မင်းမိသန်. နဲ့ စကား များပြန်ပြီဆို မင်းမောင်......ကျနော်ဖြေဖို.ခက်နေပြီ
အဲဒါထက်ဆိုးနေတယ် နောင် ဟေ....ဘယ်လိုဖြစ်ပြန်ပြီလဲ
သေးသေးကို ချဲ.နေတာလေ... တနေ.ကသူနဲ့ဖုန်းဆက်နေတုံးဧည်.သည်လါလို့
ငါကခဏနော်လို.ပြောတာ...သူကမိန်းမလားယောက်ကျားလားမေးတယ်
ငါလည်းအမှန်တိုင်းမိန်းမပါလို.ပြောတယ်သူကသူ.ထက်အရေးကြီးရင်
သူတို.နဲ့ဘဲပြောဆိုပြီးဖုန်းချသွားတယ်.....မင်းကပြန်မချော.ဘူးလား........
ချော.ပါတယ်ကွာနေ.တိုင်း....ငါဖုန်းပြောရင်နားထောင်တယ်....ပြန်မပြောဘူး
ကြာတော.ငါလည်းငါ.ကိုယ်ငါရှက်လာတယ်....သူကငါ့ရဲ.တောင်းပန်သံ ကို
အရသာခံနေသလိုဘဲ......မင်းစဉ်းစားကြည်.လေငါက ၂၀ ကျော်လူငယ်လေး
မဟုတ်ဘူးလေ လုပ်ငန်းတခုကိုဦးဆောင်နေတဲ့လူတယောက်....
အေး ...မင်းကပြောတာတမျိုး ...ငါ့ညီမ သူသူပြောတာက...
မင်းကမျက်နှာများတယ်တဲ့ ကောင်မလေးတွေနဲ့တွဲတါသူ ခဏခဏတွေ့တယ်တဲ့
ဒါကလည်း နောင် ငါကအလုပ်ကိစ္စနဲ့ပါတ်သက်နေရတါလေ.....
ခဏခဏရှင်းပြနေရတယ် မမခင်နဲ့တုန်းကလည်းဘယ်လောက်
အားနာစရာကောင်းလည်း ငါတို.ကိုငယ်ငယ်ထဲက မင်းကိုနောင် လို.ခေါ်တယ်
ငါ.ကို မောင် လို.ခေါ်တယ် တနေ.ကငါနဲ့မမခင်စကားပြောနေတုန်းသူက
မမခင်ကို ဘာလို. မောင် လို.ခေါ်တာလဲလို.မေးထဲ့လိုက်တာလေ မင်းအမကိုငါ
တော်တော်အားနာတယ် သူ.ကိုပြောတော.စိတ်ဆိုးလည်းမတတ်နှိုင်ဘူးတဲ့
ငါ.ကို မောင် လို. သူ.တစ်ယောက်ထဲခေါ်ခွင်.ရှိတယ်တဲ့..
.ငါဘာလုပ်ရမလဲမသိတော.ဘူး....
.ချစ်သူဘ၀က လုံးဝပျော်စရာမကောင်းဘူး........
ကြည်နူးဖွယ်ရာမကောင်းဘူး....အရှုံးသမားတယောက်လိုအညံ့ခံနေရတယ်..
ဒါကတော.သူက မင်းကို သိပ်ချစ်တာကိုး.....
သူကချစ်တာနဲ့မတူဘူး ..ချုပ်ချယ်တာ ငါ.ကိုနားလည်မပေးတာ...
ဒါနဲ့မင်းက တိုပြီး ဖုန်းမဆက်တော.တာလါး......အေး မဆက်ဘူး...
သူကလည်းဆက်မှာမဟုတ်ဘူးတဲ့ သူသူ ပြောတာ.....မင်းဘာလုပ်မလည်း
မင်းတို.ကဒီလောက်ချစ်နေရက်နဲ. ပြတ်ကြတော.မလား
မတတ်နိုင်ဘူး နောင်...ငါသူ.ဆီကတောင်းဆိုခဲ့တာ..ချစ်ခွင်. တစ်ခုထဲ
ငါပေးလိုက်ရတာယောက်ကျားသိက္ခာ ယောက်ကျားမာန ငါ့ရဲ့လူမှုဆက်ဆံရေး
သူလည်းငါ.ကိုမယုံကြည် မသဒီတော.မှ ငါကဆက်ပြီးဒူးမထောက်တော.ဘူး
တော်လောက်ပြီ နောင်.....ငါတို.ရှေ.ဆက်ရင်ပိုပိုဆိုးလာမယ်....
အေးပါကွာမင်းကပြတ်နေမှတော.ငါမပြောတော.ဘူး...ပြန်မယ်..
အော်..မင်းနဲ့တွေ.ချင်လို.တဲ့...အပြင်မှာလူတယောက်စောင်.နေတယ်....
ဘယ်သူလည်း....မိတ်ဆွေဟောင်းထဲကဖြစ်မှာပေါ့......ငါလွှတ်ပေးလိုက်မယ်နော်.
နောင်ပြောသည်.သူကိုကျနော်စဉ်းစားနေတုန်း ..........
မောင်......
မောင်ပြောတာတွေမိသန်.အကုန်ကြားတယ်...မောင်.ကိုလည်းနားလည်တယ်
နားလည်လွန်းလို.လည်းစိတ်မချတာပါ မောင် ၊ မောင်.ရဲ့ရိုးသားတည်ကြည်မှု
တွေကြောင်. မောင်.ကို မောင်ဖွင်.မပြောခင်ကထဲက
မိသန်.ကချစ်ခဲ့ရတာပါမောင် ရယ် ခုမောင်ရိုးရိုးသားသားခင်နေတဲ့...
မိန်းခလေးတွေရင်ထဲမှာ ဘာဖြစ်နေမယ်ဆိုတာ မိသန့်ကပိုသိပါတယ်မောင်
မိသန်.က မောင်.ချစ်သူလေ ချစ်သူတယောက်မှာသ၀န်တိုခွင်.တော.ရှိရမှာပေါ့
မောင်...ကျမကို သ၀န်တိုခွင်.တော.ပေးပါနော်......
မိသန်. ....ချစ် ...တကယ်ပြောတာနော်..
တို ..တို..ချစ်လို.တိုတာကြိုက်သလောက်တို .
..မိသန်.ကချစ်တယ်ဆိုရင်ရပြီ ..ပေးတယ် ဗျာ သ၀န်တိုခွင်.
ယူစေဗျား............ဟေ. ကောင်မလေးကိုလွှတ်လိုက်....
ဟါးဟါးဟါး..တော်ပြီ ဆို ပြတ်ပြီ ဆို....ခုတော.မလွှတ်တော.ဘူး.....။
ချစ်သူတိုင်း သ၀န်တိုခွင်.ရှိပါသည်။ ။
တတိုင်းမွှေး။ ။
မေးပါရစေနော်..........