၀ိညာဉ် သို့မဟုတ်လိပ်ပြာ)ကြည့်မယ်။Spirit နဲ့ ကစားရအောင်”
“အမလေး မလုပ်ပါနဲ့ ကြောက်တယ် ဒီနေ့ လမိုက်၇က် ကြီးကို”
“ဟာ အထူးအဆန်း ဘဲ ဘာဖြစ်လဲ စမ်းကြည့်ရအောင်ပါ ငါ တို့ ၈ယောက်တောင်ရှိတာ ဘဲ” ရေများရေနိင် မီးများ မီး နိင် မို့ ကြောက်တတ်သူက အရှုံးပေး ပြီး Spirit နဲ့ ကစားခဲ့ာကတယ်။ တယောက်တလှီည့် ဆီ လက်ညိုး များ ထောင်ကာ မေးခွန်း များစွာ မေးခဲ့ကြသည်။
သဘောတွေ ကြခဲ့ကြသည်။ညတိုင်လို လို ပင် Spirit နဲ့ က စားဖြစ်ခဲ့ကြသည်။ ခေါ်သူကခေါ်သောကြောင့် လာသူက လာသည် လား။ တမင် ဖန် တီးမှုပင်လား မပြောတတ်ခဲ့ပေ။ မေးသမျှကို အဖြေရှိခဲ့သောကြောင့် စိတ်ဝင်တစားသဘောကြခဲ့ကြသည်။
ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုရန် အချိန် နီးကပ်လာခဲ့တော့သည်။ ဘ၀အရေးမို့ စာအုပ်နှင့် မျက်နှာ မခွာကြတော့ ပေ။ မကျေညှပ်သေးသောဘာသာရပ်များကို ကုန်းရုန်းလုပ်ကြည့်နေကြသည်။Spiritနဲ့လည်း မကစားဖြစ်တော့ပါ။
တစ်ညမှာတော့ သူတို့ ၈ယောက်လုံး အိပ်ယာမှ တစ်ပြိင်နက် ထ၍ထိုင် လိုက်ကြသည်။ ထိုနောက့် မရည် ရွယ်ဘဲ အခန်းအလယ် ၌ပြေးစု့ကာဖတ်ထားလိုက်သည် အိပ်ချင်မူးတူး စြဖ်သော်လဲ အာရုံထဲ ၀င် ရှင်းလင်းနေသည်။ တယောက်မျက်နှာ တယောက်ကြည့်ပီး ငိုသူက ငိုကြသည်။ ထို့နောက်“ခလုတ်ထိမှ အမိတ ”ဆိုသလို ယခုမှ ဘုရားတ၇ား သတိရကြသည် အဖေတို့ အမေ တို့ ပေးလိုက်သော ပုတီးများ ပုရိတ်ကြိုးများကို ၀တ်ကြသည် စွတ် ကြသည်။တရားစာအုပ်များ ကိုင်ကာ တတွတ် တွတ် ရွတ် ကြသည်။ နောက်တနေ့ မနက်တွင်
လှူဖွယ်ပစ္စည်းများ ၀ယ် ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းပြီး ပုရိတ်တရားနာခဲ့ကြသည်။ အခန်း ပြတင်းပေါက် တံခါးတို့ကို
လည်း ပုရိတ်ကြိုးများဖြင့် တားကြ ပုရိတ် ရေများဖြင့် ပါတ်ထားကြည်။ ဘာမှ မသိတဲံ အခန်းနီးချင်းသူငယ်ချင်းများကလည်း စပ်စု ချင်ကြသည်။
ထိုညက သူငယ်ချင်း ၈ယောက်လုံး ဖြစ်ပျက်လိုက်သည်မှာ

““ခေါ်တော့ လေ၊ ခေါ်တော့.၊ ၀င်လာချင်တယ်၊ ၀င်လာရတော့မလား၊ ခေါ်တော့မလားလို့ စောင့်နေတာ.”” ဆိုသော အသံကို ကြားလိုက်ရခြင်းဖြစ်သည်။
Spirit နှင့် ကြိမ် ဖန်များစွားကစားခဲ့ကြသော သူငယ်ချင်းများနှင့် ယနေ့ တိုင်မတွေ့ရသည် မှာ တက္ကသိုလ်ဝင် တန်းဖြေး ပီးကတည်းကပင် ဖြစ်သည်။
သူငယ်ချင်းများအား သတိရစွာဖြင့်............._____________8__88_____8
____________88_8__8_____8
___________888_____88___88888
__________8888______88_8____88
_________8888_______88______8_8
_________8888_______88______8_8
_________8888_______8_______8
_________8888_____8_______8
__________88888____8______8
___________8888888______8
__888_________88888_8
8888888________88_____
_8888888_______8_____
__888888_______88_____
___88_____8_____8_____
____8______8____8_____8_88
_______8888_8__88_8_88888
_____888888_8_88__8888888
____8888888__88______88888
____88888_____8_________888
____88_________8__________8
_____8_________8_____
_______________8_____
____________8_8_____
_____________88_8_____
______________88_____
______________8_____

° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚And a happy new year:’)

www.thazinlay.wall.fm


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>