ဒီဘလော့လေးကို စာနာခြင်းများနှင့် ဆရာတွေရဲ့တိုက်တွန်းချက်အရ တင်ဖြစ်လိုက်ပါတယ်။ ပရဟိတအလုပ်တွေကို ၀ါသနာပါပေမဲ့ အချိန်မရလို. အလေးပြု လုပ်ဆောင်နိုင်စွမ်း နည်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး တတ်နိုင်တဲ့ စာလေးနဲ့ အကျိုးပြုခဲ့ပါတယ်။ နိုင်ငံ့သားကောင်းတွေကို မွေးဖွားပေးတဲ့ မိခင်လောင်းမိဘမဲ့ အမျိုးသမီးငယ်လေးများကို စောင့်ရှောက်နေတဲ့
နေရာလေးတစ်ခုအကြောင်း ပြောချင်တာပါ။ 1993 ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ကျောင်းလေးဖြစ်ပါတယ်။ 2003 ခုနှစ်မှာအမျိုးသမီးသင်
ပညာရေးကျောင်းအဖြစ် နယ်စပ်ဒေသမှ တိုင်းရင်းသူလေးများ၊ ကျောင်းသားကျောင်းသူများနဲ့ သာသနာရေးဆိုင်ရာလူကြီးများ၊ပညာရေးဆိုင်ရာလူကြီးများက အသိအမှတ်ပြု အခမ်းအနားတစ်ရပ်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
တိုင်းရင်းသူလေး105ဦးနဲ့ရပ်ကွက်တွင်းမိဘမဲ့ကလေး125ဦး ကို စတင် စောင့်ရှောက် ပညာသင်ကြားပေးခဲ့ပြီး2004 မှာကျောင်းသား
ဦးရေများလာခဲ့ပါတယ်။ မူလတန်းပညာကို ကျောင်းမှာဆရာမ ၅ဦးငှားပြီး သင်ပေးပါတယ်။ အလယ်တန်းနဲ. အထက်တန်းပညာများကိုတော့
အစိုးရကျောင်းတွေမှာသင်ကြားစေခဲ့ပါတယ်။ပညာသင်ကြားနေတဲ့ကလေးငယ်တွေကိုလိုအပ်တဲ့ထောက်ပံ့မှု.တွေနဲ့ တာဝန်ယူစောင့်ရှောက်ပေးနေကြတဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥတ္တရဥာဏီ နဲ့ ကျောင်းအကျိုးတော်ဆောင် အဖွဲ.ရဲ့စေတနာတွေကတော့
လေးစားဖွယ်ကောင်းလှပါတယ်။ ဆရာကြီးနဲ့အတူ ပရဟိတလုပ်ငန်းများ ကူညီပံ့ပိုး နိုင်ကြပါတယ်။ ဆက်သွယ်လှူဒါန်းနိုင်တဲ့နေရာတွေကတော့
၁။ဦးတိုးမြင့်+ ဒေါ်မြင့်မြင့်ဦး ( နှစ်ဖက်လှ မဂ္ဂဇင်း)
တပင်ရွှေထီးလမ်း ၊ ဒဂုံမြို.နယ်မြောက်ပိုင်း။
ဖုန်း- ၀၉ ၅၀၇၆၈၂၃
၂။ ဦးအောင်ကြည်ညွန့် (စာရေးဆရာ)
အမှတ် ၄၀၀၊ ဇာနည် ( ၁၀) လမ်း ၊ တ/ ဥ က္ကလာ
ဖုန်း- ၀၉ ၉၉၇၀၅၆၇
၃။ ဦးအောင်ချစ်စိုး (စာရေးဆရာ)
၁၄-လမ်း ၊လသာမြို.နယ်။
ဖုန်း- ၂၄၂၇၇၅ လိုင်းခွဲ- ၂၃၃
၎။ ဦးတင်သန်း ( ကြည်တင့်နိုင်) (စာရေးဆရာ)
၁၃၄၊ ၃၅ရပ်ကွက် ၊ တပင်ရွှေထီးလမ်း၊ မ/ ဒဂုံ။
ဖုန်း- ၀၉ ၇၃၁၄၇၉၃၈ တို.ကို စေတနာေ၇ှ့ထားပြီး ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်။
ကျောင်းလေးကတော့ ရန်ကုန်မြို.တော်ကြီးရဲ့ ၁၀မြောက်ရပ်ကွက် ၊ သာကေတမြို.နယ်၊။ ၃၄ မီနီဘတ်စ်ကားဂိတ်ဆုံး မှာ
ရွှေမဉ္ဖူ အမျိုးသမီးပညာသင်ကျောင်း ဆိုတဲ့ နာမည်လေးနဲ့မွှေးပျံ့ စွာကြိုဆိုနေပါတယ်။
အမှန်တော့ တို.ကိုယ်တိုင် အဲ့ဒီနေရာလေးကို မရောက်ဖူးသေးပါဖူး။ ဒါပေမဲ့ အကျိုးဆောင်အဖွဲ့ ထဲမှာ တို.ဆရာတွေပါနေတော့
ကြားပြီး စာနာသနားမိစွာနဲ့ အဝေးက တတ်နိုင်သလောက် ပဲ လှူဒါန်းရပါတယ်။ သူငယ်ချင်းတို.လဲ အဲ့ဒီနေရာလေးကို ရောက်ခဲ့ရင်
စိတ်စေတနာ ပြည့်စုံစွာနဲ့ ကုသိုလ်တစ်ခုပြု မိနိုင်စေဖို.ရည်ရွယ်ပြီး ဒီဘလော့လေးကို တင်လိုက်ပါတယ်။
လှူခြင်းဖြင့်ရယူနိုင်ကြပါစေ။