အချစ်သည်သေဆုံးတတ်ပါသလား.....
အချစ်သည် သေဆုံးသတ်ပါသည်။ ဒီလိုပြောလိုက်ရင် သင်အနေနဲ့လက်ခံချင်မှလက်ခံပါမည်။ အချစ်သည် အမှန်တကယ်ကို သေဆုံးတတ် ပါသည်။ ကွဲကွာသွားသောချစ်သူစုံတွဲများ၊ ပျက်ဆီးသွားသော အိမ်ထောင်ရေးအပိုင်းအစများကို သင်တွေ့ဖူးမှာပါ..။ သူတို့က အမှန်တကယ် ကိုမချစ်ခဲ့ဘူးလား...ဒါမှမဟုတ် ဘာကြောင့်များပါလိမ့်လို့ သင် အရင်ဆုံးတွေးကြည့်ရအောင်။ သူတို့အမှန်တကယ်ကို ချစ်ခဲ့ပါသည်။ သို့ရာတွင် ထိုချစ်ခြင်းတရားများ သေဆုံးသွားသောအခါ........။
အချစ်သည်မည်သည့်အချိန်တွင်သေဆုံးတတ်ပါသလဲ...။
အချစ်သည် လိုအပ်ခြင်းတွေအပေါ်တွင် အခြေခံတည်ဆောက်ထားပါသည်။ ထိုလိုအပ်ခြင်းများကို သင်ကဖြည့်ဆည်းမပေးနိုင်သောအခါ သို့မဟုတ် သင်မရနိုင်သောအခါတွင် ချစ်ခြင်းသည်ရှင်သန်ဖို့ခွန်အားလျော့သွားပေသည်။
ကွဲကွာသွားသောချစ်သူစုံတွဲများကိုတွေ့ပါက သင်မေးကြည့်ပါ။ သူတို့နှစ်ယောက်ကိုချစ်သူအဖြစ်သတ်မှတ်ဖို့ ဘယ်သူကများအမိန့်ပေးခဲ့ကြ သလဲ...။ သင်ကိုယ်တိုင်ရော ဖြေကြည့်ဖူးသလား....။ သူ့ဖက်စခဲ့တယ်ဆိုရင်တောင် သင့်ကိုဘယ်သူကများလက်ခံခိုင်းခဲ့လို့လဲ...........။ ထိုမေးခွန်းကို မေးခွန်းတစ်ခုနဲ့ဖြေဆိုကြည့်ရအောင်...။ သင်တို့ရှူရှိုက်နေတဲ့လေကို ဘယ်သူများရှူရှိုက်ခိုင်းခံသလဲ....။ သင်တို့ကိုယ်တိုင် လိုအပ်ခြင်းတွေရှိခဲ့လို့ သူ့အလိုလိုဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။ သူ့ဖက်ကလိုအပ်ချက်တစ်ခုနှင့် သင့်ဖက်ကလိုအပ်ချက်တစ်ခုဖြင့်သာတွဲခဲ့ခြင်း ကိုအချစ်ဟု သတ်မှတ်ခဲ့ကြသည်။ အကယ်လို့များ သူ့ဖက်လိုအပ်ချက်တစ်ခု ဒါမှမဟုတ် သူ့ဖက်လိုအပ်ချက်တစ်ခုကို သင်မဖြည့်ဆည်းပေးနိုင်ခဲ့ရင်...ဘာတွေဆက်ဖြစ်လာမလဲ.....။ အချစ်သည်လည်း လိုအပ်ချက်တစ်ခုခုအပေါ်တွင် အခြေခံပြီးဖြစ်တည်လာခြင်းသာ။
တစ်ယောက်နဲ့တစ်ယောက်နဲ့ချစ်လို့လက်ထပ်ပြီးခါမှ ပြိုကွဲသွားသောအိမ်ထောင်ရေးတစ်ခုကို သင်ဘယ်လိုမြင်သလဲ...။
အချစ်သည် ခမ်းနားသောအရာတစ်ခုမဟုတ်ပါ။ သို့ရာတွင် ကြွယ်ဝမှုရှိသည်။ အချစ်တွင် နားလည်မှု၊ ကြင်နာမှု ၊ နွေးထွေးမှု အစရှိသဖြင့် များစွာသောအကြောင်းအရာများဖြင့်ဖွဲစည်းတည်ဆောက်ထားခြင်းဖြစ်သည်။ ထိုကြွယ်ဝသောအရာကို မည်သူကများ ထာဝစဉ်ဖြည့်ဆည်းပေးနိုင်မည်လဲ.....။ ထိုအချိန်မျိုးတွင် အချစ်သည်သေဆုံးရန် ခြေလှမ်းစတင်လှမ်းလာခဲ့သည်။
သင့်ဖက်က လိုအပ်သောထိုအရာများထက် ပိုမိုဖြည့်ဆည်းပေးခဲ့လည်း ပျက်ဆီးသွားခဲ့သည်မှာဘာကြောင့်များပါလိမ့်။
ဖြည့်ဆည်းတိုင်းလည်း အချစ်မဟုတ်သောကြောင့်ပင်။ သင်ပေးဆပ်ခဲ့သောထိုအရာများကို သူ့ဖက်မမြင်ခဲ့ခြင်းထက် မြင်အောင်မကြည့် တတ်ခဲ့ခြင်းပင်ဖြစ်သည်ဟု သင်မှတ်ယူထားပါ။ လူဆိုသည်မှာ ကိုယ့်စိတ်ကိုယ် နားလည် ဖို့ခက်ခဲလှရာ တပါးသူစိတ်ကိုအထူးဂရုပြုဖို့ပင် မဖြစ်နိုင်ပါ။
ထို့ကြောင့် အချစ်ကိုသေဆုံးတတ်တဲ့အကြောင်းအရင်းမှာ နှစ်မျိုးသာရှိသည်။
အချစ်သည် လိုအပ်ခြင်းတရားများ များလွန်းခဲ့ရင် သေဆုံးတတ်သည်။
ထို့အတူ
လိုအပ်ခြင်းများမရှိတော့သည့်အခါတွင်လည်း သေဆုံးတတ်သည်။