+++ချစ်ဂတိ အဖြစ်မရှိဘူးလို့....
မထင်စေချင်ပါ။ မင်းဆင်မြန်းဖို့ မေတ္တာပန်းအတွက်
ယုယဆောင်ကျဉ်း မပျက်မယွင်း
ခုချက်ခြင်း လက်ငင်းရှိရမယ်
(ရက်ကျော်လျှင်လျော်ကြေးပေးပါမည်..)
+++ချစ်သတ္တိ ရှစ်ရပ်မရှိဘူး....
ကိုယ်လူတွင်ကျယ်ပါ။ မင်းအတွက်ရည်မှန်း သစ္စာပန်းခက်
စောင့်ထိမ်းလေရင်း မပျက်မယွင်း
ခုချက်ချင်း လက်ငင်းသိရမယ်
(ရက်ကျော်လျှင်လျော်ကြေးပေးပါမည်..)
+++ချစ်ဋီကာ အပြစ်မညီမညာ....
ဖယ်ခွင်းရှင်းထားတယ် မင်းဘ၀ရွှင်လန်း စဉ်ငြိမ်းချမ်းဖို့
တသက်တာအတွင်း လက်ငင်းအထင်းသားကွယ်
(ရက်ကျော်လျှင် လျော်ကြေး/ ရက်ကျော်ကြေး ပေးရမည်..)
မှတ်ချက်............ချစ်သူရီးစားဘ၀မှကျော်လွန်ကာ အိမ်ထောင်ပြုပြီးသကာလ......
ဝထ္တု မင်္ဂဇင်း DVDအခွေ စသည်ဖြင့်၊အငှားဆိုင်ဖွင့်ရ်ျ
အသက်မွေးဝမ်းကြောင်းပြုနေသော ဇနီးမောင်နှံနှစ်ဦး၏
အချစ်အထ္ထုပ်ပတ္တိဖြစ်ပါသည်.........................။