တန်ဖိုး...ဆိုသည်မှာအဘယ်နည်း။
ကျွန်တော်တို့ နေ့စဉ်တွေကြုံနေရတဲ့ ပတ်ဝန်းကျင်မှာ ထိုစကားမျိုး မိတ်ဆွေ ကြားဖူးမည်ထင်ပါသည်။
တန်ဖိုး ........လူတစ်ယောက်ရဲ့တန်ဖိုး ကို မည်သို့တိုင်းတာမည်နည်း။ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် တန်ဖိုးမ ဖြတ်နိုင်သောအရာများရှိပါတယ်။ထိုအရာများသည် တစ်သက်လုံးအတွက်အဖိုးထိုက်တန်သော အရာများ ဖြစ်မည် ဟုကျွန်တော်ထင်ပါသည်။
အဘယ်ကြောင့်ဆိုသော် မိတ်ဆွေ သင့်အလုပ်အတွက် ၈ နာရီ ချိန်းထားသည်ကို သင်သာ နာရီဝက်ခန့်နောက်ကျသွားလျှင်သင်မှာဆုံးရှုံးမူအနည်းငယ်တော့ဖြစ်သွားနိုင်ပါတယ်။ သင့်ရဲ့ အချိန်တွေကို သင်မှာရှိသောပိုင်ဆိုင်မူတွေနဲ့ ပြန်လည်လဲလှယ်နိုင်ပါသလား။မရနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ် မိတ်ဆွေ။
ဒါသည်ပင် ကျွန်တော်တို့ ကိုယ့်ပိုင် အချိန်ရဲ့ တန်ဖိုးပင် ဖြစ်သည် မိတ်ဆွေ။
အလားတူပင်.......သင်၏မိဘတို့ရှိစဉ်အခါ သင်မမြင်မတွေ့မသိနိုင်ခဲ့ သော မိဘ ရဲ့တန်ဖိုးကို မရှိချိန်မှာ မတမ်းတပဲ ရှိစဉ်အခါပင်အဖိုးထိုက်တန်အောင်လုပ်ဆောင်သင့်ပေသည်။
မိတ်ဆွေ........ကျွန်တော် တို့ ပိုင်ဆိုင်တဲ့ အချိန်တွေကို ဖြုန်းတီးခဲ့ သည်မှာ ကြာပါပြီ။ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းဟာ အချိန်ဖြုန်းခြင်းနဲ့ကုန်ဆုံးခဲ့လေပြီ။
မိမိရဲံတန်ဖိုးကို မိမိကိုယ့်တိုင် မြင့်တင်ရပါမည်။အချိန်နဲ့ တစ်ပြေးညီသွားနေတဲ့ ခေတ်မှာ ကျွန်တော်တို့ နိုင်ငံ ကြီးလည်း နောက်ကျကျန်နေပါပြီ။ ကျွန်တော်တို့ နိုင်ငံ တိုးတက်မှုသည် ကျွန်တော်တို့နဲ့သက်ဆိုင်သလို ပြည်ပရောက် မြန်မာများ၊ပြည်တွင်းရှိမြန်မာများ၊မြန်ပြည်ဖွားသူအားလုံးမှာတာဝန်ရှိပါတယ်။
တစ်ဦးချင်း၊တစ်ယောက်ချင်းတာဝန်သိမှအားလုံးတာဝန်ကျေလာမည် ဖြစ်သည်။အပြုသဘောဆောင်ခြင်း သာဖြစ်သည် ကို နားလည်ပေးစေလိုသည်။
အချိန်ရဲ့တန်ဖိုးကို နားလည်သဘောပေါက်စေချင်သောစေတနာ နှင့်ကျွန်တော်ရေးသားလိုက်ခြင်းဖြစ်ပါသည်။
မည်သူ တစ်ဦး တစ်ယောက်ကိုမျှမရည်ရွယ်ပါ။