စံလင်း။ ။ သူတို့ ပြောသံ ကြားရသည်။
သယ်ချင်း။ ။ မြန်မာပြည်ကို ချစ်ပါသတဲ့။
စံလင်း။ ။ မြန်မာပြည်ကို ချစ်ပါသတဲ့။
သယ်ချင်း။ ။ သူတို့ပြောသံ ကြားရသည်။
စံလင်း။ ။ ၀မ်းသာလွန်းလို့ ပြုံးမိသည်။
သယ်ချင်း။ ။ အတည်စကား ဖြစ်ပါစေကွဲ့။
စံလင်း။ ။ အတည်စကား ဖြစ်ပါစေကွဲ့။
သယ်ချင်း။ ။ ၀မ်းသာလွန်းလို့ ပြုံးမိသည်။
စံလင်း။ ။ မြန်မာပြည်ကြီး တိုးတက်မည်။
သယ်ချင်း။ ။ ဆက်သွယ်မှု့တွေ ကောင်းတော့မည်တဲ့။
စံလင်း။ ။ ဆက်သွယ်မှု့တွေ ကောင်းတော့မည်တဲ့။
သယ်ချင်း။ ။ မြန်မာပြည်ကြီး တိုးတက်မည်။
စံလင်း။ ။ ဖုန်းအကြောင်းများ ကြားရသည်။
သယ်ချင်း။ ။ နှစ်သိန်းတန်တွေ ချပေးမည်တဲ့။
စံလင်း။ ။ နှစ်သိန်းတန်တွေ ချပေးမည်တဲ့။
သယ်ချင်း။ ။ ဖုန်းအကြောင်းများ ကြားရသည်။
စံလင်း။ ။ သူသူ ငါငါ ၀ယ်ကြသည်။
သယ်ချင်း။ ။ ဧပြီ ၉ မှာ ဆက် ရမည်တဲ့။
စံလင်း။ ။ ဧပြီ ၉ မှာ ဆက် ရမည်တဲ့။
သယ်ချင်း။ ။ သူသူ ငါငါ ၀ယ်ကြသည်။
စံလင်း။ ။ ဧပြီ ၉ မှာ မရပြီ၊
သယ်ချင်း။ ။ လိုင်းဖွင့်မှာက မေလမှာတဲ့။
စံလင်း။ ။ လိုင်းဖွင့်မှာက မေလမှာတဲ့။
သယ်ချင်း။ ။ ဧပြီ ၉ မှာ မရပြီ။
စံလင်း။ ။ တစ်ချို့ဖုန်းတွေ ရနေပြီ။
သယ်ချင်း။ ။ ဆက်သွယ်ရေးက ၀ယ်တဲ့ဖုန်းတဲ့။
စံလင်း။ ။ ဆက်သွယ်ရေးက ၀ယ်တဲ့ဖုန်းတဲ့။
သယ်ချင်း။ ။ တစ်ချို့ဖုန်းတွေ ရနေပြီ။
စံလင်း။ ။ ကဒ်ဈေးကလည်း ရယ်ရသည်။
သယ်ချင်း။ ။ နံပါတ်လှ/မလှ ကွာသွားသည်တဲ့။
စံလင်း။ ။ နံပါတ်လှ/မလှ ကွာသွားသည်တဲ့။
သယ်ချင်း။ ။ ကဒ်ဈေးကလည်း ရယ်ရသည်။
စံလင်း။ ။ သူများပြည်က ဖုန်းကဒ်သည်။
သယ်ချင်း။ ။ တစ်ထောင်လောက်နဲ့ ရနိုင်သည်ပဲ။
စံလင်း။ ။ တစ်ထောင်လောက်နဲ့ ရနိုင်သည်ပဲ။
သယ်ချင်း။ ။ သူများပြည်က ဖုန်းကဒ်သည်။
စံလင်း။ ။ အလကားတောင် ရသေးသည်။
သယ်ချင်း။ ။ စိတ်ကြိုက်နံပါတ် ရွေးယူရခဲ့။
စံလင်း။ ။ စိတ်ကြိုက်နံပါတ် ရွေးယူရခဲ့။
သယ်ချင်း။ ။ အလကားတောင် ရသေးသည်။
စံလင်း။ ။ မြန်မာချစ်သည် ပြောကြသည်။
သယ်ချင်း။ ။ စကားချိုသည် ခေါင်းပုံဖြတ်ခဲ့။
စံလင်း။ ။ စကားချိုသည် ခေါင်းပုံဖြတ်ခဲ့။
သယ်ချင်း။ ။ မြန်မာချစ်သည် ပြောကြသည်။
စံလင်း။ ။ သွေးစုတ်လွန်းတဲ့ ကုန်သည်တွေ။
သယ်ချင်း။ ။ ညှာတာမှု့လေး ရှိစေချင်ရဲ့။
စံလင်း။ ။ ညှာတာမှု့လေး ရှိစေချင်ရဲ့။
သယ်ချင်း။ ။ သွေးစုတ်လွန်းတဲ့ ကုန်သည်တွေ။
စံလင်း။ ။ လုပ်ပိုင်ခွင့်နဲ့ လူကြီးတွေ။
သယ်ချင်း။ ။ ဖြစ်ပျက်နေတာ မြင်အောင်ကြည့်ကွဲ့။
စံလင်း။ ။ ဖြစ်ပျက်နေတာ မြင်အောင်ကြည့်ကွဲ့။
သယ်ချင်း။ ။ လုပ်ပိုင်ခွင့်နဲ့ လူကြီးတွေ။
စံလင်း။ ။ အလိုတူများ ဖြစ်သူတွေ။
သယ်ချင်း။ ။ ပြည်သူတွေကို ညှာတာပါကွဲ့။
စံလင်း။ ။ ပြည်သူတွေကို ညှာတာပါကွဲ့။
စံလင်း။ ။ အလိုတူများ ဖြစ်သူတွေ။
စံလင်း။ ။ ဖုန်းကဒ်ဝယ်ပြီး ဆိုငြီးနေ။
သယ်ချင်း။ ။ ပြည်သူတွေကို သနားပါကွဲ့။
စံလင်း။ ။ ပြည်သူတွေကို သနားပါကွဲ့။
သယ်ချင်း။ ။ ဖုန်းကဒ်ဝယ်ပြီး ဆိုငြီးနေ။
စံလင်း။ ။ ဟေ့ လူတွေ ။
သယ်ချင်း။ ။ ဟဲ့ လူတွေ ။
စံလင်း။ ။ ဟဲ့ လူကြီး။
သယ်ချင်း။ ။ ဟေ့ လူကြီး။
စံလင်း။ ။ ဟေ့လာ သနား ပြည်ချစ်များတို့။
သယ်ချင်း။ ။ ဟေ့လာသနား မြန်မာများမို့။
စံလင်း။ ။ ဟေ့လာ ကြားစေ။
သယ်ချင်း။ ။ ဟေ့လာ ကြားစေ။
စံလင်း။ ။ ဟေ့လာ ကြားစေ။
သယ်ချင်း။ ။ ဟေ့လာ ကြားစေ။
ဟေလာ သူတို့ ကြား ----------- (အားလုံး တစ်ပြိုင်တည်းဆို (အသံပြင်းပြင်းနဲ့အော်)
(နော့်ကို ခင်ကြသော ဒီသံချပ်ကို ကြိုက်ကြသော သယ်ချင်းများအားလုံး အတူတူပျော်ပျော်ပါးပါး ဆိုကြမယ်နော်၊ ဖြစ်တယ် ဟုတ်၊ တားမြစ်မှု့တွေ ကြားကတိုင် တင်လိုက်တာပါ၊ နော်က အသံပျင်းရင် သယ်ချင်းတို့ကလည်း အသံပျင်းရမယ်နော်။ နော်က အသံပြတ်ရင် သယ်ချင်းတို့ကလည်း အသံပြတ်ရမယ်နော်၊ သံချပ် သဘောအတိုင်း ရှေ့ကလူရဲ့ အသံနေအသံထားကို မီအောင် ပီအောင် လိုက်ဆိုရမယ်နော်၊ ဟိ၊ ဆရာလုပ်တာ ဟုတ်ဘူးနော်၊ သံချပ်သံလေး ပီပီပြင်ပြင် ကြားရအောင်လို့ပါ)။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း