လူ့ဘ၀ ခရီးသည် ခရောင်းလမ်းပမာ ကြမ်းတမ်းလှတယ် ဟုဆိုကြသည် ။
ဘ၀ခရီးလမ်း တစ်လျှောက်မှာ အခက်အခဲတွေ ၊ ဘေးဒုက္ခနှင့် ကံဆိုးမိုးမှောင်မှုတွေ ကြုံရမည် ၊
အနည်းနဲ့အများသာကွာခြားမည်။
ဘေးဒုက္ခနှင့် ကင်းလွတ်သူဟူ၍ မရှိနိုင် ။
နားလည်ခြင်းက တစ်ကဏ္ဏဖြစ်၏ ။
ကံကြမ္မာဆိုး ကိုကိုယ်တိုင် ရင်ဆိုင်တိုးရသောအခါ
ချစ်သူနဲ့ ကွေကွင်းရခြင်း ဆင်းရဲခြင်းလို့ဆိုကြတယ်။
ချစ်သောသူနဲ့ကွေကွင်းရခြင်းကလည်းတဒုက္ခ
မချစ်မနှစ်သက်သူကိုလည်းပိုင်ဆိုင်ရခြင်းလည်းတဒုက္ခလိုဆိုကြတယ်
ချစ်သောသူတစ်စုံတစ်ယောက်မျက်စိအောက်မှ ရုတ်တရတ် ကွယ်ပျောက်သွားတဲ့ အခါ ၊
အချိန်မတန်မီမှာ နှုတ်ဆက်ခွဲခွာပြေးသောအခါ ၊ မျှော်လင့်ချက်ပျောက်ဆုံး
တစ်လောကလုံးမှာ ငါ့ဘ၀တစ်ယောက်တည်းသာ ဆိုးတယ်ထင်မှတ်နေကြတယ်။
လောကဓံသည် ငါ့ကိုသာ ဆိုးနေတယ်ထင်ကြတယ်။ ငါဒုက္ခသည်သာအကြီးဆုံး ၊ ငါ့ဘ၀ ခရီးသည်သာ ခရောင်းလမ်းခရီး ။
ကြေကွဲ မဆုံးနိုင်။ ငါချည်းပဲလားမဟုတ်ပါဘူး။
ဘေးပတ်ဝန်းကျင်မှာကြည့်ပါ ။ ကြေကွဲသူတွေ ၊ ပရိဒေ၀တောက်လောင်သူတွေ ၊အသည်းကွဲနေသူတွေ နှလုံးသည်း
ခံစားရသူတွေ ၊ ခံစားဖူးသူတွေ ။
မျက်နှာမှာ အလွမ်းဇတ်လမ်းကိုယ်စီမြင်ရလိမ့်မည် ။
လောကကြီးကား လွမ်းဆွတ်ကြေကွဲစရာတွေ ချည်းအစဉ်မပြတ်တွေနေရတာလား။ မဟုတ်ပါ ဘူး။
လောက၌ အမြဲရှိနေ သော တရားရှစ်ပါး ရှိသည် ။
လောကဒံတရား၈ပါး
ပစ္စည်း ဥစ္စာ ရခြင်း
မရခြင်း ၊
အခြံအရံ ရှိခြင်း
မရှိခြင်း ၊
ကဲ့ရဲ့ ခံရခြင်း ၊
ချီးမွမ်း ခံရခြင်း ၊
ချမ်းသာခြင်း
ဆင်းရဲခြင်း ။
အကောင်းလေးပါး ၊ အဆိုးလေးပါး ။
လောကဓမ္မတာတရားသည် အကောင်းအဆိုးမျှတသော သဘောရှိပါသည် ။
လောကရှိလူသားမှန်သမျှ အကောင်းရော အဆိုးပါ ကြုံကြရမည်သာဖြစ်ပါသည် ။
ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ကြေကွဲဖူးသူ ၊ ပရိဒေ၀ တောက်
လောင်ဖူးသူ ၊ နှလုံးသားဆုံးပါးသလို ခံစားဖူးသူချည်းပင် ။
မိမိသာ တစ်ဖက်သက်ခံစားနေရတာလားမဟုတ်ပါ
ဝမ်းနည်းကြေကွဲ ရသလို ၀မ်းသာကြည်နူးခြင်း လည်း ရှိ၏ ။
ရင်ကွဲပတ်လက် ဖြစ်ရခြင်းရှိသလို ဟက်ဟက်ပက်ပက်
ရယ်မောရခြင်းလည်းရှိသလို၊ငိုကြွေးရခြင်းလည်းရှိတယ်။
ဆင်းရဲခြင်းလည်းရှိသလို ချမ်းသာခြင်းလည်းရှိတယ်။
သေဆုံးခြင်းရှိသလို မွေးဖွားခြင်းလည်းရှိတယ်။
လောကဓံတရားများ ကြောင့် ဘ၀က ခရောင်းလမ်းပမာ ကြမ်းတမ်းတယ်လိုလူတွေကဆိုကြတယ်။
လောကဒဏ်တရားကြားမှာလူတိုင်းပျော်လည်းနေမပျော်နေရုန်းကန်လှုပ်ရှားလျှက်သာ။
ရှင်းလည်းကြိုးစားနေတုန်းပါပဲ
ယက်ကန်ယက်ကန်နဲ့လေ
ဗေဒါပင်လေးလို
လောကဓံကိုကြံ့ကြံ့ခံနိုင်ကြပါစေ။
ဆရာဇော်ဂျီရဲ့ဗေဒါလမ်းကဗျာထဲကလို
ပန်းပန်လျှက်ပဲ
ညိုပြာပြာ လတာပြင့် ခြေရင်း ။
လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း ။
ဆင်းရလည်း မသက်သာ ။
အုန်းလက်ကြွေ ရေပေါလော ၊ မျောစုန်လို့လာ ။
အဆင်းနဲ့ အလာ ၊ မဗေဒါ အထွေး ။
အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။
ဆောင့်ခဲ့လည်း မသက်သာ ။
နောက်တချီ ဒီတစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တလံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။
ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ ။
ဘဲအုပ်မှာ တရာ နှစ်ရာ
ဗေဒါက တပင်ထဲ (တည်း) ။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျှက်ပဲ ။
လောကဒင်္ဏကိုကြံ့ကြံ့ခံနိုင်တဲ့လူသားတွေဖြစ်နိုင်ကြပါစေ။
ချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ