ကိုယ်တကယ်ချစ်တဲ့ သူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်တာလက်တွဲဖို့ ကြိုးစားပါ။
သူမရှိ့တော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ကြိုးစားပါ။
ဘဝတစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ဆုံဖို့ဆိုတာမလွယ်လှပါဘူး။
ကိုယ့်ဘဝကို ကူညီတဲ့သူနဲ့ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
ကိုယ်ချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နုတ်ဆက်လိုက်ပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါ ပဲ။
ကိုယ်မုန်းတဲ့ သူနဲ့ဆုံတဲ့အခါ ပြုံးပြပြီး နုတ်ဆက်လိုက်ပါ သူ့ကြောင့်ကိုယ် ပိုပြီးကြံ့ခိုင်ခဲ့လို့ပဲ။
ကိုယ်နဲ့အတူနေတဲ့၊ ကိုယ့်ကို အဖော်ပြုသူနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်၇ွှင်ကြည်နူးမှုနဲ့ ချစ်ချင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
ကိုယ့်အပေါ်သစ္စာဖောက်သွားတဲ့ သူနဲ့ဆုံတဲ့အခါ ခေါ်ပြောနုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့ လို့ပါပဲ။
ကိုယ်တိတ်တခိုး ချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့တောင်းဆုပြုပါ။
သူ့ကိုကိုယ်ချစ်ခဲ့တုန်းက သူပျော်ရွှင်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါပဲ။
ကိုယ့်ကိုထားခဲ့တဲ့ သူနဲ့ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောလိုက်ပါ။
သူ့ကြောင့်ကိုယ့်ဘဝမှာ အမှတ်တရ အတိတ်ခြေရာတွေ ထင်ကျန်အောင် သူကနင်းလျှောက်ခဲ့လို့ပါပဲ။
တစ်ခါပဲ ဖြစ်ခွင့်ရတဲ့ ဘဝမှာ လုပ်ခွင့်ရတဲ့အခွင့်အရေးကလည်း တစ်ခါပဲရှိ့တယ်။