သူငယ်ချင်းတို့ရေ ပုံပြင်လေးတစ်ခုပြောချင်လို့ပါ။ဘ၀ရဲ့ အားဆေးလေးပါ။
တစ်ခါတုန်းက ကျောင်းသင်္ခန်းလေးတစ်ခုရှိတယ်တဲ့။အဲ့ဒီကျောင်းလေးရဲ့ ကျောင်းထိုင်ဆရာတော်ကြီးက ၀င်ပေါက်နဲ့ တည့်တည့်မှာ ဆိုင်းဘုတ်လေးတစ်ခု ချိတ်ထားတယ်။ကျောင်းထဲကို ၀င်လာတဲ့ ဘယ်သူမဆို ဒီဆိုင်းဘုတ်ကလေးကို အရင်ဆုံးမြင်ရတယ်။ အဲဒီဆိုင်းဘုတ်မှာရေးထားတာက "သင့်လိုလူ အများကြီးပါ" တဲ့။ရည်ရွယ်ချက်ကလေးကတော့ ဥပမာ ကျောင်းလေးထဲကို ချမ်းသာလို့ မာန်တက်နေတဲ့ သူဌေးတစ်ယောက် ၀င်လာတဲ့အခါ ဆိုင်းဘုတ်ကလေးကို မြင်လိုက်မယ်ဆိုရင် အော် လောကမှာငါ့လို ချမ်းသာတဲ့သူတွေ ရှိသေးတာပဲ။ငါ တစ်ယောက်တည်းချမ်းသာတာမှ မဟုတ်တာ ဆိုတဲ့ အသိဝင်ပြီး သူ့ရဲ့တက်နေတဲ့ မာန်မာနတွေ လျော့တန်သလောက်လျော့သွားတယ်။အဲလိုပဲ ယောင်္ကျားသေလို့ ၀မ်းနည်းနေတဲ့ မုဆိုးမတစ်ယောက် ကျောင်းထဲကို ၀င်လာရင်လည်းပဲ အော် ငါတစ်ယောက်တည်း ယောကျာင်္းသေတာမှ မဟုတ်ဘဲ တခြားမိန်းမတွေလည်း ရှိပါလားလို့ တွေးမိပြီး သူ့ရဲ့ သောကတွေ လျော့သွားတယ်လေ။ဒီလိုပဲ သူငယ်ချင်းတို့လည်း ဘ၀မှာ စိတ်ဆင်းရဲစရာတွေ ၊စိတ်ဓာတ်ကျစရာတွေ ကြုံလာခဲ့ရင် ဒီ ဆိုင်းဘုတ်ကလေးကို သတိရပြီး သူငယ်ချင်းတို့ခံစားနေရတဲ့ သောကတွေကို လျှော့ပစ်လိုက်ကြရအောင်။
↧
အားဆေး
↧