Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဆူနာမီ နှင့် နတ်မင်းကြီးသုံးပါး

$
0
0

(၁၁-၄-၂၀၁၂)နေ့၊ ဆူနာမီသတင်းကြီး အရေးပေါ်ကြားလိုက်ရတော့

အခါသင်္ကြန်နားနီးမှအလန့်တကြားရှိလိုက်တာဗျာ..

အဲဒီနေ့..တစ်ညနေလုံး..တစ်ညလုံး ထိတ်ထိတ်လန့်လန့်ပေါ့..။

 

အောင်ထက်ကြီးက..မြစ်ဝကျွန်းပေါ်သားလေဗျာ..

ရွာမှာ ရှိနေတဲ့အမေကိုပူနေရတာပါ..ကိုယ်ကရန်ကုန်မှာဆိုတော့

မသကာ..နီးတဲ့တိုက်ပေါ်..ပိုးဥမလက်ဆွဲ..သားလေးပုခုံးပေါ်တင်တက်ပြေးရင်လွတ်သေး..

အမေ ကျန်ခဲ့တဲ့ ကျေးလက်မှာက..တောင်ကုန်းမြင့်မြင့် လည်းရှိတာမဟုတ်..။

 

ပိုးဥမကတော့ပြောပါတယ်..

“ အောင်ထက်ရယ်..ဖြောင့်ဖြောင့်အိပ်စမ်းပါဟာ..နာဂစ်တုန်းက..နာမယ်ပျက်ထားလို့

ခုက..လှန့်တာနေမှာပေါ့..” တဲ့

သူကတော့ပြောအားရှိတာပေါ့..သူမိဘတွေက ပဲခူးမှာကိုး..။

 

အဲဒီည..၁၂နာရီကိုထိုးပါရော..ဦးထွန်းလွင်ဆိုက် ဒေါ့ကွန်းလိုက်…

သစ်ထူးလွင်ဆိုက် ဒေါ့ကွန်းလိုက်နဲ့ပါဗျာ…။

နောက်တော့ မနေနိုင်တော့ပါဘူး. ..တတ်သမျှမှတ်သမျှ ရွတ်ဖတ်

နတ်ကောင်း နတ်မြတ်များ မေတ္တာပို့…

ကံသာအမိ ကံသာအဖလို့သဘောထားပြီး..အိပ်ချလိုက်ပါတော့တယ်…။

 

အိပ်သာအိပ်ရ စိတ်ကတစ်ထင့်လေ..

အိပ်ပျော်သလိုလို..နိုးနေသလိုလို..အချိန်လေးမှာပဲ..ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပစွာနဲ့

နတ်မင်းကြီး သုံးပါး ရောက်လာပါတယ်..နောက်ပြီး

“ သားတော်ကြီး အောင်ထက် စိတ်မပူလေနဲ့..လာငါတို့နတ်မင်းကြီး သုံးပါးနဲ့လိုက်ခဲ့..” တဲ့

 

ဒါနဲ့ပဲ..သူတို့နတ်မင်းကြီးတွေဆွဲခေါ်တဲ့နောက်..လေဟုန်စီးပြီးပါသွားပါလေရော..

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်အောက်ဖက်..ဘင်္ဂလားပင်လယ်အော်ဖက်ကိုပါ..

အောင်ထက်ကြီးက..ပင်လယ်မှာနေခဲ့ဘူးသူဆိုတော့ ကောင်းကင်ကကြည့်ရတာ

လှလိုက်တဲ့ မြင်ကွင်း..Google Map.လိုပေါ့ဗျာ..။

 

အောင်ထက်ကြီးက..နုတ်အငြိမ်မနေတတ်တော့..

“ ဟာ..ဟိုမှာဖျာပုံ…ဟိုဟာက ဘိုကလေး..ဒီမှာဒေးဒရဲ..

  ဟယ်..ငါနေခဲ့ဘူးတဲ့ကျုံဒါးရွာကြီး..ဟိုမှာကသံဒိပ်ရွာ ” ပေါ့..

နတ်မင်းကြီးသုံးပါးကေ၇ွှနားတော် ငြီးရှာထင်ပါ့..

“ သားတော်အောင်ထက်..နုတ်စောင့်လော့..စကားများတဲ့လိပ်လို..လွှတ်ချလိုက်မယ်..” တဲ့။

 

ထားပါတော့..အိပ်မက်ပြန်ဆက်ရရင်..

ပင်လယ်ဝလည်းရောက်ရော..ဆူနာမီလှိုင်းကြီးတွေဗျာ..တိုက်အမြင့်ကြီးတွေလောက်ရှိပါ့..

မြန်မာပြည်ဖက်လာနေတာ..ကြောက်စရာကြီး…။

 

အဲဒီမှာပဲ..နတ်မင်းကြီးသုံးပါးက..

“.ဟယ်..ဆူနာမီ ရပ်လော့..မြန်မာပြည်ကိုမလာနှင့်..

မြန်မာပြည်သူတို့အားသင်တို့ မဖျက်ဆီးလေနှင့်..

သင်တို့မလာမီကပင်..ငါတို့နတ်မင်းကြီးသုံးပါးလက်ချက်ဖြင့်

ဆင်းရဲတွင်းနက် မှုံ့မှုံ့ညက်ညက်ကြေပြီးနေပြီ..သင်တို့ဖျက်ဖို့မလို..” အဲလိုပြောလိုက်ပါတယ်..။

 

ဒီမှာတင်..ဆူနာမီကြီး..သူ့ထက်အဖျက်အင်အားကြီးတယ်ဆိုတော့..အံ့အားသင်သွားပြီး..

နတ်မင်းကြီးလေးပါးကို..ခုလိုမေးခွန်းလေးထုတ်ပါတယ်..

 “ မှန်လှပါ..အရှင်နတ်မင်းကြီးသုံးပါး ရဲ့အမည်နာမများကိုသိလိုလှပါတယ်..” တဲ့..

ဒီတော့မှ….

ပထမနတ်မင်းကြီးက. “.အကျွန်ုပ်ကား..သုံးလုံး နတ်မင်းတည်း..”

ဒုတိယနတ်မင်းကြီးက.. “ အကျွန်ုပ်ကား..နှစ်လုံး နတ်မင်းတည်း..”

တတိယနတ်မင်းကြီးက.. “ အကျွန်ုပ်ကား.တစ်လုံး နတ်မင်းတည်း..” တဲ့။

 

နတ်မင်းကြီးသုံးပါးရဲ့အမည်လဲကြားရော အံ့သြစရာပါ့ဗျာ..

ဆူနာမီကြီး အမြီးကုတ်သွားပါတော့တယ်..ဒေါသတွေလည်းပြေပျောက်သွားလို့

ကြောက်ကြောက်နဲ့ပြောပုံလေးက…

 “ မှန်လှပါ နတ်မင်းကြီးသုံးပါးကား အကျွန်ုပ်ဆူနာမီထက် အဖျက်စွမ်းအားကြီးလှပါသည်..” တဲ့လေ

ဒီလိုနဲ့..ဆူနာမီကြီး..မြန်မာပြည်ကို မ၀င်ပဲ ပြန်လှည့်သွားတာ

မျက်ဝါးထင်ထင်မြင်လိုက် ရကြောင်းပါဗျာ..။

ကောင်းလှောင့်တေး…ကောင်းလှောင့်တေး…..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...