ချစ်တဲ့ ကောင်မလေးရေးးးးးးးးးးးးးးးးးးးးးးးး
♥ ကိုယ့်နှုတ်ခမ်းတစုံကို ဖွဖွ လေးကိုက်ထားနိုင်တဲ့အချိန်က ဘ၀ကိုကြည်နူးစွာကြည့်နေတဲ့အချိန်ပါ......
♥ ကျနော် အတွက် တော့ သူမရယ်မော နေတဲ့အချိန်က အပျော်ရွှင်ဆုံးပါဘဲ.....
♥ စွန့်လွှတ်ရတာတွေ များလာတော့ လဲ ပိုင်ဆိုင်ရမှာကိုတောင် အလိုလို ကြောက်မိ လာပြီ..
♥ သူမနဲ့ပတ်သတ်ပြီး တခါတခါ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်မိတော့ အချစ်ကြီးချစ်ပြီး ချစ်ရှုံးသမား ဖြစ်ခဲ့ရတဲ့ ရာဇ၀င်ထဲက မင်းဒဏ်ဿ နေရာကို လုဖို့ ကြိုးစားနေသလိုပါပဲ....
♥ ကောင်မလေးရေ... အထီးကျန်ခြင်းတွေ ၊ လွမ်းဆွတ်ခြင်းဆိုတာတွေက မင်းနဲ့တွေ့ပြီးမှ ငါရရှိခဲ့တဲ့အရာတွေ ပေါ့.....
♥ ဘယ်သူတွေ ဘယ်လိုပြောပြောဗျာ..!!! ကျနော်မှာ သူမအတွက် ရွယ်ချယ်စရာလမ်း နှစ်ခုဘဲရှိတယ်...သူမကို အရမ်းချစ်တယ် ၊ဒီထက်ပိုသော ချစ်ခြင်းတွေ နဲ့ချစ်တယ်......
♥ ကျနော်ရဲ့ ဘောပင်(ဖောင်တိန်) တချောင်းနဲ့ စာရွက်တရွက်တို့ ဆုံမိတိုင်း ပထဆုံးရေးမိတာက သူမနာမည်ပါ...
♥ ဖြစ်နိုင်ရင် အလုပ်(၂) ခုလုပ်နေတဲ့ ကျနော်နှလုံးသားကို အပြစ်ပေးချင်တယ်....။ ကျနော်နှလုံးသားက အချစ်တွေကိုလည်း ခံစား သလို အလွမ်းတွေကိုလည်း သယ်ဆောင်လာတယ်လေ........
♥ ကျနော် သူမ ကို ပေးဆပ်နိုင်တာတွေ အားလုံးပေးဆပ်ထားပါတယ်.....တခုကလွှဲလို့ပေါ့....။ ကျနော် သူမအတွက်နဲ့ ရူးးမတတ် ခံစားနေရတာတွေကိုတော့ တိမ်ချန်ထားပါရစေ...
♥ သူမကို ကျနော် ဘယ်လောက် ချစ်တယ် ဆိုတာ ကျနော် ဖွဲ့ဆိုမပြတတ်ပေမယ့်....ညနေတိုင်း အောက်ချင်းငှက် လေးတွေက ကျနော် ကို အလေးလာပြုတယ်.. သူတို့တွေထက် ကျနော် က ပိုချစ်တတ်လို့တဲ့.....
♥ ကျနော် အကြောက်ဆုံးအရာ တခုရှိတယ်... ကျနော်ရင်ထဲကို သူမမျက်စိလည်ပြီး ၀င်ကြည့်မိတဲ့အချိန်မှာ သူမပေးခဲ့ဒဏ်ရာဗလပွနဲ့ မျော့မျော့လေးကျန်နေခဲ့တဲ့ ဘယ်ဘက်ပုခုံးအောက်က နှလုံးသား တခုကို သူမ မြင်သွားမှာကိုပဲ.....။
♥ ဖြစ်နိုင်ခဲ့မယ်ဆိုရင် သူမအမြဲတမ်း ကြည့်နေတဲ့ ပြဒါးသုတ်ထားတဲ့ မှန်လေး တချပ်ဖြစ်ချင်ပါတယ်...အဲဒီမှန်လေးက သူမကို ဘယ်လို ၀တ်ဆင်ရင်လှတယ် မလှဘူးဆို တာ အမြဲတမ်းပြောပြနေလို့လေ...