တရုတ်ပညာရှိ " တိန်းတီ " ၏ စာပေဆုရ နီတိ
( သိပြီးသားသုတွေ အတွက် စိတ်မရှိကြပါနဲ့ နော် .. မဖတ်ဖုးသေးသုများ အတွက် ကျနော် မှတ်သားထားတာလေးကို မျှဝေတာပါ)
- စားမြုံ့ ပြန်နိုင်ခြင်းမရှိသော ဂီတကို နားထောင်မိလျှင်... အကျိုးမဲ့ နားထောင်ခြင်းပင်ဖြစ်၏၊
- စကားလုံးသည် ပုံသေဖြစ်၏...အတွေးအခေါ်သည် ရှင်သန်၏..အတွေးခေါ်ဖြင့် စကားလုံးများကို ဖွဲ့ စည်းတတ်မှ ရှင်သန်လှုပ်ရှားသော ဝေါဟာရ အသစ်အဆန်းရမည်။
- စည်းစိမ်ကိုမှ အတုမျှဝေမခံစားနိုင်လျှင်...ဒုက္ခကို အတုမျှဝေခံစားနိုင်ဖို့  မဖြစ်နိုင်။ ဒုက္ခကိုမှ အတုမျှဝေ မခံစားနိုင်လျှင်..သေဖော်ရှင်ဖက်ဖြစ်ဖို့ လုံးဝ မမျှော်လင့်နိုင်။
- အသက်ရှင်စဉ် ရရှိရန်အခက်ခဲဆုံး အရာမှာ ကျေနပ်အားရ ပျော်ရွှင်မှု ဖြစ်၏ ။ သေလုဆဲတွင် ရရှိရန်အခက်ခဲဆုံး အရာမှာ သေခြင်းကို သဘောပေါက်ခြင်းပင်ဖြစ်၏ ။
- အတ္တပြုတ်လျှင် သေမည်ကို မကြောက်... ဖြောင့်မတ်လျှင် ကောက်ကျစ်မှုကို မကြောက် ။
- သမိုင်းသည် အတိတ်အကြောင်းအရာကို ပြော၏ ။ နိုင်ငံရေးသည် မျက်မောက်အကြောင်းအရာကို ပြော၏ ။ ဘာသာရေးသည် အနာဂတ် အကြောင်းအရာကို ပြော၏ ။
- မည်သု့ ကို မျှ ချွတ်ယွင်းစွာ မဆက်ဆံဖုးလျှင်... ရဲတင်းစွာ ပြုမုဝံ့၏ ။
- မည်သု့ ကိုမျှ ကောင်းကျိုးပြု မဆက်ဆံဖုးလျှင် .. ဆွေမျိုးသားချင်းသော်မှ စိမ်းကားမည်။
- အကုအညီတောင်းခံချင်လျှင်.. တစ်ဆင့်ခံဆောင်ရွက်ပါမှ အကျပ်ဆိုက်စေခြင်းကို ရှောင်နိုင်မည်။ သုတစ်ပါးကို ကုညီလျှင် တိုက်ရိုက်ပြုလုပ် ဆောင်ရွက်မှ အကျိုးသက်ရောက်မှု လျှင်မြန်မည်။
- လုပ်ရည်ကိုင်ရည်နှင့် ဥာဏ်ရည်ဥာဏ်သွေးကို အရေးကြုံသည့် အခက်အခဲ ကာလမှာမှ အကဲဖြတ်သိရှိရမည်။
- အမှန် အမှားနှင့် အမြတ် အရှုံးကို နောက်ဆုံးနိဂုံးချုပ်ကာလမှာ မှ အကဲဖြတ်သိရှိရမည် ။
- ဥာဏ်ရည်အားကို ဘ၀ ၀မ်းကျောင်းသုသည် သိက္ခာတရားကို အလေးထား၏ ။ ရုပ် ၀တ္ထုဖြင့် ဘ၀ ၀မ်းကျောင်းသုသည် အကျိုး အမြတ်ကို အလေးထား၏ ။
- များများလုပ် များများမှား... နည်းနည်းလုပ် နည်းနည်းမှား.. ဘာမှ မလုပ် လုံးဝမ မှား ထိုလုစားမျိုးသည် ...လု့ ကြံဖတ်။ များများပြော များများမှား... နည်းနည်းပြော နည်းနည်း မှား ... ဘာမှ မပြော လုံးဝ မမှား ထိုအတွေးမျိုးသည် လု့ ကြံဖတ် အတွေး တည်း။
- စေ့စေ့တွေးပါ ဖြေးဖြေးကျင့်ပါ.... သုငယ်ချင်းများ အားလုံးကို လေးစားစွာဖြင့်