Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
ချစ်တတ်ဖို့ တော့ လိုတယ်......
$
0
0
.သူကကျွန်တော်တို့ကိုယ်ပိုင်စီးပွားရေးမှာလုပ်ဘူးတဲ့သူပေါ့.....သူတို့မှာအဖေ ၊အမေ
၊အမ2ယောက်နဲ့သူပေါ့...သူနံမယ်ကကျော်ကျော် ...အဖေကြီးက ပန်းနာသည်....အမေကလဲ
ကျမ်းမာရေးကောင်းလှတယ်တော့မဟုတ်ဘူး....သူအတန်းပညာက 10တန်းခအဆင့်နဲ့ ....
့အောင်ထားတဲ့သူ..ကျွန်တော်တို့အိမ်စီးပွားမှာ......သူကအစစကူညီပေးတော့..ကျွန်တော်နဲ့က
ညီအကိုလိုဖြစ်နေတာ....သူထတ်ကို ကျွန်တော်က  ၂နှစ်လောတ်ကြီးတယ်....သူအမငယ်နဲ့ 
ကျွန်တော်မှ အသတ်တူ ရွယ်တူတွေလေ...ကျွန်တော်ကလဲဘယ်သူနဲ့မဆိုရင်းရင်းနှီးနှီး
နေတတ်တော့......ပြောမနာ ဆိုမနာခင်ကြတယ်.....မထင်မှတ်တဲ့တနေ့မှာ...
သူသိပ်ချစ်ရတဲ့  အမကြီးက ဦးနှောတ်သွေးကြောပျတ်ပြီးဆုံးသွားခဲ့တယ်..........
သူတို့ကမိဘ 2ပါးရဲ့ဆေးဖိုးကို အဓိကထားနေရတာလေ....သူတို့အမကြီးဆုံးသွားတော့..
သူတို့အတွက်..အတော်လေးကိုစိတ်ထိခိုက်ရတာပေါ့.....ကိုအောင်  အမကကျွန်တော်တို့ 
ကို စိပ်ချစွာထားသွားခဲ့ ပြီးလို့ ပြောပြောငိုတာ...အမတစ်ယောတ်ကျန်ပါသေးတယ်အားမငယ်ပါနဲ့...
.ကျော်ကျော်လဲ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်လို့ရပြီဘဲ..ဒီလိုဘဲ ရင်ဆိုင်ကြရမှာပေါ့လို့......
အားပေးခဲ့တာ...သူကအားငယ်စိတ်များတယ်.......
ကျွန်တော်ကကျောင်းတတ်နေတက်နေတဲ့အချိန်ရောတ်တော့   သူဆီသိပ်မရောတ်ဖြစ်ဘူး....
အမေဆီကတော့ သူ သတင်းလေးတွေကြားနေရပါတယ်...
ကျွန်တော်တို့ဆီမှာအလုပ်မလုပ်တော့ဘဲနဲ့..သူဈေးရောင်းနေတာ...ကုန်ခြောက်ပစ္စည်းစုံလေးပေါ့...
သူဆိုင်လေး ကလဲ သူဆတ်ဆံရေးလေးကောင်းတော့ အဆင်ပြေတယ်ပေါ့ ......ဈေးသိမ်းလို့ 
ဆိုင်ပိတ်ပြီးရင်လဲသူငယ်ချင်းတစ်ယောတ်ဆီက ရန်ကုန်ချုပ်ထည်လေးတွေကို  ကျွန်တော်တို့ 
သူ့ကျန်တဲ့အမတစ်ယောတ်ကလဲ သူချစ်သူနဲ့ ခိုးရာလိုတ်သွားတယ်.....သူဈေးသိမ်းပြီးရင်တော့...
ကျွန်တော်ရှိနေရင်အမြဲလာပြီးတော့ စကားပြောတတ်တယ်......
ကျွန်တော်လဲ  ကျောင်းတက်လိုက်ပြန်လာလိုက်နဲ့...ကျောင်းရက်ရှည်ပိတ်တဲ့တနေ့...
သူအမေ ဒေါ်ခင်လေး မနက်အစောကြီးကျွန်တော်တို့အိမ်ကိုရောက်လာပြီး..
".ကျော်ကျော်ဒီဘက်များလာလာလို့ လာမေးတာတဲ့:"...
ကျွန်တော်လဲအိပ်ရာတောင် မထသေးဘဲဆောင်းတွင်းဆိုတော့ အိပ်ရာထဲ ကွေးနေချိန်ပေါ့........
အသံကြားလို့. အိပ်ရာက ထပြီး "အဒေါ်ကျော်ကျော် ဘာဖြစ်လို့လဲဆိုတော့".
အဒေါ်ကမျက်နှာအပျက်ပျက်နဲ့...
"သူကိုလိုက်ရှာနေတာ အိမ်မှာလဲ သူအဖေကြီးက ဆောင်းတွင်းဆိုတော့..ရောဂါ
ကဖောက်ချင်နေပြီ......အောင်အောင်အား၇င်အိမ်ခဏလာပါလား.ဒေါ်လေးပြောစရာရှိလို့ "
ဆိုပြီး ပြောပြောဆိုဆိုနဲ ပြန်ထွတ်သွား ပါတယ်.....
.ကျွန်တော်လဲမနက်စာစားပြီး   သူတို့ အိမ်ကိုသွားတော့ ကျော်ကျော်အိမ်မှာရောက်နေပြီး..
ဘုရားစင်ရှေ့မှာ...ထိုင်ပြီးကိုယ်ကလဲယိမ်းထိုးလို့..ဘာတွေရွတ်နေမှန်းမသိဘူး.....
ကျွန်တော်ကသူ့အမေကို".ဒေါ်လေးဘာတွေဖြစ်နေတာလဲဆိုတော့"....
သူအမေကငိုတော့တာဘဲ.......
"သူတရားထိုင်တယ် ပြီးတော့ သူရဲ ဘ၀ဟောင်းက အဘိုးဆို တဲ့ သူကသူကိုဝင်ပူပြီး
စကားတွေပြောနေတော့ တာပဲ......မအိပ်တာ...1လပြည့်တော့မယ်...ဒေါ်လေးတို့လဲ
ဘာလုပ်ရမှန်းမသိတော့ဘူး"
လို့ ကျွန်တော်ကိုပြောပါတယ်၊။ကျွန်တော်လဲသူကိုကြည့်ပြီး ဘာလုပ်ပေးရမှန်းတောင်မသိဘူး...
ဒါနဲ့ ကျွန်တော်လဲ ခပ်တည်တည်နဲ့
"အခုဝင်နေတာ ဘယ်သူလဲ"ကျွန်တော်မေးတော့ သူက ကျွန်တော်ကို ကြည့် ပြီ့း 
".အဘပါ"လို့ ပြန်ဖြေတယ်၊။
ကျွန်တော်လဲ အဘက ဘယ်လိုကြောင့်  သူကို ပူးဝင်နေရလဲပေါ့  ကျွန်တော်မေးကြည့် တော့  
သူက ကျွန်တော်ကို ကြည့် ပြီးအရင်ဘ၀က သူရဲ့ မြေးတော်စပ်ခဲ့ ဖူးသော ကျော်ကျော်သည်
လတ်၇ှိဘ၀မှာအခတ်အခဲတွေ တွေ့ နေလို့  မစဖို့ လမ်ပြပေးနေတာပါ......
.ကျွန်တော်လဲ သူကို  စကားပြန်ပြောဖို့ ပြင်တုန်းမှာ ပဲ
"အငယ်မ လာလာ  စောင့် လိုတ်ရတာ"
ကျော်ကျော် အမေရဲ့  အသံကြောင့် ကျွန်တော်လဲ တံခါဝကို လှမ်း ကြည့် တော့ 
"အောင်အောင်ပါရောတ်နေတာကို   " အသံနဲ့ အတူ ၀င်ရောတ်လာခဲ့ တာကတော့ 
ကျော်ကျော်အမ ၀တ်မှုံ ၊၀တ်မှုံယောက်ျားဖြစ်သူ ကို ထွန်းလင်းတို့ နင်
့အတူ ယောဂီဝတ်စုံနှင့် လူစိမ်းတစ်ယောတ်ပါ တွေ့ ရတယ်......
ကျွန်တော်လဲ ၀တ်မှုံတို့ ကို ပြုံးပြီး  သူတို့ ဘာတွေ လုပ်နေတာလဲ လို့ သိချင်တာနဲ့ 
ထိုင်ကြည့် နေတယ်......မကြားပါဘူး ကောင်လေး တစ်ယောတ် ကန်တော့ ပွဲလေး ပိုတ်ပြီး
အိမ်ထဲ ၀င်လာတယ်....ကောင်လေးလဲအိမ်ထဲ ရောတ်တော့ယောဂီရောင်
ဝတ်ဆင်ထားတဲ့ သူကြီး က ကျော်ကျော် ထိုင်နေတဲ့  ဘုရာစင်နားကို သွား ပြီး 
ကန်တော့ ပွဲပြင်ပြီးတော့ ဘုရားကို ကန်တော့   ပြီးတော့  မျတ်လုံးတွေမှိတ်ပြီး   ငြိမ်သတ်စွာ
ထိုင်နေပါတယ်....အဲလို ယောဂီရောင်နဲ့ လူမျတ်လုံးလေးပွင့် ပြီး  ကျော်ကျော် က သိုက်က
လာတာဖြစ်ကြောင်း၊ သိုက်ကသူကို ပြန်ခေါ်တော့ မယ်၊သူကို ဒီအတိုင်းထားရင်
အသတ်ပါ ထိခိုတ်နိုင်းကြောင်း ပြောဆိုလေတယ်....ဒေါ်ခင်လေးနဲ့  ၀တ်မှုံတို့ က
မျတ်စိမျတ်နှာတွေ ပျက်ပြီးငို သံလေးနှင့်  သူသားကို ကယ်လို့ ရရင် ကယ်တင်ပေးဖို့  
အဲလူကြီး ကို တောင်းဆိုပါတယ်....ကျော်ကျော်ကို ကျွန်တော် ကြည့် တော့   သူက မသိသလို ပဲ
ဘုရာစင်ေ့ ရှမှာမျတ်စိမှိတ်ပြီး ထိုင်နေတာတွေ့ ရတယ်.....ဟောဂီရောင်နဲ့ လူကြီးလဲ ဘုရားစင်က
သောတ်ရေတွေကို  မန်းမှုတ်ပြီး  ကျော်ကျော်ကိုယ်ပေါ်ကိုဖျန်းပက်နေတေ့ တယ်......
.ကျော်ကျော်လဲမျတ်လုံးဖွင့် လာပြီး.....ဘာလုပ်တာလဲလိ့ မေးတော့ ........
ဟောဂီရောင်ဝတ်ဆင်ထားတဲ့ လူကြီး က   မင်း  ကလေးကို အနှောတ်အယှတ်မပေးနဲ့ ..
အခုထွတ်အခုထွတ် ပြောဆိုပြီး ရေတွေ ပတ်ပြီး သင်္ကြန်ကျနေတော့ တယ်........
.ကျော်ကျော်လဲ  ရေတွေပတ်တာမထိရောတ်ဘူး ရေခွတ်ပေးဆိုပြီး ရေတွေ အကုန်လုံး
မောသောတ်ပြီး .....မင်းလို အဆင့် လေးနဲ့ ငါကိုစမ်းတာလားဆိုပြီးတော့ ပွဲထကြမ်း ပါရော......
.ယောဂီရောင်နဲ့ လူကြီး လဲ ဘာလုပ်ရမှန်မသိတော့ ပဲ  ကျွန်တော်တို့ ကို  ဖမ်ဆီးပေးဖို့ 
အကူအညီတောင်း ပါတယ်..ကျွန်တော်နဲ့ ကျော်ကျော်ယောတ်ဖလဲ မဖမ်းဆီး ပဲ ...
သူအဖြစ်ကို ကြည့် ပြီး ရယ်ရအခတ် ငိုရအခတ်ဖြစ်နေပါတယ်.......
ကျော်ကျော်ကတော့  အဲလူကြီး ကို ဆွဲလှဲပြီး  မင်းကဒီ မိသာစုကို အခတ်တွေ့ အောင်
လုပ်မယ့် ကောင် ၊ငါက ကယ်တင်မယ်ကောင်၊ မင်းအဆင့် လေး နဲ့ ၊မင်း က ငါကိုထွတ်သွား
ဟုတ်လား လို့ ပြောပြောပြီးထိုးကြိတ်နေပါတယ်......
.ယောဂီရောင် လူကြီးရဲ တပည့် ကောင်လေး လဲ  ကျော်ကျော်ကိုအတင်ဝင်ဆွဲနေတယ်.....
ဟဲ နင်တို့ တွေ  အဲလို ပဲကြည့် နေတော့ မှာလား.....၀ိုင်ဆွဲကြအုံလေးလို ဒေါ်ခင်လေး
ပြောတော့ မှကျွန်တော်နဲ့ ကျော်ကျော်ယောတ်ဖလဲ ၀င်ဆွဲတော့ တယ်....ယောဂီရောင် နဲ
လူကြီး လဲ ကျော်ကျော်လက်ကလဲ လွတ်ရော သူဘ၀နဲ့  သူရှိပါစေတော့  ငါလဲ
မကယ်တင်တော့ ဘူးဆိုပြီး ပြောဆိုကာထွတ်သွားတော့ တယ်....ကျော်ကျော်လဲ
သူအရင်က ထိုင်တဲ့ နေရာမှာ ပြန်ထိုင်ပြီး မင်းတို့ လဲ မှတ်ထားကြ မင်းတို့ ကို
အခတ်တွေ့ မယ် သူတွေ ဆို ငါက အဲအတိုင်းပဲ ဆတ်ဆံမယ်.....
ကျွန်တော်လဲ "အခု ကြွနေတဲ့  အဘကို တခုတော့ ပြောချင်လို "....
အဘခုလိုကျော်ကျော်ဆီ ခဏခဏကြွနေရင် ...သူတို့မိသားစုဒုက္ခရောက်တော့မယ်......
သူ့အဖေကြီးကလဲ နေမကောင်းဖြစ်နေတာ...သူကိုမစရင်လဲ သေချာအောင်မပေးလိုက်...
မစဘို့မတတ်နိုင်ရင်လဲကျွန်တော်အိမ်ကိုလွတ်ပေးပါလို့ ပြောလိုက်တယ်.......
.ကျော်ကျော် က အဘခွင့် ပြုမှ အပြင်သွားတယ်လို့ သိရပါတယ်......
.အဲကြောင့် ကျွန်တော် အိမ်ကို လွှတ်ပေးဖို့  ပြောတာ.....သူဘာဖြစ်နေတာလဲ သေသေချာချာ
မသိပေမဲ့ ..သေချာတာဆရာဝန်နဲ့ပြဘို့ဆိုတာတော့သိလိုက်တယ်....သူ့အမေကို.
.ဒေါ်လေးတအားကြီးလဲစိတ်မပူနဲ့ကျွန်တော်တတ်နိုင်တာ  ဆရာဝန်ပြပေးမယ်....
လိုအပ်တာတွေ ကျွန်တော် ကူညီပါမယ့် .....သူလာလိမ့်မယ်ကျွန်တော်ဆီကို..
.ပြောဆို ပြီးကျွန်တော်အိမ်ပြန်လာတယ်....နောက်1နာရီအကြာလောက်...
သူရောက်လာတယ်...ဟိုကြည့်ဒီကြည့်နဲ့..ကိုအောင်နောက်ကတော့ဘဘပါလာတယ်..
ဝင်ခွင့်ပေးမလားတဲ့....(သူနဲ့ အတူ သူနောတ်မှာ ပါလာသည်ဟု သူထင်နေသောအဘ)
ကျွန်တော်လဲမမြင်ရတဲ့သူတွေဆိုတော့(.သူရဲ့ ဘဘကို)..လာချင်ရင်လဲလာလေ.
မဟုတ်တာတော့မလုပ်နဲ့ တွေ့သွားမယ်လို့ပြောလိုက်တယ်...ကိုအောင်ကိုတွေ့ရင်
သူ့ဘာမှမလုပ်ပါဘူးတဲ့...ကျွန်တော်လဲ သူပြောပုံနဲ့  အမူအရာတွေ ကို ကြည့် ရင်း ရီလဲရီချင်တယ်...
အမေနဲ့ အိမ်မှာ၇ှိတဲ့ သူတွေကလဲ အောင်အောင်ကတော့  ဘာတွေလုပ်မလဲတော့မသိဘူး.......
ကူညီဖို့အသင့်လုပ်ထားကြလို့. အိမ်သားတွေကကျွန်တော်ကို  စနေကြတယ်.....
ကျွန်တော်လဲ ကျော်ကျော်ထိုင်...ဘာတွေဖြစ်နေတာလဲ ...အကို လဲ ပြောပြပါအုံး.....
.ကျွန်တော်မေးတော့  ကျော်ကျော်က ကျွန်တော်နားမှာ ၀င်ထိုင်ပြီး ....
ကိုအောင် ကျွန်တော်ဘုရားစင်ရှေ့ရောက်ရင်ကျွန်တော်ကိုစောင့်ရှောက်တဲ့ အဘ
ပုဂ္ဂိုလ်ကြွလာေ၇ာတဲ့......တခါတလေ အိပ်ချိန်တောင်မရှိဘူးတဲ့...ကျွန်တော်ကဈေးကော
ရောင်းသေးလားဆိုတော့......ပုဂ္ဂိုလ်တွေက မရောင်းခိုင်းဘူး.....
အမတို့ အိမ်ထောင်ရေးလဲ အစအစအရာအဆင်ပြေအောင်လုပ်ပေးမယ်
ဆိုတော့  ကျွန်တော်လဲနေမအားညမအား  အလုပ်လုပ်နေရတာတဲ့.......ကျွန်တော်က
ဘာအလုပ်တွေ လုပ်နေတာလဲ လိုမေးတော့  .... ..ပုဂ္ဂိုလ်တွေက ပုတီးစိတ်ခိုင်းရင်
တနေကုန်စိတ်ရတယ်...ဘယ်ဘုရားသွားဆိုသွားရတယ်...ဘယ်နေရာမှာနေဆိုနေရတယ်တဲ့....
.ကျွန်တော်လဲမြတ်စွာဘုရား  တမိတယ်....သူအမကလဲ စီပွားရေးမပြေလည်....သူကလည်း 
.ဈေးလဲမရောင်း..ဘယ်လိုစားနေကြလဲလို့ သူကိုမေးကြည့် တော့ သူအရင်ဈေးရောင်းတုန်
ကစုထားတာနဲ့ ဒေါ်ခင်လေး ရဲ အမ ကထောတ်ပံတာလေးနဲ့ စားနေတဲ့ အကြောင်းပြောပြတယ်..
.ကျွန်တော်က ရေရှည်ကြီးတော့..ဘယ်ဖြစ်မှာလဲ ကျော်ကျော် ....မင်းတော့လွဲနေပြီ...
လို့ပြောတော့....သူကမျက်ရည်တွေကျလာပြီး ........ကိုအောင်ကျွန်တော်က အဖေနဲ့
အမေကိုသိပ်ချစ် တာ.....ကောင်းကောင်းနေ ကောင်းကောင်းစား စေချင်တာ...
.ဆေးလဲကောင်းကောင်းကုစေချင်တယ်...အခုကျွန်တော်ချစ်တဲ့ အမကြီးကလဲ မရှိတော့ ဘူး..
.ရှိတဲ့ နောတ်တစ်ယောတ်ကလဲ ကျွန်တော်ထတ်ချစ်တဲ့ သူတွေ့ ပြီး အိမ်ထောင်ပြုတာ
သူတို့ လဲ အဆင်မပြေကြဘူးလေ....ကျွန်တော် ချစ်တဲ့ သူတွေကို ကယ်တင်ဖို့ 
ကျွန်တော်မှာ ဒီနည်းလမ်းပဲမှာ..ဒီနည်းပဲရှိတော့တာလို့ပြောပြတယ်..........မင်းကိုအဲဒီ
ပုဂ္ဂိုလ်တွေကဘယ်လိုပြောပြတာလဲ..လို့မေးတော့..တခါတလေနားထဲမှာ ကြားရတယ်...
တခါတလေအိမ်မက်..တခါတလေစိတ်ကအလိုလိုသိနေတာတဲ့...ကျွန်တော်လဲအတွေ့
အကြုံတော့မရှိဘူး...ဒါပေမဲ့မဖြစ်နိုင်ဘူးလို့ ထင်မိတယ်....ဘာဖြစ်လို့ လဲ ဆိုတော......
သူရဲ့ မိသာစုကို ကယ်နိုင်မဲ့   နည်းလမ်းတွေး တွေး ပြီးအတွေးလွန်ကာ နည်းလမ်းလေး
လွဲနေတယ်လို့ ထင်တယ်......
.မင်းလွဲနေပြီ.  မင်း  မင်းမိဘတွေကိုချစ်ရာရောက်တော့မှာမဟုတ်ဘူး...
ဒုက္ခရောက်တော့မှာ...မင်း ကိုအောင်ပြောတာ လိုက်လုပ်မလားလို့မေးတော့....
ဘာလုပ်ရမှာလဲ....ပုဂ္ဂိုလ်တွေကတော့ဒီမလာခင်...ဒီတနင်္ဂနွေသားလေးပြောတဲ့
အတိုင်းလုပ်ပါတဲ့ မှာလိုက်တယ်လို့ပြောလာတဲ့  သူပုံစံလေးကို ကြည့် ပြီး   ကျွန်တော်လဲ
ရီလဲရီချင်    .ငိုလဲငိုချင်ဖြစ်လာပြီး..လာ ကိုအောင်နဲ့ နဲ့လိုက်ခဲ့ဆိုပြီး.......
ကျွန်တော် အသိ ဆရာဝန်ဆီခေါ်သွားလိုက်တယ်...ဆရာဝန်က...အောင်အောင်......
နင်လဲရောဂါသယ်အစုံခေါ်လာတော့..ငါလဲဆေးပညာစာအစုံ ဖတ်နေရတယ်......
အင်းသူက ကုလို့ရနိုင်တယ်..ပထမအဆင့်လောက်ဆိုတော့...ဆေးမှန်မှန်တိုက်ရမယ်...
အချိန်နဲ့.........သူကမရှိကို အရှိထင်...အရှိကိုမရှိထင်နေတာ....သူဖြစ်ချင်တာတွေကို
စိတ်ကူးထဲမှာဖြစ်နေတော့......တချိန်လုံး ပူးနေတာပေါ့......သူကိုအားတတ်စေမယ့် 
စကားလေးတွေပြောပြလေ...ဆေးကို လဲ သူရဲအခြေအနေကို ကြည့် ပြီး တိုတ်နော်.....
ကဲ့ ဆရာရေ..လက်စွမ်းပြလိုက်ပါအုန်းဆိုပြီး ကျွန်တော်ကိုစနောက်လိုက်တယ်..........
ကျွနိတော်လဲ  စဉ်းစားလိုက်တော့..သူအိမ်မှာဆိုမဖြစ်ဘူးဆိုပြီးကျမ အိမ်ခေါ်ထားလိုက်တယ်......
 အိမ်ကလဲကျွန်တော်လုပ်သမျှ....စတာစနေကြတာ..လိုက်လျောပေးတာပါဘဲ....သူအမေကို
ပြောပြတော့..သားကောင်းသလိုတာလုပ်ပါ.......ဒေါ်လေးတို့လဲမလုပ်တတ်တော့ဘူးတဲ့...
ကျွန်တော်လဲသူနဲ့အနီးကပ်ပေါ့..ဆေးကိုအချိန်နဲ့တိုက်တယ်...
လူကောင်းတယောက်လို့ ဆက်ဆံတယ်....သူကလဲလူကောင်းတယောက်လိုပါဘဲ..
ဘုရား၇ှစ်ခိုးတဲ့အချိန်ဘဲ...ကျွန်တော်ကလဲမရရအောင်ရှစ်ခိုးခိုင်းတာ....သူကိုလဲ..လူကစိတ်ဘဲ
ဘာလို့စိတ်ကိုမနိုင်ရမှာလဲ...ကျော်ကျော်အဲလိုလုပ်နေရင်..မိဘကိုမချစ်တဲ့
အပြင်စိတ်ဆင်းရဲမှုပေးတာ...စိတ်မာရမယ်..မပျော့ညံရဘူး ဘာလို့သူများအားကိုးမလဲ..
ကိုယ့်အားကိုယ်ကိုးရမှာ....လက်တွေ့ကျကျ..စဉ်းစားစမ်းပါ.....ကိုအောင်ကတော့ 
ကျော်ကျော်ဘ၀ကိုဒီလိုအရှုံးမခံချင်ဘူး....
အခုကျော်ကျော် .မြင်တယ်သိတယ်ကြားတယ်ဆိုတာအမှန်တွေမှမဟုတ်တာ...
.အဖေအမေကိုတကယ်ချစ်ရင်..အမှန်ကိုမြင်အောင်ကြည့်ရမှာ...လက်တွေ့ကျကျလုပ်ပါ
ကျော်ကျော်ရာလို့..ကျွန်တော်ပြောတော့  သူက ကြိုးစားမယ် ကိုအောင်လို့ပြောပါတယ်......
ကျွန်တော်လဲအားနေတဲ့ သူဆိုတော့..သူကိုစကားပြောလိုက်..ကျောင်းကဖြစ်ပျက်ခဲ့တဲ
့ရီစရာတွေပြောလိုက်....ဂစ်တာတီးသီချင်း ဆိုလိုက်ပေါ့......
.ဒီအတိုင်းနေရင်ရီစရာပြောလိုက်ဟီဟီ...ဟားဟားပေါ့ ....
ကိုအောင်ကလက်တွေ့ ဆန်လွန်တယ်..ခံစားချက်တောင် လက်တွေ့ဆန်မနေဘူးလားလို့
ကျွန်တော်ကိုမေးတော့  .ကျွန်တော်လဲ.ကျွန်တော်ရဲ ခံယူချတ်လေးတွေ  ပြောပြလိုတ်တယ်.....
.ကိုအောင်ရှိတဲ့နေရာမှာလိုအပ်တဲ့သူဖြစ်ချင်တယ်...လူပိုတယောက် အရှုတ်ထုတ်တယောက်
မဖြစ်ချင်ဘူး.  ဘာလုပ်လုပ်အဲလိုစဉ်းစားပြီးလုပ်တယ်.....ဖြစ်ချင်တဲ့ဆန္ဒတွေကို...
အချိန်ဇယားဆွဲထားလိုက်တယ်....စိတ်ကိုအဟာရကျွေးရတယ်...ဘာနဲ့ကျွေးလဲသိလား.
.စာဖတ်တယ်..ဂစ်တာတီးတယ်.....ပန်းချီက..မဆွဲတတ်လို့....ခံစားတယ်..
စိတ်ကူးပေါက်ရင်..စိတ်နဲ့ပတ်သက်ပြီးတရားထိုင်တယ်..ကိုယ်စိတ်ကိုကိုယ်ပြန်ကြည့်တယ်.....
.လူတိုင်းအားနည်းချက်တော့ရှိတယ်...အကောင်းကြီးဘဲတော့မဖြစ်နိုင်ဘူး...
ကိုအောင်ဆိုကိုယ့်စိတ်ထဲမှာလူကောင်းတယောက်ဖြစ်ချင်ပေမဲ့..မာနနဲ့ မခံချင်စိတ်ကြောင့်...
မကောင်းတာလဲရှိသလို...ကောင်းသွားတာလဲရှိတယ်.......မသေမချင်းတော့..
.ကောင်းတာတွေကောမကောင်းတာတွေကောရင်ဆိုင်ရမှာဘဲ...အားရှိဘို့..စိတ်အဟာရပြည်
့နေဖို့လိုတယ်......လူတိုင်းဘဲ...ကိုအောင်အခုလိုအခုလိုကျော်ကျော်ကိုပြောပြနိုင်သလို..
 နောင်တချိန်မှာ......ကျော်ကျော်က ကိုအောင်ရယ် ...ကိုယ်စိတ်ကိုနိုင်အောင်ပြန်ကြည့်ပါလို့
ပြောရင်လဲပြောရမှာလေ...လူတွေ၇ဲစိတ်ကနေတိုင်း .ဖောက်ပြန်နေတတ်တာဘဲ....
လူုတိုင်းစိတ်ကိုမဖောတ်အောင်  ကြိုးစားနေကြတာပဲလေ......
ကျွန်တော်နဲ့  သူအဲလိုလေတွေပြောတဲ့အခါပြောလိုက်နဲ့....လချည်ကြာလာတော့...
သူဆေးသောက်တာ...ရက်တအားခြားသွားပြီး...ဘုရားရှစ်ခိုးရင်ဘာမှမဖြစ်တော့ဘူး....
သက်သာလာတာပေါ့.....သူလဲအမှန်ကိုမြင်တတ်သွားတယ်......သူနေကောင်းလာတော့
သူ့မိဘအိမ်ပြန်နေချင်လာတယ်...ကျွန်တော်ကလဲသိတယ်စိတ်ချရတဲ့အနေအထား
ဖြစ်လာတော့  ကျွန်တော်လဲပေးပြန်ပါတယ်....သူကျွန်တော်ကိုပြောပါတယ်...
.ကိုအောင်ကိုကျေးဇူးတင်တယ်..ဘယ်တော့မှမမေ့တော့ဘူး....
မိဘကိုဘဲဖြစ်ဖြစ်ကိုယ့်မောင်နှမကိုဘဲဖြစ်ဖြစ်..ချစ်ကြတာနည်းလမ်းမှန်ဘို့ ဆိုတာလေ...
ကိုအောင်က လူတွေကိုချစ်တတ်တယ်.....ကိုအောင်ကိုကြည့်ရင်အမြဲပျော်နေတာဘဲ..
ကလေးလေးနဲ့တူတယ်...ဘာပဲဖြစ်ဖြစ် ကျွန်တော်  မိဘတွေကိုချစ်တတ်သွားပြီ..
.ကျေးဇူးပါကိုအောင်တဲ့...ကျွန်တော်ရဲ့ပီတိကအဲဒါပါဘဲ.....
ကျွန်တော်ကိုယ်တွေ့လေးတွေပေါ့....ချစ်တတ်ဖို့တော့လိုပါတယ်...တစ်ဦးနဲ့တစ်ဦး...
မိသားစုမောင်နှမဘဲဖြစ်ဖြစ်.....တစိမ်းကိုဘဲဖြစ်ဖြစ်ပေါ့...........          
                                                                                         သူငယ်ချင်း အား လုံးပျော်ပါစေ
                                                                                                   mraungmintun
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>