သစ်တပင်ကောင်းရင်ငှက်ငယ်တစ်သောင်းမကဘူးလို့ နားလိုရတယ်လို့  ကျွန်တော်ကြားဖူးတယ် အမေ ငှက်ငယ်များစွန်ခွာသွားကြသလိုဇရာထောင်းလို့  ရိုးတံဖြိုင်ဖြိုင် အရိပ်မဲ့ကမ္ဘာ စွန့် ကာထားသွားကြတယ် အမေ လောကလူဘုံ အလယ်မှာ မရောက်လာသေးတဲ့ ရင်သွေးလေးကစလို့ အဖေနှင့်အမေ မှာ နှလုံးဆီထိ အပြုံး ပိတိတွေဝေလို့  လူလောက ထဲသို ရောက်လာ့ မဲ့ သားသား လားမီးမီးလား မသိချိန်ကတည်းက သားသ္မီးတွေ နောင်ရေး မျှော်တွေး ပြီး အဖေက လယ်လုပ် အမေက ယက်ကန်းခက်လို့ကြိုးစားခဲ့တယ်နော်
ရင်သွေးလေးမွေး ဖွားချိန်မှာလဲ အမေက သေမင်းနှင့်စစ်ခင်းလို့  သူနိုင်ကိုနိုင် ယှဉ်ပြိုင်ရင်း လောကလူ ဘုံ အလယ်ကို သားသ္မီး များကို မွေးဖွားခဲ့ တယ် ငယ်စဉ်တောင်ကြေး ကလေး ဘဝ ငါသားသ္မီး တွေအူဝဲလို့ 
မငိုရအောင် အဖေက တဖုံ အမေကတမျိုး စောက်ရှောက်ခါ ပင်ပန်း ကြီးစွာကျွေးမွေး လာရတယ်
အဖေနှင့်အမေ ဉယျာဉ်မူးတွေလိုပါပဲ သူတို့ ပျိုးထောင် လိုက်တဲ့အပင်လေးက ပန်းတွေပွင်တဲ့ အခါ အပြုံးနဲ့ ဝမ်းသာ နေကြတာပါ
ကလေးဘဝ က လူလားမြောက်တဲ့အထိ ပညာရည်နို့ ချို တိုက်လို့ လောကလူဘုံအလယ်မှာ မျက်နှာ မငယ်ရအောင် ရှာဖွေးကျွေးမွေး သားသ္မီးတွေဘဝရေး ကို မျှော်တွေးကာ နေညမနား ရှိတဲ့ အားနဲ့  ရှာဖွေကျွေးမွေး ခဲ့တယ် သားသ္မီးတွေ လူလားမြောက် လို့  သံယောဇဉ် အချစ် သစ်တွေကိုရှာကာ မိဘရင်ခွင် ခွဲထွက်သွားတော့လည်း အပြုံးတွေနဲ့ ဝမ်းသာနေတာလဲမိဘပါပဲ မိဘအရိပ်ကို စွန့် ခွာ သွားကြတဲ့သားသ္မီး တွေကသာ မိဘနှစ်ပါးဆီကို လူကြုံမလာ စာလည်းမပါး စွန့် ခွာသွားတဲ့ သားတွေ သတင်းတောင်မမေးတဲ့သ္မီးတွေ အားလုံးက ဇရာထောင်းလို့ ရိုးတံဖြိုင်ဖြိုင် အရိပ်မဲ့ ကမ္ဘာ ကြီးကို စွန့် ခွာသွားကုန်ပြီလေ နှစ်ယောက်ထဲ ကျန်ခဲ့ရတဲ့မိဘနှစ်ပါးမှာသနားစရာပါ ကျေးဇူးမသိတဲ့ သားသ္မီးများအပေါ် ဘာမှမျှော်လင့်  မထား တဲ့ မေတ္တာ မပြောင်းလဲတဲ့ ချစ်ခြင်းတွေနဲ့ သားသ္မီးတွေ လာလည်မဲ့အချိန်ကို အနှိုင်းမဲ့ ရင်ခွင်ကမ္ဘာကြီးက စောင့်ကြိုနေတာကို ဘယ်သားသ္မီးကမှသိမှာမဟုတ်ပါဘူး
အနန္တကျေးဇူးရှင်များသို့ ရည်စူးလျှက်...........
↧
”ထာဝရအေးမြသော အရိပ်မဲ့ ကဗျာ“
↧