ကိုကြီး - လျှောက်လည်ဖို့ပြောရင်မအားဘူးလို့ပြောမယ်
မောင်လေး - ကိုယ်နဲ့အမြဲတမ်းလည်ချင်နေတယ်
ကိုကြီး -အင်္ကျီဆင်တူဝတ်ရမှာရှက်တယ်
မောင်လေး -ဆင်တူဝတ်ပြီးတော့ကြွားချင်တယ်
ကိုကြီး -လူကြားထဲလက်ဆွဲရမှာရှက်တယ်
မောင်လေး -မ လက်ကိုဆွဲပြီးလျှောက်သွားချင်တယ်ပြောမယ်
ကိုကြီး -နှစ်ယောက်တွဲဓာတ်ပုံမရိုက်ချင်ဘူး
မောင်လေး -အတင်းပူဆာမယ်ဓာတ်ပုံရိုက်ဖို့
ကိုကြီး -လူရှေ့သူရှေ့ဆိုဂရုမစိုက်ချင်ယောင်ဆောင်မယ်
မောင်လေး -လူကြားထဲမှာသူအရမ်းချစ်ကြောင်းပြချင်နေမယ်
ကိုကြီး -ချစ်သူများနေ့မျိုးကို အနောက်တိုင်းအယူလို့ပြောမယ်
မောင်လေး -ချစ်သူကိုဘယ်လိုဆန်းဆန်းပြားပြားလေးတွေပေးရမလဲစိတ်ကူးနေမယ်