လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတစ်တိုင်ပြည်လုံးကို ကချင်ပြည်နယ်ဖါးကန့်နဲ့မကွေးတိုင်းကံမမြို့မှာလိုဖြစ်နေတဲ့ဘာသာရေးဆိုင်ရာအငြင်းပွားခိုက်ရန်တွေ
မဖြစ်ဖို့ပြောသွားတာကို RFA, သတင်းနှင့် သစ်ထူးလွင်ဝက်ဆိုက်က တစ်ဆင့်ကြားလိုက်၊ ဖတ်လိုက်ရပါတယ်။ဖြစ်စဉ်အမှန်က ကုလား-ဗမာလူငယ်ချင်းတွေခိုက်ရန်ဖြစ်ပွား
တာကစ,လိုက်တာပါ၊ မလိမ္မာတဲ့အစ္စလာမ်ဘာသာဝင် ကုလားမတစ်ဦးက အာဏာပိုင်အဖွဲ့အစည်းနှင့် စည်ပင်အုပ်ချုပ်ရေးမှူးကို အပိုင်ပေါင်းပြီး နင်တို့ကံမမြို့တစ်မြို့လုံး
ငွေနဲ့ပေါက်ဝယ်လို့ရတယ် ဆိုပြီးနေရာမရှောင်ပြောရင်းတော်တော်များများလေလံတွေဝယ်လိုက်တာတွေပါဆက်နွယ်သွားတာပေါ့၊ အဓိကအသွားအလာအနေအထိုင်မတတ်တာက စည်ပင်အုပ်ချုပ်ရေးမှူးပါ။
ကိုးကွယ်တဲ့ဘာသာချင်းမတူပေမဲ့ ကံမမြို့လေးကသေးသေးလေးပါ အချင်းချင်းချစ်ခင်စေခြင်ပါတယ်။
အပြောအဆိုတွေလည်း ဆင်ခြင်စေချင်ပါတယ်။ အထက်အဆင့်အကြီးအကဲတွေကလည်း အကိုင်အတွယ်မတတ်တဲ့
ငွေမျက်နှာကိုကြည့်တတ်တဲ့ စည်ပင်လို ဋ္ဌာနဆိုင်ရာလူကြီးတွေကို ထိထိရောက်ရောက်ဆုံးမပေးစေချင်ပါတယ်။
ဘာမှမဖြစ်ပဲ ငြိမ်းချမ်းနေတာအကောင်းဆုံးပါပဲ။အားလုံးမြန်မာနိုင်ငံသားတွေပါ။