မြေသင်းနံ့ပါသော ..လေနုအေးက …ကသုတ်ကရက် ..တိုက်ခတ်သွားတာမို့ ….လန်းဆန်းအေးမြပါသွားပါသည် ။ ရေချိုးပြီး ….သနပ်ခါးကို ..ခြေဆုံး ခေါင်းဆုံးလိမ်းထားတာမို့ …သနပ်ခါးနံသင်းသင်းလေးက …စိတ်ကို ကြည်လင်နေစေပါသည် ။ နွေအကုန် မိုးအကူး….အေးမြခြင်းဆောင်တဲ့ ရာသီအခါလေးပါ ။ သာယာတဲ့ ညနေခင်းလေးမှာ …စာအုပ်ဆိုင်သို့ ….လမ်းလျှောက် လာမိပါသည် ။
ထို အချိန် ဘေးမှ ခပ်ပြင်းပြင်း … ဖြတ်မောင်းသွားတဲ့ ကားတစ်စီးကြောင့် …လမ်းမပေါ်မှ ရွံ့ရေတွေက …ခြေဖမိုးနဲ့ ..လုံချည် အနားစပ်သို ..အလုအယှက် ပြေးဝင်လာကြပါသည် ။ သွားပါပြီ ။ သနပ်ခါး ဖုံဖုံလေးနဲ့ ..ခြေဖမိုးကို လုံခြည်လေးမကြည့်ရင်း ….သမျောသွားမိပါသည် ။ ဖြတ်မောင်းသွားတဲ့ ကြက်သွေးရင့်ရောင်ကားကို ..လှမ်းကြည့်မိရင်း ….ပိုက်ဆံရှိတယ်ဆိုပြီး ..ဘ၀င်မြင့်နေတာ နေမှာပေါ့ …ပွစိပွစိ ရေ ရွတ်မိပါတော့သည် ။
စာအုပ်ဆိုင်က အပြန် ….အိမ်ရှေ့မှာ ရပ်ထားတဲ့ ….ကားတစ်စီးကြောင့် … ..မျက်လုံးပြူးသွားမိပါသည် ။ …ခု န ကားပါပဲ ။ ရေ စက် မကုန်သေးဘူး နော် ။ အိမ်ထဲ အရောက်မှာတော့ …ကိုကို နဲ့ …စကားပြောနေသော …လူတစ်ယောက် ကြောင့် …ခပ်သုတ်သုတ်လှမ်းဝင်မိပါသည် ။ ကိုကိုက
“ အငယ်မ ရွံ့ တွေတာ ….ချော်လဲ လာတာလား ။”
အစ ကတဲက …ပြောစရာ ရှိရင် မြိုသိပ် မထားတတ်တဲ့ ..အကျင့်လေးကြောင့် …
“ ဟုတ်ဘူး ..ကိုကို ..သ.ူ့ကား ကြောင့် ” ဧည့်သည်ကို မေးငေါ့ ပြ လိုက် ပါတယ်။
အဲ့ဒီတော့မှ … သူက ..“ ဆောရီး ညီမလေး ရယ် …အကိုက ..အချိန်မရတော့လို့ ..မြန်မြန် မောင်းလာရလို့ပါ ”
“ ဟုတ်…..ရပါတယ် …” ဧည့်သည်မို့ …..ရန်ထောင်လို့ မရ …ငြိမ်၍သာ နေရပါသည် ။ ကိုကို အလစ်မှာ …မျက်စောင့် ..ထိုးဖြစ်အောင် ..ထိုးလိုက်မိပါသည် ။ ဟက် ..ခနဲ့ ..ရယ်ချလိုက်တဲ့ …အပြုံး ချိုချို တွေက ….မှုံကို …ဖမ်းစားသွားပါတယ် ။ ချောလိုက်တာနော် ….။ ဖူးသစ်စ …မှုံ …နှလုံးသား ..နုနုလေးကို ….တိန်းမူးသွားအောင် ပြုစားလိုက်သလိုပါပဲ ။ နှလုံး ..ခုန်သံတွေက …ဆူဆူ ညံညံ ….။ ရင်ခုန်ရင် ….အချစ်လို့ …ဆိုလို. ရပါလျှင် …….
မကြာခဏ …ရောက်ရှိလာတတ်သော …..ကြက်သွေးရင့် ရောင် ကားလေး က ….မှုံ ..နှလုံးသားကို ….အပိုင်သိမ်းဖို့ ..အစီအစဉ် နဲ့ လားကွယ် ။ ခဏခဏ ..ခလုတ် တိုက် မိကြသော ….အကြည့်တွေက ….
ဘယ်လို့ အဓိပါယ်ကို ..ဖော်ဆောင်နေပါသလဲ ။ အဖြေရယ် မရှိပေမဲ့ ….သူ့ေ၇ာက်ရှိလာချိန်တွေမှာတော့ …နှလုံးသားနုနု ..က … စည်းချက်မမှန်နိုင်အောင် …ကခုန်လို့ နေပါတယ် ။ ဘာပဲပြောပြောလေ …မှုံ ပျော်နေတာတော့ အမှန်ပဲ ။
။ စိတ်ကူးနဲ့ ရူး ၊…အတွေးနဲ့ ပျော် ….ရှေ့ကို ..လူရောက်တာတောင် သတိမထားမိပဲ ….၀င်တိုက် မိပါတော့သည် ။
“ ဆောရီး ..ကိုကို ” အမှတ်တမဲ့ တောင်းပန်လိုက်ပြီးမှ …..မှုံ ရှက်သွားမိပါသည် ။ ကိုကို ကို ….ကိုကို လို့ ခေါ်ပေမဲ့ ..သူစိမ်းကို ..ခေါ်လိုက်မိပြီ ။
“ ရတယ် ….ညီမလေး ။။ အမှတ်တမဲ့ မို့ပါ ”
“ ဟုတ် ” သူပြောတဲ့ စကားတွေကို …နားထောင်ရင်း ..ရင်းနှီးမူတွေ ပိုလာခဲ့ပါသည် ။ ကိုကို လို့ ..ရဲရဲ ၀ံ့ဝံ့ ..ခေါ်ရဲ့ ခဲ့ပြီ ။ အကိုအရင်း ..နည်းတူ ..ဆိုးနွဲ ခွင့်တွေ ရခဲ့ပါပြီ ။
ပျော်လိုက်တာ …ကိုကိုရယ် ။ ကိုကို ..ရဲ့ ဂရုစိုက်မူတွေက ….မှုံ အတွက် ..သုခ ဘုံ ပါပဲ ။
ကို့ကို့ အနားမှာ နေချင်တာ ဘာလို့ လဲ …
ကို့ ကို့ ဆုံးမ စကားတွေ ..နာခံ ချင်တာ ဘာကြောင့်လဲ ….
ကို့ကို …လိုအပ်ချက်တွေ ဖြည့် စည်း ပေးချင်တာ ဘာကြောင့်လဲ …
ရိုးရိုးလေးပဲ တွေ့ကြည့် ….အဲ့ဒါကို ..အချစ်ဟု ဆိုပါလျှင် …ကိုကိုကို ..မှုံ “ … ”……
ဟင့်အင် မဖြစ်နိုင်ဘူး …..မှုံက ..မိန်းခလေး ။ အဓိက မြန်မာ မိန်းခလေး ။ အိနြေ္ဒ သိက္ခာ ဆိုတာ …အသက်လို့ တန်ဖိုးထားရမယ်လေ ။ ကိုကို ..မချစ်ရင်လဲ နေပါစေတော့ …။ ကံစီမံရာ ..အတိုင်းပါပဲ ။
ကိုကို ..အထင်ကြီး တဲ့ မိန်းခလေးဖြစ်ခွင့်ရရင်ပဲ ကျေနပ်ပါပြီ ။
မြောင်းပေးလို့ ရေလာတာ …သဘာဝဆိုရင် ။ လက်ယာခေါ်လို ..လာခဲ့တဲ့ ….လူတစ်ယောက်ဆိုရင်ရော ။
အဲ့ဒီလူရဲ့ စိတ်ထဲမှာ ….လာချင်စိတ်ရှိချင်မှ ရှိမှာပါ ။ လာ လို့ ခေါ်လို့ ..လာတာ လို့ ပဲ ပြော ရမှာပေါ့နော် ။
အဲ့ဒီလိုပဲ ….မိန်းခလေး တယောက်က ကိုယ့်ကို ချစ်နေတယ်လို သိနေတဲ့ ကောင်လေးရဲ့ စိတ်ထဲမှာ …
အဲ့ဒီကောင်မလေးကို ..နည်းနည်းတော့ ….ပြန်စိတ်ဝင်စားမိမှာပါ ။ ဘာဖြစ်လို့ လဲ ဆိုရင် …သူက နိုင်ပြီးသားဆိုတာ ..သိနေတာကိုး ။ အဲ့ဒီကောင်မလေးရဲ့ ..ကြင်နာမူမှာ သာယာ ပြီး ….ချစ်သူ ဖြစ်သွားခဲ့ရင် တောင် …ခိုင်မြဲဖို့ ဆိုတာ လွယ်ပါ့မလား ။ ဘာဖြစ်လို့ လဲ ဆိုတော့ ….သူကလဲ ..လက်ယာ ခေါ်လို့ လာရသူလိုပါပဲ ။
စစ်မှန်ဖို့ ..ဆိုတာ မဖြစ်နိုင်ပါဘူး ။ ခဏတာ ..အချစ်ကိုတော့ …ဘယ်သူ မှ လို ချင်မှာ မဟုတ်ပါဘူး ။
စစ်မှန်တဲ့ အချစ်ကိုသာ ..လူတိုင်းတောင့်တကြမှာပါ ။
တဖက်သတ်အချစ်တဲ့၊ ….ခံစားရ ခက်တဲ့ ..ရောဂါပါ ။ ကုရာနတ္ထိ ဆေး မရှိ ။
အဲ့ဒီ လို နဲ့ ….တိတ်တိတ်လေးပဲ …ချစ် ၊ တိတ်တိတ်လေးပဲ ကြေကွဲ ၊ တိတ်တိတ်လေးပဲ ..ကွဲ အက်သွားတဲ့ ..နှလုံးသားတွေ များခဲ့ ပြီလား ။
မှုံ ..နှလုံးသားလေးလဲ တစ်ခု အပါအ၀င်ပေါ့ ။
တဖက်သတ်ချစ်တတ်ကြတဲ့ ..ပေးဆပ်မူတွေ အပြည့်နဲ့ …နှလုံးသားလေးတွေ ပျက်သုန်း သွားကြရတာ နှမျော စရာပါ ။ သူ့ တို့ရဲ့ …အချစ်တွေက … ရလို မူ မရှိ တဲ့ ..ပေးဆပ်ခြင်း သက်သက်နဲ့ ….အရောင်မဲ့ ချစ်ခြင်းတွေပါ ။ ချစ်သူ ကောင်းဖို့ အတွက်ဆိုရင် …..ကိုယ့်အချစ်ကို …ကြိပ်မှိတ်မြိုသိပ် ။
အတ္တကင်းကင်း နဲ့ ….ပေးဆပ်တတ်တဲ့ ..ချစ်ခြင်းအပြည့်နဲ့ ..နှလုံးသားလေးတွေကို ….အဖြူရောင် နှလုံးသားလေးတွေလို့ တင်စားချင်ပါတယ် ။
GoodLightscraps.com
တဖက်သတ် ချစ်နေရသော ….သူငယ်ချင်းများသို …ထပ်တူ ခံစား ရေးဖွဲ့ပါသည် ။
အဇြူရောင် နှလုံးသား လေးများ ….အားပြည့် လန်းဆန်း နိုင်ပါစေ ဟု ဆုတောင်းပေးလိုက်ပါတယ် ….။
ခင်မင်လေးစားလျှက် ..
ဆန္ဒမွန်ဖြင့် …
မှုံနံ.သာဖြူ ….