Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နိုင်ငံတော်၏ ရန်သူကို ရှာဖွေခြင်း.....

$
0
0

 

                         နိုင်ငံတော်... ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ပြောင်းလဲ မှုများအကြောင်းကို စဉ်းစားမိပါသည်..

နိုင်ငံတော်အကြီးအကဲများ ဘာလုပ်နေသနည်း... သူတို့ကို ဘယ်သူတွေ ထောက်ခံနေသနည်း၊ ဘယ်သူတွေ နှောင့်ယှက်နေသနည်းဟု။

                          နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် မရင်းနှီးသဖြင့် သေချာစွာ မသိပါ၊ အပြင်ပန်း ပြည်သူတစ်ဦးအနေဖြင့်တော့..စဉ်းစားစရာ

လေးတွေ ရှိခဲ့ပါသည်။

နိုင်ငံတော်သမ္မတ

 

                         နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်ကြီး(ငြိမ်း)တစ်ဦး ဖြစ်ပါသည်..  ယခင် အစိုးရ လက်ထက်တွင် နံပါတ်(၃)

ခေါင်းဆောင်... နိုင်ငံတော် ၀န်ကြီးချုပ်..... အစိုးရ အသစ်တက်လာသော အခါ နိုင်ငံတော် သမ္မတ... ယခင်အစိုးရ လက်ထက်ကလဲ အစိုး

ရအဖွဲ့၏ ခေါင်းဆောင်၊ ယခုအစိုးရလက်ထက်တွင်လည်း အစိုးရအဖွဲ့၏ ခေါင်းဆောင်၊ သို့သော် ယခုနံပါတ်(၁)ခေါင်းဆောင်ဖြစ်လာသည်။

                         သမ္မတဦးသိန်းစိန်သည်တည်ဆဲဥပဒေအ၀န်းအ၀ိုင်းအတွင်းမှလုပ်ချင်ရာကိုဖြစ်အောင်လုပ်ခဲ့သည်၊ပြည်သူများ၏အသံ

ကို သေချာစွာ နားထောင်သည်.. သူက သိလဲ သိနေခဲ့သည်လေ... ယခင်ကလည်း အစိုးရအဖွဲ့၏ ခေါင်းဆောင်ပေပဲကိုး... သူ လုပ်ချင်ရာ

လုပ်ရာတွင် နိုင်ငံတော်နှင့် ပြည်သူများ အတွက် လိုအပ်သည်များသာ ဖြစ်ခဲ့သည်။   နံပါတ်(၃) ခေါင်းဆောင်ဘ၀က လုပ်သင့်သည်များကို

ကြိုတင် တွေးတော၍ တွေ့မြင် ပြင်ဆင်ခဲ့ဟန်တူပါသည်.....။

 

                         သမ္မတဖြစ်ဖြစ်ချင်းမဏ္ဍိုင်(၅)ခုကိုဗဟိုပြုမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏မိသားစုဆွေမျိုးများမသမာမှုနှင့်

စီးပွါးရေးဆိုင်ရာ လက်ဝါးကြီးအုပ်မှုများကို ခွင့်မပြုကြောင်း အတိအလင်းကြေငြာခဲ့သည်.. ဦးသိန်းစိန်သည် ယခင်က ဗိုလ်ချုပ်ကြီးတစ်ဦး

ဖြစ်ခဲ့ပါသည်။ သို့သော်.... နိုင်ငံရေးပုံရိပ်ကင်းခဲ့သည်၊ မသမာမှုများ ကင်းခဲ့သည်၊ အာဏာရှင်ဆန်သော အပြုအမူများ ကင်းခဲ့သည်။

                          နိုင်ငံတော် သမ္မတဖြစ်သော တစ်နှစ်အတွင်း တစ်ကြိမ်တစ်ခါမျှ မရှိခဲ့သော... မလုပ်နိုင်ခဲ့သော အလုပ်များကို တရစပ်

စိတ်ရှိတိုင်း လုပ်ပစ်ခဲ့သည်.... ပြည်သူတစ်ဦးအနေဖြင့် ကျေနပ် လက်ခံ နိုင်သော တစ်နည်းအားဖြင့် ကန့်ကွက်ရန် မရှိသော ပုဂ္ဂိုလ်တစ်ဦး

ဖြစ်ကြောင်း  မြင်တွေ့ရပါသည်။

                          တရားမ၀င်ကြေငြာထားဆဲ NLD ပါတီ ခေါင်းဆောင်၊ တစ်နည်းအားဖြင့် ပြည်သူများ  မျှော်လင့်နေသော ခေတ်ပညာ

တတ်... နိုင်ငံရေးအမြင်ကြွယ်ဝသူ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်သို့ သမ္မတ၏ ဧည့်သည်တော် အဖြစ်ဘိတ်ကြားခဲ့သည်.......

သီးသန့်တွေ့ဆုံခဲ့သည်........ ထို့နောက် နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အကျဉ်းသား အများအပြားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့

သည်။ အားလုံးပျော်ရွှင်ကြပါသည်......

                            ယခင် ကန့်သတ်ချက်များကို အတိအလင်း ဖွင့်ချပေးခဲ့သည်၊ ဥပမာ.... ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ ချိတ်ဆွဲခြင်းနှင့်

( ၅- ည ) ကဲ့သို့ ဥပဒေများ သက်ရောက်မှု မရှိစေခြင်း။

                            ထို့နောက်...... နိုင်ငံတကာနှင့် ဆက်ဆံရေး အခြေအနေ.. စီးပွါးရေး ပိတ်ဆို့ထားမှု ဖွင့်လှစ်ပေးရန် တောင်းဆိုခြင်း

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ဆွေးနွေးစေခြင်း....စသည့် ပြောင်းလဲမှုများကို ဆောင်ရွက်

လာနိုင်ခဲ့ပါသည် ......... ဒါက ကြား သိရသမျှ သမ္မတအကြောင်း.......

ဒေါ်အောင်ဆန်းစုကြည်

                             နောက်တစ်ဦး ဒေါ်အောင်ဆန်းစုကြည်......  အများ သိပြီး ဖြစ်သည့်အတိုင်း   ပြည်သူများ၏ မျှော်လင့်ချက်.... မျိုး

ရိုးနှင့် နိုင်ငံအကျိုးအတွက် အသက်ပေးခဲ့သူ...... ခေတ်ပညာတတ်၊ နိုင်ငံတကာ အသိအမှတ်ပြု လူထု ခေါင်းဆောင်....... နှစ်ရှည် အချုပ်

အနှောင်ခံ၍ နိုင်ငံရေးအတွက် ရှင်သန် ရပ်တည်ခဲ့သူ......မဆုပ်မနစ် ကြိုးပမ်းနေခဲ့သူ.......။

                             ရာသီများ ပြောင်းလဲနေသကဲ့သို့ နေ့ရက်များလဲ ပြောင်းလဲ နေပါသည်........ ယခု ဒေါ်အောင်ဆန်းစုကြည်၏ NLD

ပါတီသည်...... ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ...... ပြည်သူများ၏ ဆန္ဒနှင့်အညီ..... ရာနှုန်းပြည့်နီးပါး အောင်မြင်ခဲ့ပါပြီ...။

                            ယခင်က မထင်မရှားပုံရိပ်များ အစား သိသာ ထင်ရှားသော ပုံရိပ်များအဖြစ် ပေါ်ထွန်းခဲ့ပြီ ဖြစ်ပါသည်. နိုင်ငံတော်၏

ဦးဆောင်မှု အပိုင်းတွင် ပါဝင် ဆောင်ရွက်ပါတော့မည်......

                             မတူညီသော  အခြေအနေများနှင့်မတူညီသောအချိန်အခါများသည် မတူညီသောပြောင်းလဲမှုများကိုအမှန်တကယ်

ဖြစ်ပေါ်စေတော့မည် ဖြစ်ပါသည်........ အချိန်အခါတော့ စောင့်ရဦးမည်သာ...... ယခုရေတွင်းတူးနေသည်..... မကြာမှီ ရေကြည်သောက်

ရပါတော့မည်..... အနှောင့်အယှက်မပေးပဲ ခဏလေးစောင့်ရန်သာ လိုအပ်ပါသည်......။

                             အမှန်တကယ်တွင် နောက်တစ်ကြိမ် ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့် ပါတီခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံးသည် နိုင်ငံရေး လောကထဲတွင် ရှိနိုင်တော့မည် မဟုတ်ပါ.....။

                             ဤသို့ ဆိုလျှင် ယခု သူတို့ နှစ်ဦး ပူးပေါင်း၍ ဆောင်ရွက်သင့်သည်များကို ချက်ချင်းဆောင်ရွက်နိုင်ပါက ချက်ချင်း

ဆောင်ရွက်ပါမည်..... အချိန်ယူရမည်ဆိုပါက မည်သည့်လမ်းကြောင်းမှ မည်သို့ သွားသင့်ကြောင်းကို တိုင်ပင် ဆွေးနွေး၍ လမ်းသစ်များ

ချမှတ်ပေးခဲ့ကြပါလိမ့်မည်.....  အခြေအနေနှင့် အချိန်အခါအရ အနည်းငယ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များအား   နောက်မျိုးဆက်

များကပြုပြင်၍ သူတို့ နှစ်ဦး ဖောက်ပေးခဲ့မည့် လမ်းများအား ကောင်းမွန်စွာ လျှောက်လှမ်းသွားရန်သာ လိုအပ်ပါတော့သည်.....။

                             နိုင်ငံရေးနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်မှာ...... ဝေဖန်ရေးနှင့် သတင်းအပိုင်းအစများသာ ဖြစ်ပါ

သည်.. အချို့သော သတင်းများသည် မှန်ကန်ပါသည်။ အချို့သော သတင်းများသည် အနည်းငယ် မှန်ပါသည်.... အချို့အချို့သော သတင်း

များသည် လုံးဝ မမှန်ပါ...... အထူးသဖြင့် မှန်းဆချက်များသည် ပြည်သူများ၏ အာရုံကို မွှေနှောက်၍ စိုးရိမ်မကင်းခြင်းများကို ဖြစ်ပေါ်စေ

ပါသည်။

                              ရှေ့သို့ ချီတက်ရန် ပြင်ဆင်နေသော လူကြီးများအား  အနောက်မှ ကြိုးကွင်းဖြင့်  ပစ်သွင်းခြင်းကို ရှောင်ရှားရမည်

ဖြစ်ပါသည်.... ရှေ့သို့ လှမ်းနေသော ခြေလှမ်းအား ဆွဲမထားသင့်ပါ..... နားလည်ပေးရန်လိုပါသည်။

                             အမှန်တကယ်    တိုင်းပြည်  တိုးတက်စေချင်လျှင် တိုင်းပြည်အတွက်  စေတနာထားသော  ခေါင်းဆောင်နှစ်ဦး၏

လမ်းစဉ်အတိုင်း လိုက်နာ လုပ်ဆောင်ရန်သာ ဖြစ်ပါသည်။  မဖြစ်မနေ လိုက်ပါရမည်ဖြစ်ပါသည်......  အကယ်၍  သူတို့ လမ်းစဉ်အတိုင်း

မလိုက်ပါလိုသူသည်.... တိုင်းပြည်အပေါ်တွင် စေတနာ မထားသူ... အနာဂတ်နိုင်ငံတော်ကို ဖျက်ဆီးလိုသူ..... နိုင်ငံတော်၏ ရန်သူ အစစ်

ဖြစ်ကြောင်း သတ်မှတ်ရမည်ဟု တွေးရင်.........

                              သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော် ၏  အကျိုးအတွက် စိတ်ကျေနပ်သည့်တိုင် စီမံနိုင်ကြပါစေ

ကြောင်း ဆုတောင်းအပ်ပါသည်.......။

 

                         

                        

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>