နှစ်သစ်အကူး လတခူးမို့
အတာကြူနိုင်စေ ငယ်လေးရေ.
ရေလိုအေး၍ ပန်းလိုမွှေးစေ
လတခူးနဲ့ တောင်းဆုပြုပေ
ရွှေရောင်ခြယ်သ မြန်ပြည်လောက
လှရောင် ဖော်ကြူး ... တခူးလမှ
ရွှေပိတောက်ဖူးအား... ချစ်ဆုံးကေသာမှာ ...
ပန်ဆင်ကာ အလှဖော်ပါလေ...
ရွှေ ငွေ ဆင်မြန်း ... ပိတောက်ပန်းမျှ
မလန်းနိုင်တဲ့ သင်္ကြန်မှာ
ကိုကို့ အချစ်ဆုံးလေး ... သင်္ကြန်ပန်းနဲ့
အလှပန်းကို ဆွတ်ခူးနိုင်ပါစေ..
နှစ်သစ်လိုပဲ .. စိတ်သစ် ကိုယ်သစ်
အချစ်အသစ်တွေနဲ့
ချစ်တဲ့သူကို ချစ်နိုင်ပါစေ..
နှစ်သစ်လိုပဲ ... အိပ်မက်အသစ်
မျှော်လင့်ချက် အသစ်
အနာဂတ် အသစ်တွေ ရနိုင်ပါစေ...
ပင်ပန်းသမျှ မောပန်းသမျှ
ဟောင်းဖြစ် ညစ်ညမ်း ကောင်းမှူအဝအဝ
ဘဝလမ်းမှ...အရာခပ်သိမ်း
အေးငြိမ်းစေကြောင်း...သင်္ကြန်ရေလောင်း၍
ဆေးကြောပါလေ....
သင်္ကြန်တခဏ ပြုသမျှတောင်းဆု
ပြည့်မယ်ဆိုလျှင်... ကိုကို အချစ်ဆုံးလေးရေ့
စိတ်၏ချမ်းသားခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျနိုင်စေလို့
ဆုတောင်းရင်း....
ငယ်လေးကို ချစ်တဲ့