Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မေမေ့ လက်ဝါး သားအတွက်အား

$
0
0

မေမေ..

သားဘဝမှာ တန်ဖိုးအထားဆုံ အခွင့်အရေးဟာ မေမေ့ဘေးနားမှာနေပြီး မေမေ့ကို "မေမေ" လို့ မြတ်နိုးစွာနဲ့ ခေါ်လို့ရတဲ့ အခွင့်အရေးပါ။

မေမေ....

သားဘဝမှာ အပျော်ရွှင်ဆုံအချိန်ဟာ မေမေက သားမျက်နှာလေးကိုကြည့်ပြီး " သားသမီးတွေထဲမှာ အချစ်ဆုံးပဲ" လို့ ပြောတဲ့အချိန်ပါ။

မေမေ.....

သားဘဝမှာ အမြတ်နိုးဆုံးနဲ့ တန်ဖိုးအထားဆုံး သံယောဇဉ်အရှိဆုံး လူသားဟာလဲ မေမေပါပဲ.........လို့.......... ကျွန်တော် မေမေ့ကို မေမေလိုအပ်သမျှတွေ အစစအရာရာ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစာချင်လို့....... မေမေကျွန်တော့်ကို ငယ်ငယ်ကပျော်အောင်ထားခဲ့သလို ကျွန်တော်လဲ မေမေ့ကို ဆစ်ခါပြန်ပြီးထားချင်လို့........ ကျွန်တော် ငယ်ငယ်က ကျွန်တော်လိုချင်တဲ့ ကစားစရာတွေ အဝတ်အစားတွေ မှန်သမျှ မရရအောင် ဝယ်ပေးခဲ့သလို အခုလည်းမေမေလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်လောက်အောင် အစွမ်းအစတွေရှချင်လို့

ကျွန်တော်သွားရပါတော့မယ် မေမေ...........

ရှိခိုးဦးချနေတဲ့ ကျွန်တော့်မျက်နှာကို သေသေခြာခြာကြည့်ပြီး ဆုတွေပေးလိုက်ပါဦး......... ပြောချင်ပေမယ့် စကားသံတွေမထွက်တော့ပါဘူး မေမေရယ်........ မေမေလိုတော့ မျက်ရည်မကြပေမယ့် ကျွန်တော့်လည်ချောင်းထဲမှာတော့ ဆို့နင့်နေပါပြီ..........

အဝေးဆုံခွဲခွာ ယူဆောင်သွားတော့မယ့် လေယျာဉ်ပျံကြီးပေါ်တက်ခဲ့ရပါပြီ.........

မငိုပါနဲ့တော့ မေမေရယ်......သား........ကျိန်းသေ မေမေ့ဆီပြန်လာခဲ့မှာပါ.......အဲဒီနေ့တွေကြရင်တော့...... .မေမေ့နားက နောက်တခါထပ်ပြီး ဘယ်တော့မှ ခွဲမသွားတော့ဘူးလို့ ကတိပေးပါတယ် လေယျာဉ်တံခါးပေါက်ရောက်တော့ မေမေရပ်နေတဲ့နေရားလေးကို လှည့်ကြည့်မိတယ်။

မေမေကျွန်တော့်ကို လက်ပြနေတုန်းပါဘဲ။ ကျွန်တော့်တွေးထဲမှာ တဝဲဝဲမြင်ရောင်နေတာ မေမေ့ရဲ့ လက်ဝါးလေးပါ။

မေမေဟာ........

ဒီလက်ဝါးလေးနဲ့ဘဲ......ထမင်းခွံ့ကျွေးဖူးပါတယ်............ရေမိုးချိုးရင်လဲ ဒီလက်ဖဝါးတွေနဲ့ဘဲ အညစ်အကြေးတွေကို ရှင်းပေးခဲပါတယ်........စာရေးတက်ခါစမှာလဲ ဒီလက်ဖဝါးလေးနဲ့ဘဲ ကျွန်တော့်လက်သေးသေးလေးကို ဆုပ်ကိုင်ရင်း လက်ရေးတွေကိုညီအောင် သင်ပေးခဲ့ပါတယ်..........မေမေ့ရင်ခွင်ထဲ ခေါင်းတိုးယှေပြီးချွဲတဲ့အခါလဲ ဒိလက်ဖဝါးလေးနဲ့ဘဲ ကျော်ပြင်ကိုပွတ်သတ်ပြီ ချော့ခဲ့တာပါ.......

ခု........ခွဲခွာရတော့မယ်ဆိုပြန်တော့လဲ ဒီလက်ဖဝါးလေးတွေနဲ့ဘဲ မျက်ရည်ကြားက လက်ပြနှုတ်ဆက်ပြန်ပါပြီ......

သားပြန်လာမှာပါ မေမေ ..........

အဲဒီနေ့တွေရောက်ဖို့ အဝေးတနေရာကနေ မေမေ ဆုတောင်နေသလို ...........သားလဲ တကယ့်ကိုဘဲ လွမ်းဆွတ်ကြေကွဲစွာနဲ့ဆုတောင်းနေပါတယ်....မေမေ.... အချိန်တန်တော့ အိမ်အပြန်လမ်းဟာ မေမေ့ရင်ခွင်မှတပါး အခြားမရှိပါဘူး မေမေ............ တစ်နေ့တော့ 'မေ..........မေ........." လို့ အကျယ်ကြီးခေါ်ပြီး ရင်ခွင်ထဲတိုးဝင်ဖို့ ပြန်လာခဲ့မှာပါ မေမေ.........။ အဲဒီအခါကြရင် ကျွန်တော့်ဘဝတလျှောက်လုံးကို အနန္တမေတ္တာတွေများစွာနဲ့ တယုတယထုဆစ်ခဲ့တဲ့ မေမေ့ရဲ့ လက်ခဝါးလေးတွေကို အရင်ဆုံး ဦးချကန်တော့ခွင့်ကြုံပါရစေ မေမေ............

မေမေ့ရဲ့ လက်ဖဝါးတွေကို ဦးခိုက်ပူဇော်လျှက် အဝေးတနေရာက ...............မေမေသား

(ဆရာတော်အရှင်က္ကုဒ္ဓိပါလ ၏ “ အမေများနေ့အမှတ်တရ ” စာအုပ်မှ ကိုးကားပါသည် ။)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>