Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles

သီချင်းတွေ ရေးနေ ၊ ဆိုနေရရင် ပျော်ပါတယ်ဆိုတဲ့ တေးသံရှင် သော်ဇင် နှင့် တွေ့ ဆုံချိန်တဒင်္ဂ

$
0
0

မင်္ဂလာပါပရိသတ်များခင်ဗျာ ။ ဒီနေ့ ကျွန်တော်တင်ပြပေးမယ့် အင်တာဗျူးလေးကတော့ လတ်တလော အွန်လိုင်းပရိသတ်တွေရဲ့ ကြားထဲမှာရေပန်းစားနေတဲ့ အဆိုတော်သော်ဇင်ပဲ ဖြစ်ပါတယ်ခင်ဗျာ ။

အိမ်ပြန်ချင်တယ် ၊ ပေးဆပ်ခြင်း (သို့ မဟုတ်) စွန့် လွှတ်ခြင်း ၊ အလွမ်းသင့်ခဲ့သူ ၊ လွမ်းလို့  ၊ ချယ်ရီခရီး စတဲ့ စတဲ့ သီချင်းကောင်းလေးတွေနဲ့  ပရိသတ်ရဲ့ ရင်ထဲကိုနေရာဝင်ယူခဲ့တဲ့ အပြင် တေးရေး တစ်ယောက် အနေနဲ့ လဲ ခိုင်မာတဲ့ နေရာတစ်နေရာကို ယူထားတဲ့ တေးရေး တေးဆို သော်ဇင် နဲ့  တွေ့ ဆုံချိန်လေးမှာ မေးမြန်းမိခဲ့တာလေးကတော့ ………………….

***    မင်္ဂလာပါညီလေးသော်ဇင်ရေ….

^^^    ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ

***    အွန်လိုင်းပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ညီလေးရဲ့ တေးရေး တစ်ယောက်ဘ၀နဲ့  တေးဆိုဖြစ်ခဲ့ပုံလေးကို အကိုတို့ ဆွေးနွေးကြည့်ကြမယ်နော်

^^^    ဟုတ် ရပါတယ်ဗျာ ဆွေးနွေးပါ

***    ညီလေးက ဒီအနုပညာလောကထဲကို တေးရေးတစ်ယောက်အနေနဲ့  ၀င်ရောက်ဖြစ်ခဲ့တယ်လို့  အကိုအင်တာဗျူးတစ်ခုမှာ ဖတ်လိုက်ရတယ်နော် ….. အဲ့ဒါလေးကို ထပ်ပြီးရှင်းပြပေးလို့ ရမလား

^^^    ဟုတ်ပါတယ် ကျွန်တော်ဒီအနုပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်တာက ၀ါသနာအရလို့ ပြောရမလားပဲ … တေးရေးတစ်ယောက်အနေနဲ့ ပဲ ၂၀၀၄ က စတင်ဝင်ရောက်ခဲ့ပါတယ်

***    ၂၀၀၄ ကဆိုတော့ ညီလေးအင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာက ၂၀၀၉ တုန်းကလို့ သိရတယ်နော် အဲ့ဒါလေးကိုကော တစ်စိတ်လောက်ရှင်းပြပေးလို့ ရမလားညီ….

^^^    ဟုတ်ကဲ့ ကျွန်တော့်ကိုအဲ့ဒီတုန်းကမေးတာက သီချင်းကိုဘယ်တုန်းကစဆိုတာလဲလို့ မေးခဲ့တာပါ ကျွန်တော်သီချင်းစဆိုဖြစ်ခဲ့တာက ၂၀၀၉ မှပါ သီချင်းရေးလာခဲ့တာ ၂၀၀၄တုန်းကပါ

***    ဟုတ်ပါပြီ ညီ … ညီက သီချင်းရေးတာနဲ့  ဆိုတာမှာ ဘယ်ဟာကို ပိုဝါသနာပါသလဲညီ …

^^^    ဟုတ် ကျွန်တော်က တေးရေးတစ်ယောက်အနေနဲ့  ဒီလောကထဲကိုဝင်ရောက်ဖြစ်ခဲ့တာ ရေးတဲ့အပိုင်းကိုပဲ ပိုဝါသနာပါလို့ ပါ ပွင့်ပွင့်လင်းလင်း မရှက်တမ်းပြောရရင်တော့ ဆိုရမှာကို ၀န်လေးမိတယ် ကျွန်တော့်

            အသံက မကောင်းလို့ ပါ ။ (ရယ်လျက်)

***    ညီ…သီချင်းစရေးခဲ့တာ ၂၀၀၄ တုန်းကဆိုတော့ ဘယ်သီချင်းလေးများဖြစ်မလဲညီ….

^^^    ကျွန်တော်ပထမဆုံး စရေးဖြစ်ခဲ့တဲ့သီချင်းက ပထမဆုံးရေးခဲ့တဲ့သီချင်းဆိုတာက အဆိုတော်တစ်ဦးနဲ့ အသံစသွင်းဖြစ်ခဲ့တဲ့သီချင်းလေးပေါ့ အဲ့ဒီသီချင်းလေးက “ဒဏ္ဍာရီထဲက…မ” သီချင်းလေး ဖြစ်ပါတယ်

***    သြော်….အဲ့ဒီသီချင်းလေးလား “ဒဏ္ဍာရီထဲက…မ” သီချင်းလေးက ကြားဖူးတာတော့အတော်ကြာပြီညီ အကိုစကြားဖူးတာက ၂၀၀၆ လောက်ကဖြစ်မယ်ညီ အဲ့ဒီသီချင်းလေးက လူငယ်တွေကြားထဲမှာ ရေပန်းစား

          သွားသေးတယ်နော် ……

^^^            အကိုကအဲ့ဒီသီချင်းကိုသိတယ်ပေါ့ ကျေးဇူးပါဗျာ မှတ်မိနေတဲ့အတွက် အဲ့ဒီသီချင်းက ကျွန်တော် ၇ တန်းအရွယ်တုန်းက စရေးဖြစ်ခဲ့တဲ့သီချင်းလေးပါ ။

***    ရပါတယ်ညီ… ဒါနဲ့  ညီက တေးရေးတစ်ယောက်အဖြစ်ကနေ တေးဆိုတဲ့ဘက်ကိုပြောင်းလိုက်တော့ ကိုယ်တိုင်ရေးဖြစ်တဲ့သီချင်းကိုဆိုဖြစ်လား ဒါမှမဟုတ်သူများသီချင်းတွေကိုကောဆိုဖြစ်လား

^^^    အဓိကကတော့ ကျွန်တော်ကိုယ်တိုင်ရေးတဲ့သီချင်းတွေကိုပဲဆိုဖြစ်ပါတယ် တချို့ သီချင်းတွေကိုလဲ ခံစားချက်ချင်းတူရင်ဆိုဖြစ်ပါတယ်

***    ခုအနုပညာလောကမှာက လူငယ်အဆိုတော်လေးတွေ တော်တော်များများရှိလာပြီနော် အဲ့ဒီအတွက်ညီ့အနေနဲ့ ဘယ်လိုမြင်လဲ

^^^    ဒီမေးခွန်းလေးကလဲ အရင်တုန်းကအင်တာဗျူးတစ်ခုမှာ ကျွန်တော်ဖြေခဲ့ဖူးပါတယ် ဆင်တူမေးခွန်းလေးပေါ့ ကျွန်တော်တို့ ဒီအနုပညာအသိုင်းအ၀ိုင်းမှာ လူငယ်အဆိုတော်လေးတွေ တော်တော်များများ

            ပေါများလာပါတယ် ။ ကျွန်တော့်ရဲ့အမြင်ကတော့ ကောင်းပါတယ်လို့ ပဲပြောရမှာပါပဲ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ တွေက တစ်ယောက်နဲ့ တစ်ယောက်ခံယူချက်ချင်းမတူညီကြပေမယ့် ၀ါသနာတွေက

            တော့တူတယ်လို့ ပြောရမယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဂီတပိုးမရှိဘဲနဲ့ တော့ ဒီအဆင့်ထိကိုရောက်လာမှာမဟုတ်ပါဘူး အဲ့ဒီတော့ ကျွန်တော်တို့ က စီနီယာတေးသံရှင်တွေကို အတုယူပြီးတော့ ဂျူနီယာတေးသံရှင်

            တွေကို ကူညီဖေးမရမယ်လို့ ထင်ပါတယ် ။ (ဒါကတော့ ကျွန်တော့်အထင်နဲ့ အမြင်ပေါ့နော်)

***    ညီလေးဖြေသွားတာ တော်တော်လေးကိုပြည့်စုံပါတယ် အကိုနောက်တစ်ခုသိချင်တာက ခုလိုဒီအချိန်ထိ ပရိသတ်ရဲ့အားပေးလက်ခံမှုကို ရယူဖို့ ညီ့အနေနဲ့ ဘယ်လိုတွေများကြိုးစားခဲ့ရပါသလဲ

^^^    ကျွန်တော်တို့ မြန်မာပြည်က အနုပညာလောကမှာကတော့ အရှုပ်အထွေးအများဆုံးပါပဲ နေရာတစ်နေရာစာရဖို့ အရေးကို ဟိုးအောက်ခြေဆုံးကနေစပြီးတော့ ကြိုးစားခဲ့ရပါတယ် ဒါကငွေလမ်းခင်းပြီးတော့

            လိုက်တာကို ကျွန်တော်မဆိုလိုဘူးနော် …. ကိုယ့်ဒူးကိုယ်ချွန်ပြီးတော့ အောက်ခြေကနေစပြီး ကြိုးစားခဲ့ရတဲ့သူတွေကတော့ ဟိုးအမြင့်ဆုံးကိုရောက်တဲ့အခါ နောင်တစ်ချိန်ကိုယ့်လိုမျိုးလူငယ်လေးတွေကို

 တွေ့ တဲ့အခါ ကိုယ်ချင်းစာတတ်လာတယ် ။ ပရိသတ်ရဲ့အားပေးလက်ခံမှု လက်မခံမှုဆိုတာက ကိုယ့်ရဲ့အရည်အချင်းနဲ့ ဆိုင်ပါတယ် နောက်ပြီးတော့ စန်းပေါ့ စန်းထနေတဲ့သူတစ်ယောက်ဟာ   သူအောင်မြင် သင့်တဲ့အချိန်ကျရင်

            ဘယ်လိုအတားအဆီးတွေပဲရှိရှိ အောင်မြင်မှာပါပဲ ဒါကကျွန်တော်တို့ ဗုဒ္ဓဘာသာတွေရဲ့ အယူအဆအရပေါ့နော် ထူးထူးခြားခြားကြီးလုပ်လိုက်တယ်ရယ်လို့ ကျွန်တော့်မှာမရှိပါဘူး ကိုယ့်ခံစားချက်နဲ့ ပရိသတ်ရဲ့

            ခံစားချက်လေးတွေကိုက်ညီမှုရှိရင် အဲ့ဒီသီချင်းလေးကပေါက်သွားတာပါပဲ ဒီလိုပဲကျွန်တော်မြင်ပါတယ် ကျွန်တော်ကလဲ အောက်ခြေအဆင့်ကနေ အထုအထောင်းခံ အကျော်အခွခံပြီး တဖြည်းဖြည်းချင်းကြိုးစား

           လာခဲ့ရတာပါ ။

***    ဟုတ်ပါပြီ ကြိုးစားခဲ့သမျှက ခုချိန်မှာ နေရာတစ်နေရာစာ ရရှိခဲ့တယ်ဆိုတော့ ညီ့ရဲ့စိတ်ထဲမှာ ဘယ်လိုခံစားမိသလဲ

^^^    ဘယ်လိုပြောရမလဲဗျ ပျော်ပါတယ်လို့ ပဲပြောရမှာပါပဲ ခုနကကျွန်တော်ပြောခဲ့သလိုပေါ့ အောက်ခြေအဆင့်ကနေ အထုအထောင်းခံ အကျော်အခွခံပြီး ကြိုးစားယူလာခဲ့ရတယ်ဆိုတော့ ရရှိလာတဲ့အောင်မြင်မှုက

            လုံးဝကိုအဖိုးမဖြတ်နိုင်ပါဘူး ကိုယ်ကိုယ်တိုင်ကြိုးစားခဲ့တာဆိုတော့ တန်ဖိုးလည်းရှိပါတယ် ဒါကိုကျွန်တော်ပီတိဖြစ်မိပါတယ် ။

***    ခုအချိန်မှာ ညီ့ကိုတခြားလူငယ်ဝါသနာရှင်အဆိုတော်လေးတွေက သီချင်းရေးပေးဖို့  ဒါမှမဟုတ် သီချင်းဆိုပေးဖို့ ကမ်းလှမ်းလာရင်ကော ညီ့အနေနဲ ဘယ်လိုလုပ်ပေးဖြစ်လဲ …

^^^    အရမ်းကောင်းတဲ့မေးခွန်းလေးပါပဲ ။ ကျွန်တော်ကတေးရေးတစ်ယောက်ဖြစ်ဖို့ ကို ပိုအားသန်တဲ့အတွက် သီချင်းတွေကို ဆိုတာထက်အများဆုံး ပိုရေးဖြစ်ပါတယ် ။ သီချင်းရေးပေးဖို့  ကမ်းလှမ်းလာခဲ့တဲ့သူတွေကို 

            ကျွန်တော်ရေးထားပြီးသား သီချင်းလေးတွေကို ချပြကြည့်တယ် ။ အဲ့ဒီခံစားချက် သီချင်းလေးတွေကို မကြိုက်ဘူးဆိုရင် သူတို့ ရဲ့ ရင်တွင်းခံစားချက်လေးကို မေးဖြစ်ပါတယ် ။ သူတို့ ခံစားချက်နဲ့ ကိုက်ညီမယ့်

            သီချင်းလေးတွေကိုပဲ ရေးပေးဖြစ်ပါတယ် ။ အဓိကကတော့ ကျွန်တော့်ဆီကို သီချင်းအပ်တဲ့သူတွေ စိတ်ချမ်းသာဖို့ ကိုပဲ ကျွန်တော်ရည်ရွယ်ပြီး ရေးပေးဖြစ်တာပါ သူတို့ တွေကျွန်တော်ရေးပေးတဲ့ သီချင်းလေး

            တွေနဲ့  အဆင်ပြေ အောင်မြင်သွားတယ်ဆိုရင်ကိုပဲ ကျွန်တော်ပီတိဖြစ်မိနေတာပါ ။

***    ညီ့ရဲ့တစ်ကိုယ်တော်အခွေထွက်ဖို့ ရှိတယ်လို့ သိရတယ် အဲ့ဒါလေးကောပြောပြပေးပါလား ဘယ်သူတွေပါမယ် ဘယ်လိုသီချင်းအမျိုးအစားတွေ ဘယ်တော့လောက်ထွက်မလဲဆိုတာပေါ့

^^^    ဘယ်သူတွေပါမယ်ဆိုတာကတော့ သိပ်အတိအကျပြောလို့ မရသေးပါဘူး သေချာတာကတော့ ခုနည်းနည်းနာမည်ရနေတဲ့ အဆိုတော်သစ်တွေပါမယ် နာမည်ကြီးအဆိုတော်တွေလဲသုံးမယ် ပြီးတော့ သီချင်း

            အမျိုးအစားတွေကတော့ အစုံပါပဲ ကျွန်တော်ကအစကတည်းက လိုင်းစုံတော့ Rock , R & B , POP , Hip Hop ဒီအမျိုးအစားထဲကပဲဖြစ်ပါမယ် ။ ဘယ်တော့လောက်ထွက်မလဲဆိုတာကတော့ ကျွန်တော်ခု

            အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ပြင်ဆင်နေပါတယ် ။ တချို့ သီချင်းလေးတွေလဲအပြီးသတ်နေပါပြီ အခွေအတွက်ပေါ့ ။ အချိန်ကတော့ အတိအကျကြီးပြောလို့ မရသေးပါဘူး ထွက်ခါနီးအချိန်ကျရင်

            ကျွန်တော်ကြေငြာပေးမှာပါ ။

***      ညီ့ရဲ့ သော်ဇင် ဆိုတဲ့နာမည်လေးက အရင်းပဲလား အနုပညာနာမည်လား

^^^    ကျွန်တော့်နာမည်အရင်းပါပဲ အနုပညာနာမည်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး စာတွေရေးတဲ့အခါတော့ သုဇေရှိုင်း ဆိုတဲ့ကလောင်နာမည်လေး သုံးဖြစ်ပါတယ် ။

***      ညီ့ရဲ့အနုပညာနဲ့ ပတ်သက်ပြီးတော့ခံယူထားတဲ့ ထင်မြင်ချက်လေးကိုလည်း ပြောပြပေးပါဦး ပရိသတ်ကြီးသိအောင်

^^^     ကျွန်တော့်မှာ အနုပညာနဲ့ ပတ်သက်ပြီးခံယူထားတဲ့ ထင်မြင်ချက်လို့ ပြောရမလား ၊ ခံယူချက်ဆိုရင် ပိုမှန်မယ်ပေါ့နော် ကျွန်တော်ရေးတဲ့သီချင်းလေးပဲဖြစ်ဖြစ် ဆိုတဲ့သီချင်းလေးပဲဖြစ်ဖြစ် ပရိသတ်နှစ်သက်

             လက်ခံလာပြီးတော့ သဘောကျနှစ်ခြိုက်ဖို့ နဲ့  ကျွန်တော့်သီချင်းလေးတွေကိုနားထောင်ပြီး စိတ်ခံစားမှုလေးတစ်မျိုး ၊ အသိတစ်မျိုး တိုးစေချင်တာပါ ။ ဒါကတော့ ကျွန်တော်ခံယူထားတဲ့ ခံယူချက်ပါ ။

***      ညီ့ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှု အခြေအနေလေးလဲ သိချင်ပါတယ် ။

^^^     ကျွန်တော့်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုကတော့ သိပ်မရှိသေးပါဘူး ။ ကျွန်တော့် သီချင်းအခွေအတွက်ပဲလုပ်ဖြစ်နေပါတယ် ။ပြီးတော့ ကျွန်တော့်ဆီကို သီချင်းရေးပေးပါလို့  လာပြီး

             အပ်ထားတဲ့ညီငယ်လေးတွေ အကိုကြီးတွေကို ရေးပေးဖြစ်နေပါတယ် ။

***    ပရိသတ်ကိုပြောချင်တဲ့ ညီ့ရဲ့ရင်ထဲကစကား လေးကိုပြောပြပေးပါဦးနော်

^^^     ပရိသတ်ကို ကျွန်တော့်သီချင်းတွေကို အားပေးပါလို့  အတင်းကြီးမတိုက်တွန်းချင်ပါဘူး ။ အချိန်ရတဲ့အခါ နားထောင်ကြည့်ပါ ။ ခံစားချက်ချင်းတူရင် ကြိုက်သွားပါလိမ့်မယ်လို့ ပြောချင်ပါတယ် ။ ပြီးတော့

             အားလုံးသောပရိသတ်အပေါင်း ကျွန်တော့်ရဲ့ပရိသတ်တွေကော အခြားအခြားသော ပရိသတ်တွေကို ကျန်းမာချမ်းသာကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာ ။

***    ပြီးတော့ ညီ့မှာ ပိုင်ရှင် ရှိပြီလားဆိုတာကော ပရိသတ်တွေသိအောင် ကြေငြာပေးပါဦး ညီလေးလဲ ဂေါ်မစွံသေးရင် အကို့ ရဲ့အင်တာဗျူးလေးကနေ ပိုင်ရှင်ရှာနိုင်တာပေါ့ (နောက်တာနော်ညီ)

^^^    အဲဗျ ။ အကိုကတော့လုပ်ပြီ … ကျွန်တော့်မှာ ပိုင်ရှင်ရှိတာပေါ့ဗျ ။ ကျွန်တော့်ရဲ့ ပိုင်ရှင်က ကျွန်တော့်ရဲ့ ပါပါး နဲ့  မာမား လေ ။ အဲ့ဒါကျွန်တော့်ရဲ့ ပိုင်ရှင်တွေပါပဲ ။ တခြားပိုင်ရှင်တော့ မရှိပါဘူး ။ ငယ်သေးတဲ့

            အရွယ်မှာ သိပ်မစဉ်းစားချင်သေးပါဘူး ။

***    ညီ့အသက်က ၂၀ ရှိနေပြီနော် ခုလို ဆယ်ကျော်သက်အရွယ်မှာ အပိုင်ဖမ်းမထားရင် ငှက်ပျောတုံး ဖက်နေရဦးမယ် ။

^^^    ဟားဟား အကိုကတော့လုပ်ပြီ အဲ့လိုဖြစ်ရင်လဲဖြစ်ပါစေတော့ဗျာ ။ ကျွန်တော်က ပါ မှမဖြူးတာကိုးဗျ ။ (ရယ်လျက်)

***    အခုညီ့ကို နောက်ဆုံးအနေနဲ့ မေးချင်တဲ့မေးခွန်းလေးက ညီအနုပညာတာဝန်ကို ဘယ်အချိန်ထိ ထမ်းရွက်သွားမယ်လို့ ရည်မှန်းထားပါသလဲ ..

^^^    အနုပညာလုပ်ငန်းကို ကျွန်တော်သေတပန်သက်တဆုံးထိ ခံယူသွားပါမယ်လို့  ကျွန်တော် အနုပညာရယ်လို့ သိတတ်စ အရွယ်ကတည်းက ရည်မှန်းခဲ့တာပါ ။

တေးသံရှင်သော်ဇင် သီဆိုထားတဲ့ သီချင်းလေးတွေကို နားဆင်လိုပါက အောက်တွင်နားဆင်နိုင်ပါတယ် ။ Download လုပ်ယူလိုပါကလည်း Download Button ကို Сlick ၍ရယူနိုင်ပါသည် ။

                      နားဆင်ရန်                                      Download

                        လွမ်းလို့                                              ရယူရန်

                     ပေးဆပ်ခြင်း (သို့ ) စွန့် လွှတ်ခြင်း                 ရယူရန်

                         ကပွဲ                                                  ရယူရန်

                        အိမ်ပြန်ချင်တယ်                                   ရယူရန်

                        ချယ်ရီခရီး                                           ရယူရန်

                       အဝေးထွက်မသွားပါနဲ့                             ရယူရန်

                       အလွမ်းသင့်ခဲ့သူ                                    ရယူရန်

 

          ဟုတ်ပါပြီ ။ ချစ်လှစွာသော ပရိသတ်ကြီးရေ ကျွန်တော်ဒီနေ့  မေးမြန်းခဲ့တာကတော့ တက်သစ်စ နာမည်ရနေပြီဖြစ်တဲ့ တေးရေး ၊ တေးဆို နေတဲ့ တေးသံရှင်လေး သော်ဇင် နဲ့ တွေ့ ဆုံကြည့်တာကတော့ အလွန် သဘောကောင်းပါတယ်ဗျာ ။ မာနကြီးတာမျိုးလဲ မရှိဘဲ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ပါတယ် ။ ဒီလို ပွင့်ပွင့်လင်းလင်း တပြေးညီတည်းဆက်ဆံတတ်တဲ့ ညီလေးသော်ဇင် အောင်မြင်မှုပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ ။ ညီလေးသော်ဇင်ကို ဆက်သွယ်လိုပါက thuzayshine@gmail.com ကိုဆက်သွယ်နိုင်ပါတယ် ။

                                                                  ကျော်မင်းထွဋ် (အနုပညာဆိုင်ရာ ဘေလာ့ဂ္ဂါ)

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>