Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဗုဒ္ဓဘာသာကိုထိန်းသိမ်းစောင့်ရှောက်ရမည်မှာတို့တာဝန်ဖြစ်ပေသည်

$
0
0

ဗုဒ္ဓဘာသာကိုထိန်းသိမ်းစောင့်ရှောက်ရမည်မှာတို့တာဝန်ဖြစ်ပေသည်

မြန်မာနိုင်ငံတွင် ကိုးကွယ်ရာ ဘာသာမျိုးစုံကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသည်။ကိုးကွယ်ရာ ဘာသာမျိုးစုံလည်း
ရှိသည်။အထူးသဖြင့် မြန်မာနိုင်ငံသားအများစုသည် ဗုဒ္ဓဘာ
သာကို အများစုံ ကိုးကွယ်ကြသည်။သို့ရာတွင် အချို့မှာဗုဒ္ဓဘာသာကို ကိုးကွယ်သော်လည်း ဗုဒ္ဓအကြောင်းကို မသိသူများလည်းရှိသည်။ဗုဒ္ဓဘာသာကိုးကွယ်သူများအနေဖြင့်
ဗုဒ္ဓအကြာင်းကို သေသေချာချာ သိထားရန် လိုအပ်ပေသည်။
ဗုဒ္ဓအကြောင်းကို မသိခြင်းမှာ ယခုခေတ်လူငယ်များသည် ငါးရာငါးဆယ်ဇတ်တော်များကို မဖတ်တော့ပဲ အချစ်ဝတ္တများ
ပာာသများကိုသာဖတ်နေကြသည်ကိုတွေ့ရ
သည်။ထိုအကြာင်းအရာမှာ ယခုခေတ်တွင် အလွန်သေးငယ်သော ပြဿနာတစ်ခုပာု ဆိုနိုင်သော်လည်း နောင်အခါတွင် ဗုဒ္ဓ္ဓဘာသာ ကွယ်ပျောက်သွားသည့်အထိဖြစ်နိုင်သည်ကို သတိပြုသင့်ပါသည်။ထိုကြောင့် ယခုခေတ် လူငယ်များ အနေဖြင့် ဗုဒ္ဓဘာသာကိုမပျောက်ပျက်အောင် ထိန်းသိမ်းရန်အတွက် ဗုဒ္ဓအကြောင်းစာပေများကို ဖတ်သင့်သည်ပာု ထင်မြင်မိပါသည်။ထိုပြင် ယခုခေတ်လူငယ်အချို့တို့သည် ပါးစပ်မှသာလျှင် ဗုဒ္ဓဘာသာပာုပြောသော်လည်း လည်ပင်းတွင်မူ ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ချိတ်ဆွဲသော လက်ဝါးကပ်တိုင်များ ဖြစ်နေသည်ကို တွေ့ရသည်။ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျက်နဲ့သူများဘာသာ၏ အထိမ်းအမှတ်ကို အလှဆင်ချိတ်ဆွဲထားသည်ကိုမြင်ရသည်မှာ
အလွန်ရင်နာဖွယ်ကောင်းလှပါသည်။အမှန်တကယ်ဗုဒ္ဓဘာသာဆိုပါကလည်ပင်းတွင်ဗုဒ္ဓပုံတော်များ ပရိတ်ကြိုးများ ချိတ်ဆွဲ ရမည်ဖြစ်သည်။သို့မှသာဗုဒ္ဓဘာသာဝင်ပီသပေလိမ်မည်။ယခုခေတ်လူငယ်များက အမူမဲ့အမှတ်မဲ့ဖြင့် လည်ပင်းတွင် လက်ဝါးကပ်တိုင်ပုံကို ဆွဲလိုက်ခြင်းဖြင့် နောက်အနာဂတ်လူငယ်များလက်ထက်တွင် ဘုရားပုံတော်ကိုပင် ဆွဲရမည်ကိုမသိတော့ပဲ ခရစ်ယာန်ဘာသာဝင်တို့၏ အထိမ်းအမှတ်လက်ဝါးကပ်တိုင်ကို
သာဆွဲနေကြပြီးဗုဒ္ဓဘာသာကြီးလည်းကွယ်ပျောက်ပေလိမ်မည်။
ယခုမျက်မှောက်ခေတ်တွင် သေးဝါးသော ကိစ္စဖြစ်သော်ငြားလည်းနောင်တစ်ချိန်တွင် ဗုဒ္ဓဘာသာကိုကွယ်
ပျောက်စေသည့်အထိ ဖြစ်သွားနိုင်သည်ကို သိရှိရမည် ဖြစ်သည်။စဉ်းစားတွေးတောကြည့်လျှင် တကယ်ဖြစ်နိုင်သည်ကို
တွေ့ရပါသည်။အမူမဲ့အမှတ်မဲ့နေရ်ျသာမသိခြင်းဖြစ်ပါသည်။
ယခုအခါဝါဆိုလပြည့်နေ့ကို ရောက်လာပေတော့မည်။ဝါဆိုလ
ပြည့်နေ့ကား ကျွန်တော်တို့မြန်မာလူမျိုးများ အထူးသဖြင့် ဗုဒ္ဓ
ဘာသာဝင်များ အထွတ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပါသည်။
ထိုနေ့တွင် ရပာန်းသံဃာတော်များကို ၀ါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းကာ ကုသိုလ်ယူကြသည်။ထိုကုသိုလ်ကောင်းမှူများသည်ဗုဒ္ဓဘာသာဝင်တိုင်း ပြုလုပ်သင့်သော ကုသိုလ်ပြုပွဲတော်ကြီးလည်း ဖြစ်ပါသည်။ဝါဆိုလပြည့်နေ့တွင် ငါးပါးသီလစောင့်တည်ခြင်း ရှစ်
ပါးသီလစောင့်တည်ခြင်း ဥပုသ်စောင့်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် နောင်သံသရာတွင် ကောင်းသော ဘုံဘ၀တွင် ကျင်လည်ပြီးနောက် မြတ်သောနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ပာု ဗုဒ္ဓမြတ်စွာဘုရား
ပြောကြားခဲ့ဖူးသည်ပာု စာပေ ကျမ်းဂန်များတွင် တွေ့ရပါသည်။
ထိုသို့နှစ်စဉ်နှစ်တိုင်းဝါဆိုလပြည့်နေ့ကို ကျင်းပခြင်းဖြင့် ဗုဒ္ဓဘာသာကို မပျောက်ပျက်အောင် ထိန်းသိမ်းရာရောက်ပါသည်။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်ရန် လှုံဆော်ရ်ျဝါဆိုလပြည့်နေ့တွင် မမေ့မလျော့ပဲ ဥပုသ်သီလစောင့်တည်ကြရန် အသိပေးနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။။။။။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>