မနက်ခင်းမှာ ကျွန်တော် အဆောကြီးကိုနိုးနေပါပြီလေ....ဘာလို့လဲဆိုတော့ ကမြင်ကျောထမလို့ပင်ဖြစ်သည်...။ အိမ်က အမ မူံနံ့သာဖြူတစ်ယောက် ဦးပုဒ် စောင့်မယ်ဆိုလို့ ကျွန်တော်ပိုလို့ပင်ပျော်ပါသည်.. သူရှိနေရင် နားညည်းပါတယ်လေ..။ အ၀တ်စားတွေလဲရင်းလည်း မနှစ်ကဆို ပွစိပွစိနှင့်ပင် ယခုတော့ အမေနှင့်သူ ဦးပုဒ်စောင့်တော့မည်ဆိုတော့ ကျွန်တော် တော်တော်လေးကို ပျော်တာပါ...။
အိမ်ရှေ့ကို ကားတစ်စီးရောက်လာသည်...
ဟိတ်ကောင် ရဲရင့်ခေါင် မင်းဘာလုပ်နေတာ လဲ အကုန်ပြီးနေပြီ မင်းတစ်ယောက်တည်းး..။ ဖြိုးလေးတစ်ယောက် ကားပေါ်က အော်တာ တော်တော်ကို အသံအောင်ပါသည်...။ သူ ရုတ်တရက်ကားပေါ်က ဆင်းလာရင်းး
ဟာကွာ ဒီည၀တ်အင်္ကျီတောင် မလဲသေဘူး... မြန်မြန်လုပ်ကွာ...
မင်းအပိုတွေ လုပ်မနေနဲ့ အိမ်မှာ ဘယ်သူမှမရှိဘူး ဒီနေ့မှ သင်္ကြန်အကြို.. မင်းတို့ အိမ်မှာပဲ သောက်ကြစားကြလို့ရတယ်....။
ဟာ ဟိတ်ကောင် ငါတို့ ကြောက်တယ် မင်းအမ မမမူံကော မှာပေါ့..
ကြောက်လာ.. မင်းကော ကြောက်လာ မင်းကော မင်းကော..
ကျွန်တော် ဝေလင်း ငဖြိုး တို့တစ်ယောက်ချင်းစီးမေးကြည့်တော့ ကြောက်ကြပါသည်.. တကယ်တော့ကျွန်တော်လဲကြောက်ပါသည်..ဒါပေမယ့် ကျွန်တော်.. လွတ်လပ်ရေးရနေပြီ ဖြစ်သည့်တွက် မကြောက်တော့ပါ...
ငါပြောပြမယ် သူငယ်ချင်းတို့ .....ယခု ငါ့အိမ်မှာ မမူံလဲ မရှိဘူး သူ ဦးပုဒ်သွားစောင့်တယ်... ဆိုင်ကို ပိတ်ခဲ့တယ်...ဒါပေမယ့် ငါ့အတွက်ဆိုရင်တော့ ဆိုင်ဖွင့်တယ်ပေါ့ကွာ..ဒီတော့ မင်းတို့ သောက်ချင်တဲ့ဘူးကို သာယူသောက်ပေတော့... ငါ့အတွက်တော့ cola ဘူးလေးတွေ ယူခဲ့....
အကုန်လုံး မျက်နှာလေးတွေ ရွင်လက်သွားကြသည်... ဝေလင်း ထယူမည်အလုပ် ကျွန်တော် သူ့ကိုလှမ်းဆွဲလိုက်သည်...
နေဦး... မင်းတို့ဒီတိုင်းတော့မရဘူး ယခု ဘီယာတစ်ဘူးကို ငါလျှော့ပေးမယ်..... အလကားတော့မတိုက်နိုင်ဘူး ဒီတော့ မင်းတို့ ငါ့ကို တစ်ဘူးကို 700 တော့ပေး... ကြိုက်တာသောက်နော်... အဲ့ရေခဲသတ္တာထဲမှာရှိတာ အကုန်သောက်နိုင်တယ်တစ်ဘူးကို 700 ဘာယူယူ
တကယ်နော်... ဟိတ်ကောင် ငါသွားကြည့်မှာနော်..
ကြည့်စေ...
အေး 700k ထက် ကျော်တဲ့ ဘူးလဲ 700 ပဲနော်
ဟုတ်တယ်ကွာ ..
ကဲ ဝေလင်း ဖွင့်ရအောင်ကွာ...
သူတို့ နှစ်ယောက်ထသွားချိန်မှာတော့ ကျွန်တော် လေတစ်ချွန်ချွန်နဲ့ ကျန်ခဲ့လေသည်....။
ဟာ ... ဟင်! ဟိုကောင်ယုတ်မာပြီ... ငါထင်တယ် ကြည့်ဦး ငဖြိုးရာ ဒဂုံ ဘီယာ တွေနဲ့ ကိုလာ ဘူးတွေပဲရှိတယ် တန်းဖိုးကြီးတာကို ဒင်းသိမ်းထားတယ်.....
ဟိတ်ကောင် မင်းညစ်တယ် ညကတည်းက မင်အကွက်ချထားတာလာ...
မဟုတ်ဘူး ငါလုပ်တာမဟုတ်ဘူး..
ဒါဆို ဘယ်သူလဲကွ
ငါ့အမ မမမူံနံ့သာဖြူပဲ.. သူက ငါတို့ ထက် ကြိုမြင်တယ်ကွ ဒါကြောင့် သူ ဘီယာတွေကို ဘယ်ဖွက်သွားလဲ ငါလဲမသိဘူး သောက်ချင်ရင် ရှိတာလေးတွေပဲ သောက်ကြ အမြည်းဆိုရင်တော့ အဲ့မုန့်တွေ အကုန်စားနိုင်တယ် ပိုက်ဆံပေး ဒါပဲ..
ဟွန့်... သူငယ်ချင်းတောင် မင်းက စီးပွားရေးလုပ်နေသေးတယ်..
လုပ်ရမယ်လေ...
အေး ရဲရင့် ငါတို့ သောက်တာ စားတာ အရေးမကြီးဘူး... ခု အကြိုနေ့ဘာလုပ်မလဲ...
ကျွန်တော် အတော်တန်စဉ်စားလိုက်သည်...
မင်းမှာ ကားပါတယ်မှတ်လာ..
အေးပါတယ်လေ..
ဒါဆို ငါတို့ ထွန်းထွန်း တို့စီသွားမယ် ခုချိန်ဆို ဒီကောင် ဒီကောင့်မိန်းမ နဲ့ ကြည်နူးပြီး ဖီးလ် တက်နေလောက်ပြီ.. ဒီတော့ ငါတို့က ဒီကောင်တွေအိမ်မှာ နယ်ကျော်ပြီး သွားကစ်ရမယ်... အမြည်းတွေဘာတွေကို သူ့မိန်းမကို ...ဒန့်ဒန့် ဒန့်.....
ဟိတ်ကောင် မင်းနော် ... သိကြားမင်းက သူရဲ့ note book နဲ့ မှတ်သွားမယ်...
ဟဟား ရဲရင့်ကွ သိကြားမင်းက note book နဲ့မှတ်ရင် ငါက လဲ သူ့ကို ပြန်မှတ်မှာပေါ့ကွ
ဘာနဲ့လဲ ဟင်
death note နဲ့ ...လေ ဟိဟိ
ဟာ.. တော်တော်စကားတက်တယ်......ကဲကဲ လစ်မယ်....
ကျွန်တော်တို့ အုပ်စု... ထွန်းထွန်း အိမ်ကိုထွက်လာခဲ့လေသည်.....ထွန်းထွန်း မိန်းမက သဘောကောင်းပါသည်... ဖော်ရွေးသည်... ကျွန်တော်တို့စားချင်တာမှန်သမျှ သူလုပ်ပေးသည်.... ထွန်းထွန်းကိုလည်းအတော်ချစ်လေသည်...ကျွန်တော်တို့ကတော့ သူငယ်ချင်းမိန်းမရ ကံကောင်းသလို ကျွန်တော်တို့လဲ ဟိဟိ သူငယ်ချင်းရ ကံကောင်းတာပေါ့...
မောင်လေး ရဲရင့် စားနော်.လိုချင် ထပ် လုပ်ပေးမယ်...
ရတယ်အမ ကျွန်တော် အမြည်းစားတာ ဘီယာ မသောက်ဘူး..ဒီကောင်တွေပေါ့ဗျာ အကြိုနေ့ကြီးမှာ .....သိကြားမင်းတောင်မဆင်းသေးဘူး အရည်က ဆာနေပြီလေ.....။
ဟုတ်တယ် င့ါမောင်လေး ရဲရင့် က လိမ္မာတယ်... အိမ်က ထွန်းထွန်းလဲ သောက်တာပဲလေ..
ဒါပေမယ့် အမခွင့်လွတ်တယ်မှတ်လာ...
ချစ်တာကို..
ဟားဟား ဟုတ်ပါပြီဗျာ....
ဘာ ထွန်းထွန်းလဲ ဒီလေးနော် ငါ သင်္ကြန်ပဲ သောက်တာလေ..
ဟုတ်ပါတယ် မောင်ကလဲ ဒီလေးက စတာပါ...
အမ သီချင်း အသံကျယ်ကျယ်လေးဖွင့်ဗျာ... ခုဆိုနေတာ လွမ်းပိုင်နဲ့ bobby တို့လေ... ဘိုကေ တို့ ဒုံးပျံတို့ နျူကလီယားတို့....လေ
အေးပါဟယ် ဖွင့်မယ်...
အသံကို မိုင်ကုန် တင် ကျွန်တော်တို့သောင်ကျန်းချင်သလိုသောင်းကျန်း.... ညနေစောင်းသည်နှင့် ကျွန်တော် ခေါင်းကို တစ်စုံတစ်ခုက ခေါက်လိုက်သည့်အတိုင်းပင်...ကျွန်တော် ဒေါသထွက်ထွက်နှင့် နော်ကို လှည့်ကြည့်တော့
ဟာ....အမ
သေနာကောင် ငါ့ကို ဦးပုဒ်ပျက်အောင်လုပ်တယ် နင်လေ..ခု ဘာလုပ်နေတာလဲ..
အအေးသောက်နေတာပါဗျာ..
ဟိုဘူးတွေက ငါက ကန်းနေလို့လား...
ဟာ အဲ့ဒါ သူတို့သောက်တာ
ဘာမှ နင်လွဲမချနဲ့...နင်လိုက်ခဲ့ အခုလိုက်ခဲ့...
ကျွန်တော်နားရွက်လေးကို ဆွဲလို့ ခေါ်သွားသည်.. ၀တ်ထားတာကတော့ ယောကီ ထဘီ လေးနှင့် လူကို ထုလိုက် ထောင်လိုက် တစ်လမ်းလုံး ပွစိပွစိနှင့် ငဖြိုးနှင့်ထွန်းထွန်းက လှမ်းအော်လိုက်သေးသည်....
ရဲရင့်ခေါင်.. အိမ်မပိုင်ရင် ဂေါ်လီ မလုပ်နဲ့ကွ ဟားဟား...
ဟိတ်ကောင်တွေ ကြည့်လိုက် အကြတ်နေ့ ငါမသောက်တက်လဲ မင်းတို့သင်ပေး ငါသောက်မယ် ငါ့အမ ကောရင် အိမ်ပေါ်က ဆင်းမယ်...
ဘာ ဘာ ဘာပြောလိုက်တယ်. ငါ့ရှေ့ထားပြီး နင်က ဘာလုပ်ချင်တယ်...
အာ အအား နာတယ်နော်...
အေး နာအောင်ဆွဲတာ... ဘာ အိမ်ပေါ်ကဆင်မယ် သွား ပြန်မလာနဲ့ နင့်ယောက်ဖတွေစီသွား...
မသွားဘူး... အကြတ်နေ့ထိတော့ အိမ်မှာနေမယ် ပြီးမှဆင်းမယ်
အခုသွားလဲ ငါမတားပါဘူး..
မဟုတ်ဘူး အိမ်မှာနေမယ် မုန့်ဖိုးရအောင်လို့
သေလိုက် မပေးဘူး...
မပေးလဲ နေပေါ့ ဟိုဘီယာတွေ ရောင်းထားတဲ့ ပိုက်ဆံ ရှိတယ် ဗျဲ.............
ကောင်စုတ်လေ...ဟင်းးဟင်း တော်တော် အကုသိုလ်ပေးတယ်.... ကန်တော့ပါ ဘုရား ဒင်းတွေ့မယ်.......။
ရဲရင့်ခေါင်
ရွင်လန်းချမ်းမြေ့ပါစေ နှစ်သစ်ကူးမှာ အထူးပျော်ရွင်ပါစေဗျာ........။ လူငယ် တွေ ဖြစ်ပျက်ပုံကို အခြေခံရေးသား ပါသည်....။