Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမျိုးသားယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ရန်

$
0
0

ယဉ်ကျေးမှုအစစ်သည်လူအနှစ်အမြူတေရတနာပင်ဖြစ်သည်။ပထ၀ီအနေအထားကိုလည်းကောင်း၊

လူနေမှုစနစ်ဓလေ့စရိုက်ကိုလည်းကောင်း၊ဆင်ယင်ထုံးဖွဲ့မှုကိုလည်းကောင်း၊ပန်းချီ၊ပန်းပု၊

အဆို၊အတီး၊အကတို့ကိုလည်းကောင်း၊ကိုးကွယ်ရာဘာသာအယူအဆကိုလည်းကောင်း၊

အရေးအသားအတွေးအခေါ်စသည့်တို့ကိုလည်းကောင်းမှီတွယ်၍ယဉ်ကျေးမှုသဘောတရားများ

ဖြစ်ပေါ်လေ့ရှိသည်။ကျွန်တော်တို့သည်ဘေးဘိုးစဉ်ဆက်၏အဖိုးထိုက်အဖိုးတန်အမွှေအနှစ်ဖြစ်သော

ယဉ်ကျေးမှုအစစ်ကိုမပျောက်ပျက်၊မတိမ်ကောရလေအောင်စောင့်ရှောက်ထိန်းသိမ်းရန်ယခုအခါတွင်

အထူးလိုအပ်လာပါပြီ။အဘယ်ကြောင့်ဆိုသော်နိုင်ငံခြားယဉ်ကျေးမှုများသည်ပြည်ထောင်စုမြန်မာနိုင်

ငံတော်အမျိုးသားယဉ်ကျေးမှုထဲသို့ထိုးဖောက်ဝင်ရောက်လွမ်းမိုးလာသည်ကိုတွေ့ရသည်။တစ်ခါတစ

်ရံနိုင်ငံခြားယဉ်ကျေးမှုနှင့်အမျိုးသားယဉ်ကျေးမှုတို့မှာရောထွေးကာမတော်မရော်ဖြစ်နေသည်

ကိုတွေ့ရသည်။ဤအခြေအနေသည်မျက်မှောက်နှင့်အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်

အတွက်အနည်းငယ်မျှစိတ်ချမ်းမြေ့ဖွယ်မဟုတ်၊ရင်လေးဖွယ်သာဖြစ်ပါသည်။အမျိုးသားယဉ်

ကျေးမှုသည်တစ်နေ့ထက်တစ်နေ့နိမ့်ပါးပျောက်ကွယ်ပျက်သုဉ်းသွားမည်ကိုစိုးရိမ်ရပါသည်။

အကယ်၍ယဉ်ကျေးမှုနိမ့်ပါးကျဆင်းပျောက်ကွယ်သွားလျှင်တိုင်းပြည်နှင့်လူမျိုးသည်လည်းနိမ့်

ပါးကျဆင်းပျောက်ကွယ်သွားမည်ဖြစ်သည်။ထို့ကြောင့်လက်ရှိယဉ်ကျေးမှုမတိမ်ကောမပျောက်

ပျက်ရလေအောင်ထိန်းသိမ်းရေးကိုပြုလုပ်ဆောင်ရွက်သင့်ကြောင်း၊အထူးအလေးမှုကြိုးစား

ဆောင်ရွက်သင့်ကြောင်းအသိပေးနှိုးဆော်လိုက်ရပါသည်။

ထိုယဉ်ကျေးမှုများတွင်ကျွန်တော်တို့အဖို့ကောင်းသည်လည်းရှိမည်။

မကောင်းသည်လည်းရှိမည်။အကယ်၍ကောင်းသည်ဟုပင်ဆိုရစေကာမူကျွန်တော်တို့

အမျိုးသားယဉ်ကျေးမှုပုံစံသို့ပြောင်းလဲ၍ယူရန်လိုအပ်ပါသည်။အမျိုးသားစိတ်ဓါတ်ဆုတ်ယုတ်

ကျဆင်းစေသော၊အမေကျော်ဒွေးတော်လွမ်းစေသောယဉ်ကျေးမှုမျိုးကားမည်သို့မျှလက်မခံ

သင့်ကြောင်းသိရှိစေရန်ဖော်ပြလိုက်ရပါတော့သည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>